SiteLauncher ဆိုတာကတော့ မိမိကြိုက်နှစ်သက်တဲ့ အင်တာနက်ဆိုဒ်တွေ (Google, Facebook, Twitter, etc ..) ကို Keyboard Shortcut သုံးပြီး လျင်မြန်စွာဖွင့်ပေးနိုင်တဲ့ Firefox add-on တစ်ခုပါပဲ။ Bookmark တွေကို shortcut အနေနဲ့ပြောင်းလဲလိုက်တဲ့သဘောလို့လည်း ပြောလို့ရပါတယ်။ ဒီနေရာမှာ ရယူပါ။ ၁။ Install လုပ်ပြီးသွားရင် Firefox ကို restart ပြန်လုပ်ပေးပါ။ ၂။ Launcher ကို ခေါ်ယူအသုံးပြုဖို့အတွက် Ctrl+Space ကို အသုံးပြုပါ။ Launcher screen မှာ Default အနေနဲ့ထည့်ပေးထားတဲ့ site တစ်ချို့ကို တွေ့မြင်နိုင်ပါတယ်။ Screen မှာပါတဲ့ site တွေရဲ့ဘယ်ဘက်ဘေးမှာပါတဲ့ Key အတိုင်း နှိပ်ရုံဖြင့် အဲဒီ site ကိုရောက်ရှိစေမှာဖြစ်ပါတယ်။ ၃။ မိမိစိတ်ကြိုက် ပြန်လည်သတ်မှတ်ချင်တယ်ဆိုရင်တော့ Firefox Menubar မှာပါတဲ့ Site launcher menu ကိုနှိပ်ပါ။ အဲဒီထဲကမှ Manage Shortcuts ကိုနှိပ်ပြီး Shortcut တွေကို စိတ်ကြိုက်ပြန်လည်ပြင်ဆင်နိုင်ပါတယ်။ ၄။ site အသစ်တစ်ခုကို ထပ်ပြီးထည့်ချင်ရင်တော့ browser ရဲ့ address bar မှာ site ရဲ့ လိပ်စာ (eg. twitter.com) ကို အရင်ရိုက်ထည့်ပြီး browse လုပ်ပါ။ site ပွင့်သွားပြီဆိုရင် Site launcher menu ထဲက Shortcut thi...
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ