Skip to main content

Posts

Showing posts with the label sharing

Sharing: စေတနာကောင်းတွေအပြင် အဆုံးအဖြတ်ပေးနိုင်သည့် အင်အားရှိဖို့လိုပါသည်

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက် မှာ မြန်မာ့ယဉ်ကျေးမှုအဖွဲ့(နော်ဝေ) သို့ ဒေါ်အောင်ဆန်းစုကြည်မှ စကား သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီစကားသဝဏ်လွှာကို (ဒီဗွီဘီသတင်းဌာန) က အပြည့်အစုံဖေါ်ပြထုတ်လွှင့်ခဲ့ပါတယ်။ စကား သဝဏ်လွှာမှာဖေါ်ပြထားတဲ့အောက်ပါ အချက်တွေဟာ အရေးကြီးတယ်လို့ ကျနော်ယူဆပါတယ်။ ကောက်နှုတ် ဖေါ်ပြလိုက်ပါတယ်။ - နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ နိုင်ငံရေးအကျဉ်းသားများမိသားစုများရဲ့ဒုက္ခတွေကို တကမ္ဘာလုံးကနေပြီးတော့ သေသေချာချာသိဖို့ ကျကျနနလုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ - ဒုတိယပင်လုံအောင်မြင်ဖို့ဟာ နားလည်မှုလွဲမှားတာတွေ ပပျောက်သွားအောင် လုပ်ပေးဖို့လိုပါတယ်။ ဒုတိယပင်လုံဆိုတာ စင်ပြိုင်လွှတ်တော်မဟုတ်ပါဘူး၊ စင်ပြိုင်အစိုးရလည်း မဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှ စင်ပြိုင်ချင်တဲ့ စိတ်နဲ့ လုပ်တာမဟုတ်ပါဘူး။ တိုင်းရင်းသားများ တကယ့်ကို ပြည်ထောင်စုစိတ်ဓါတ်နဲ့ ညီညီညွတ်ညွတ်လုပ်ဆောင်သွားဖို့ အတွက် ကျင်းပမယ့် ဒုတိယပင်လုံဖြစ်ပါတယ်၊ - အခုဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ အင်မတန်အရေးကြီးတဲ့ အခြေအနေ တခုကို ရောက်နေပါတယ်။ ကျမတို့ဟာ လမ်း ၂သွယ်က နေပြီးတော့ လမ်းတသွယ်ကို ရွေးရမှာဖြစ်ပါတယ်။ - လမ်းတသွယ်က အများပါဝင်နိုင်တဲ့လ...

Invitation to Burma Conference on SPDC 2008 Constitution & its Consequences

We have the pleasure to cordially invite you and your company to attend the Seminar- to discuss the unilaterally adopted junta’s 2008 constitution and its consequences -in London, UK. The Constitution will also be discussed from the aspect of seeking criminal accountability and ending impunity in Burma, in line with the guidelines provided for in the Assembly of State Parties to the International Criminal Court, held in The Hague, the Netherlands, on November 16-26, 2009. Speaker: U Aung Htoo General Secretary Burma Lawyers’ Council (BLC) Date: 19.12.2009 (Saturday) and 20.12.2009 (Sunday) Time: 12:00 to 17:00 hour both days Venue: London South Bank University (LSBU), London Road London SE1 0AA Room: Castle Lecture Theatre Travel Guide: Waterloo and London Bridge are some of the nearest Over ground stations and the Elephant & Castle is the nearest London Underground station. Background: Daw Aung San Suu Kyi, Democratic and Ethnics groups say “NO” to 2008 constitution...

Sharing: အပရိဟာနိယ တရားခုနှစ်ပါး

သုတ်မဟာဝါ ပါဠိတော် မဟာပရိနိဗ္ဗာနသုတ်၌ မြတ်စွာဘုရားသည် လိစ္ဆဝီမင်းသားတို့အား အကြောင်းပြု၍ အပရိဟာနိယ တရားခုနှစ်ပါးကို ဟောကြားတော်မူသည်။ ထိုအပရိဟာနိယတရားတို့ကား ... စည်းဝေးတိုင်ပင်ခြင်း အညီအညွတ်ဆောင်ရွက်ခြင်း ဥပဒေအတိုင်းကျင့်ခြင်း လူကြီးသူမတို့၏ အဆုံးအမ၌ တည်ခြင်း အမျိုးသမီးအား မနှိပ်စက်ခြင်း မြို့စောင့် ရွာစောင့်နတ်တို့အား ပူဇော်ခြင်း ရဟန္တာတို့အား စောင့်ရှောက်ခြင်း ဟူ၍ ဖြစ်လေသည်။ အပရိဟာနိယသည် မဆုတ်မယုတ် မပျက်မစီးနိုင်ခြင်းဟူ၍ အဓိပ္ပာယ်ရှိသည်။ ထို့ကြောင့် အပရိဟာနိယတရားကို တိုးတက်ရေးတရား ဟု ဆိုရမည်ဖြစ်သည်။ ထို တိုးတက်ရေးတရားတို့တွင် သန္နိပါတ တည်းဟူသော စည်းဝေးခြင်း၊ သမဂ္ဂ တည်းဟူသော အညီအညွတ်ဆောင်ရွက်ခြင်း၊ ပညတ္တတည်းဟူသော ဥပဒေပညတ်၍ အုပ်ချုပ်ခြင်းတို့သည် ယခုခေတ်၌ ဒီမိုကရေစီဟုခေါ်သော တရားတို့၏ အနှစ်သာရများဖြစ်လေသည်။ မြန်မာသစ်မဂ္ဂဇင်း (စက်တင်ဘာ ၂၀၀၉) ယောမင်းကြီး ဦးဖိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း (မောင်ထင်) မှ ကောက်နုတ်ချက် တစ်ချို့ ဖြစ်ပါသည်။

Sharing: လူထုဒေါ်အမာ မကွယ်လွန်မီ ၈ လ အလိုက ပြောခဲ့တဲ့စကား

ဒို့ ဗမာပြည်မှာ လက်ရှိ ဒီ အုပ်ချုပ်ရေးမျိုးနဲ့ တသက်လုံး မသွားနိုင်ဘူး။ သွားလို့ရမှာ မဟုတ်ဘူး။ ဒီ ဗမာပြည်ကြီးက အင်္ဂလိပ် ဗြိတိသျှလက်အောက်၊ ဂျပန်လက်အောက်တွေမှာလည်း ကျွန်ခံခဲ့ဖူးတယ်။ ဖ.ဆ.ပ.လ တို့၊ မ.ဆ.ပ.လ တို့လို အုပ်ချုပ်ရေးတွေလည်း ရင်ဆိုင်ခဲ့ရဖူးတယ်။ အဲဒီခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာ သူတို့ ခိုင်မြဲတယ်ဆိုသလောက်၊ ဒီမိုကရေစီ ပေးခဲ့ကြတယ်။ ဥပမာ ... အင်္ဂလိပ်တွေဟာ သူတို့ခိုင်မြဲတယ် ထင်သလောက် ၆၀ ကျပ်သား၊ ၇၀ ကျပ်သား ပေးခဲ့တယ်။ အဲဒါကြောင့် ဒီမိုကရေစီရဲ့ အရသာ ဘယ်လောက်ပေးရင် ဘယ်လောက်ခံစားရတယ်ဆိုတာကို သိလာခဲ့တယ်။ သိလာတော့ တိုးရအောင်လည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်က တိုက်ယူတတ်ခဲ့တယ်။ အခုလို ဘယ်လောက်သားမှ မပေးခဲ့ဘဲ ဖိနှိပ်တာမျိုးကိုတော့လည်း အကြာကြီး ခံနိုင်ကြမှာ မဟုတ်ဘူး။ ဒို့မှာ ၁၉၈၈ ခု အရေးတော်ပုံအတွေ့အကြုံမျိုးကလည်း ရသင့်သလောက် ရခဲ့တယ်။ တန်ဖိုးရှိ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတွေလည်း ထွက်ပေါ်လာခဲ့တယ်။ အဲဒါကြောင့် ဒီအုပ်ချုပ်ရေးမျိုးက အတိုင်းအတာ တခုအထိသာ ခံလိမ့်မယ်။ အတိုင်းအတာမရှိ ခံနေလိမ့်မယ်လို့ မထင်နဲ့။ လက်ရှိ ဒီကမ္ဘာကြီးကလည်း လုံးလုံး ပိတ်ဆို့ထားလို့ ရတာတော့ မဟုတ်ဘူး။ ဆက်သွယ်ရေး သတင်းနည်းပညာခေတ်ကြ...

Sharing: ဂုဏ်ယူလျှက်ပါ အမေစု

ကမ္ဘာပေါ်က အတွေးအခေါ်ရှင် ၁၀၀ မှာ ထိပ်တန်း ပါဝင်သူတဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက ထုတ်ဝေတဲ့ Foreign Policy နိုင်ငံခြားရေးရာ မဂ္ဂဇင်း က ဖော်ပြလိုက်ပါတယ်။ အမှောင်ကျနေတဲ့အရပ်မှာ မျှော်လင့်ချက်တစ်ရပ်အဖြစ် သက်ရှိထင်ရှားနေတဲ့ သင်္ကေတပိုင်ရှင်အဖြစ် ကမ္ဘာ့တွေးခေါ်ရှင် ၁၀၀ စာရင်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။ ဒီဇင်ဘာလအတွက် ထုတ်ဝေတဲ့ မဂ္ဂဇင်းရဲ့ နှစ်လည် အထူးထုတ်မှာ ဒီစာရင်းကို ဖော်ပြထားတာဖြစ်ပြီး အမေရိကန် ဗဟိုဘဏ် ဥက္ကဌဖြစ်တဲ့ Mr. Frank Bernake ကို စီးပွားပျက်ကပ်အသစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်သူအဖြစ် နံပါတ် ၁ မှာ ဖော်ပြထားပါတယ်။ နံပါတ် ၂ ကတော့ ကမ္ဘာပေါ်က အမေရိကန်နိုင်ငံရဲ့ အခန်းဂဏ္ဍကို ပြန်လည်မြှင့်တင်ခဲ့သူအဖြစ် အမေရိကန်သမ္မတ Mr. Barack Obama ကိုဖော်ပြထားပါတယ်။ မဟတ္တမ ဂန္ဒီနှင့် ဗုဒ္ဓဘာသာအခြေခံစည်းမျဉ်းဖြစ်တဲ့ အကြမ်းမဖက်ရေးလမ်းစဉ်နဲ့ မြန်မာစစ်အစိုးရကို အတိုက်အခံ လှုပ်ရှားခဲ့ပြီး အနှစ် ၂၀ အတွင်း ၁၄ နှစ် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖော်ပြချက်မှာ ရေးသားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၉၀ ပြည့်နှစ် မိန့်ခွန်းတရပ်မှာ ကြောက်ရွံ့စိတ်ဟာ နေ့စဉ် လူနေမှုလက္ခဏာ တရ...

မြန်မာပြည်အလွမ်းပြေ သီချင်းများနှင့် ငပိရည် အရှုပ်တော်ပုံ

မြန်မာပြည်အလွမ်းပြေ သီချင်းဟောင်း သီချင်းကောင်းလေးတွေကို Oxford မှာ ပြုလုပ်မည့် Culture Show အတွက် ရှာဖွေရှင်း ရရှိခဲ့ပါတယ်။ သီချင်းတွေ ကူပြီးရှာဖွေပေးတဲ့ မရှင်မင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ တကယ်တမ်းတော့ အဲဒီသီချင်းတွေက ကျွန်တော်တို့ ငယ်ငယ်တုန်းက နားယဉ်ခဲ့ဖူးပြီးသား သီချင်းလေးတွေပါ။ Come To Myanmar ဆိုတဲ့သီချင်းလေးကတော့ အန်တီနွဲ့ယဉ်ဝင်း ရေးစပ်ထားတာဖြစ်ပြီး နွဲ့ယဉ်ဝင်း၊ စိမ်းမို့မို့၊ ဟေမာနေဝင်း၊ သန္တာဦး၊ မီမီဝင်းဖေ နှင့် ပိုးဒါလီသိန်းတန်တို့ သီဆိုထားပါတယ်။ English Version ရော မြန်မာ Version ရောပါပါတယ်။ နောက်နှစ်ပုဒ်ကတော့ အေးချမ်းမေရဲ့ လှမ်းလာခဲ့ပါ ပြည်မြန်မာ နှင့် ချိုပြုံးရဲ့ အလှကမ္ဘာ တို့ပဲဖြစ်ပါတယ်။ သီချင်းအားလုံး လေးပုဒ်ဖြစ်ပြီး ဒီနေရာမှာ ဒေါင်းလုပ်ရယူပါ။ မြန်မာပြည် ... တောတောင်ရှူ့ခင်းတွေနဲ့ ဝင်းဝါတဲ့စပါးခင်းရယ် ... သဘာဝ အလှအပတွေခြယ် စာသားလေးတွေကြားလိုက်ရုံနဲ့ မြန်မာပြည်ကို ချက်ချင်းသတိရလွမ်းဆွတ် သွားစေပါတယ်။ နိုင်ငံခြားရဲ့ မြို့ပြတွေမှာ မြင်တွေနေကျ မြင်ကွင်းတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ဝင်းဝါနေတဲ့ စပါးခင်းတွေဟာ တကယ့်ကိုပဲ မြန်မာပြည်ရဲ့ Trade Mark တစ်ခုလိုပါပဲဗျာ။ မိတ်ဆွေတစ်ယောက်ရဲ...

Sharing: သတင်းစာဆရာနှင့် နိုင်ငံရေး - မောင်ဝံသ

(၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ထုတ်၊ Popular News ဂျာနယ်မှာဖော်ပြထားတဲ့ ဆရာမောင်ဝံသရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ စာနယ်ဇင်း သမားနဲ့နိုင်ငံရေး ဆက်စပ်နေပုံလေးနဲ့ သတင်းစာ ဆရာများဟာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ရေးတဲ့အခါ ဘက်လိုက်သင့် မသင့် ဆိုတာကို စဉ်းစားနိုင်ဖို့မျှဝေပေးလိုက် ပါတယ်။ ) နိုင်ငံတကာ နိုင်ငံရေး ခေါင်းဆောင်များနဲ့ နိုင်ငံရေး ပညာရှင်များရဲ့အဆိုအမိန့်များထဲက ကောင်းနိုးရာရာ လေးတွေကို ရွေးချယ် ရေးသားပြီးအပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်မှာ ဖော်ပြနေပါတယ်။ တစ်နေ့ကတော့ အဆိုအမိန့် တစ်ခုကို ဘာသာပြန်ရင်း ကျွန်တော် အတော်လေး သဘောကျပြီး ပြုံးမိပါတယ်။ "Becoming a politician is the only step down I could take from being a journalist." ~ Jim Hightower နိုင်ငံရေးသမား ဖြစ်လာတာဟာ ကျွန်တော့်အနေနဲ့ သတင်းစာဆရာ ဖြစ်ဖို့ကနေ အောက်တစ်ဆင့်ပဲ လျှော့ထားတာ။ (ဂျင် ဟိုင်းတာဝါ) သူ ဆိုလိုတာက တကယ်ဖြစ်ချင်တာ သတင်းစာဆရာ။ သတင်းစာဆရာ ဘဝကို မရောက်ခင် တစ်ထစ်ပဲ လျှော့ပြီး ခံယူမယ့် ဘဝကတော့ နိုင်ငံရေးသမား ဘဝကတော့ နိုင်ငံရေးသမား ဘဝပါပဲတဲ့။ ဟိုင်းတာဝါ (၁၉၄၃ ဖွား) ဟာ ဆင်ဒီကိတ် ကော်လံ ဆောင်းပါးရှင်၊ လစ်ဘရယ် ဝေဖန်ရေးဆရာ၊ေ...

Sharing: ရှေးကထင်ရှားတဲ့ ဘုရင်တွေလို ဖြစ်ချင်တာပေါ့

ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Christian Solidarity Worldwide (CSW) ၏ ဒုတိယ ဥက္ကဌ Benedict Rogers ပြုစုရေးသားသော မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတ္ထုပ္ပတ္တိ အကြောင်း Than Shwe: Unmasking Burma's Tyrant အမည်ရှိ စာအုပ်နှင့်ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ဇာနည်မာန်က Benedict Rogers အား ဆက်သွယ်မေးမြန်းထားသည်များကို တစ်ဆင့် ပြန်လည်မျှဝေလိုက်ပါတယ်။ မေး ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတ္ထုပ္ပတ္တိ အကြောင်းကို ရေးဖြစ်တဲ့ အကြောင်းလေး သိပါရစေ။ ဖြေ ။ ။ US Campaign for Burma က Jeremy Woodrum နဲ့အတူ ရေးတာပါ။ ကမ္ဘာတ၀န်းက အခြားသော အာဏာရှင် တွေဖြစ်တဲ့ ကင်မ်ဂျုံအီးလ်၊ ဆာဒန် ဟူစိန်၊ မူဂါဘီ စတဲ့သူတွေရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ တွေက ရှိပေမယ့် မြန်မာပြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းကကျတော့ မရှိသေးတာနဲ့ ကျနော်တို့ နှစ်ယောက်က အဲ့ဒါကို ရေးဖို့ စိတ်ကူးရမိတာပါ ။ အာဏာရှင်တွေရဲ့အကြောင်းကို ဖော်ပြတာဟာလည်း အဲ့ဒီသူတို့ အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ ဘယ် လိုတွေဖြစ်နေတယ် ဆိုတာကို ပြောပြတဲ့ နည်းလမ်းကောင်းတခုပဲလို့လည်း မြင်တယ်လေ။ အဲ့ဒါကြောင့် ကျနော်တို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အ...

Sharing: သူငယ်ချင်း

ဒီပို့စ်လေးက ကျွန်တော်ရေးတဲ့ စာသားတွေ မဟုတ်ပါဘူး။ ပြေခိုင်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် မေးလ်ကနေ ပို့ပေးထားတာပါ။ လူတိုင်း လူတိုင်းမှာ သူငယ်ချင်း၊ မိတ်ဆွေဆိုတာ ရှိပါတယ်။ ဒါပေမဲ့ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းကတော့ လူတိုင်းမှာ မရှိပါဘူး။ ဒီပို့စ်လေးအတွက် ပြေခိုင်ကို အထူးကျေးဇူးတင်ပါတယ်။ ကိုယ့်ဘဝမှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ? ကိုယ်နဲ့ အခုမှ ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား …? ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။ ကံတရားက ဆန်းကြယ်တယ်။ ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ့်ဆီ အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ချစ်သူရီးစားပဲ ဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ် တွေ့တုန်း၊ ဆုံတုန်း သူတို့ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့ လိုပါလိမ့်မယ်။ ကံပါလို့ ...

တို့ရဲ့မန်းမြေမှာ

ရွှေမန်းမြေ သာပေရဲ့လား။ တို့ဌာနေ ကျုံးရေ အလှနဲ့ သာပေစွ တကား။ ရွှေမန်းမြေ စည်ပေရဲ့လား။ တို့ရဲ့မြေ ၀ါရွှေ အလှနဲ့ စည်ပေစွ တကား။ ရွှေမန်းမြေ ဖြိုးဝေရဲ့လား။ တို့မန်းမြေ အိမ်ခြေ အလှနဲ့ ဖြိုးဝေစွ တကား။ ရွှေမန်းမြေ ခါတစ်ခေါက် လာရောက်လို့ လည်လှည့်ပါ။ ဘ၀င်မှာ ကြည်ရွှင်လန်းလို့ မြင်ဆန်းစေမှာ။ တို့ရဲ့ မန်းမြေမှာ သာသနာ ကွန့်မြူး။ တို့ရဲ့ ဌာနေမှာ မြင်မြင်တကာ ကြည်နူး။ ရှေးအမွေ နန်းပြသာဒ်တို့ သပ်ရပ် တင့်ထူး။ ။ သိပ္ပံ စိုးမြင့်နိုင် အတွဲ ၄၁၊ အမှတ် (၁)၊ မြ၀တီ မဂ္ဂဇင်း ၁၉၉၂ နိုဝင်ဘာလ ကဗျာလေးကိုဖတ်ပြီး မန္တလေးကျုံးကြီးအကြောင်း၊ အိမ်ခြံမြေတွေအကြောင်း နှင့် သာသနာအကြောင်း နည်းနည်းရေးချင်လာတယ်။ အုတ်တွေမခင်းမှီ အရင် ကျုံးကြီးကတော့ မျက်စိထဲမှာ ပိုပြီး ကြည့်လို့ကောင်းသလိုပဲ။ အုတ်တွေခင်းလိုက်တာ မျက်စိထဲမှာ ကြည့်ရတာ တစ်မျိုးဖြစ်သွားတယ်။ ဘာပဲပြောပြော ကျုံးကြီးနဲ့ မန္တလေးတောင်ကြီးကို (၂၆ဘီလမ်း ဒေါင့်ကနေ) တွဲဖက်ပြီး မြင်ရတဲ့ မြင်ကွင်းက စိတ်ကြည်နူးသွားတာ အမှန်ပဲ။ အုတ်ခင်းတယ်ဆိုတာ ခေတ်မီပေမဲ့ ရှေးဟောင်းအမွေအနှစ်တွေကိုတော့ အုတ်တွေနဲ့အစားထိုး ပြုပြင်လိုက်တာဟာ လုံးဝ မှားတယ်လို့ ထင်တယ်။ ဥပမာ ... ဥ...

ဝါဆိုလပြည့်နေ့ (သို့) လမြတ်ဝါဆို

ဒီနေ့ဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ ၀ါဆိုလပြည့်နေ့ ဖြစ်ပါတယ်။ အမြတ်ဆုံးလပြည့်နေ့လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ၀ါဆိုလပြည့်ကိုမှ ဘာကြောင့်အမြတ်ဆုံးလို့ ခေါ်ဆိုလဲဆိုတာကို ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တိုင်း လေးနက်စွာသိထားသင့်ပါတယ်။ ကျွန်တော်တို့၏မြတ်ဗုဒ္ဓနှင့်ပက်သက်သော အောက်ပါနေ့ရက်များသည် ၀ါဆိုလပြည့်နေ့တွေမှာချည်း ဖြစ်တည်ခဲ့သောကြောင့် ဖြစ်သည်။ (၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့) (၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့) (၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့) (၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့) (၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့) via : http://www.theravada-3p.org/knowledge-book.htm

ဗိုလ်ချုပ်ပြောတဲ့ ခေါင်းဆောင်ဆိုတာ

ယောင်္ကျားပီပီ တိုင်းပြည်တစ်ခုလုံး၏ ခေါင်းဆောင်လုပ်မည်ဆိုလျှင် တိုင်းပြည်မှာ အဆိုးဆုံးတစ်ခုတွေ့လာလျှင် ကိုယ်က ရှေ့ကနေ သွားရမယ်။ အကောင်းဆုံးတစ်ခုကို တွေ့လာလျှင်လည်း ကိုယ်ကနောက်မှာ နေရမယ်။ ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်အောင်ဆန်းပြောသည့် စကားဟာ မှန်နေပြီ။ အဆိုးဆုံးကိုတွေ့တော့ ရှေ့ကသွားတဲ့ ဗိုလ်အောင်ဆန်းဟာ သေရှာပြီ။ အကောင်းဆုံးကိုတွေ့တော့လည်း ဗိုလ်အောင်ဆန်းဟာ နောက်ချန်နေရစ်ခဲ့ပြီ။ ဦးစပ်စု (ခ) အောင်ခေချောင်း ဆရာ ဦးအောင်သင်းရဲ့ "မျိုးဆက်သစ် တိုးတက်ရစ်ဖို့ (၃)" ထဲက မှတ်သားဖွယ်ရာ စာသားလေးတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းဟာ အတုယူမှတ်သားဖွယ်ကောင်းသလို ဦးစပ်စုရဲ့ မှတ်ချက်လေးတွေဟာလည်း တကယ့်ကို လွမ်းမောဖွယ်ကောင်းလှပါတယ်။ အခုခေတ် ခေါင်းဆောင်တွေများ ... ။

Common Colors and Their Most Common Meanings

Web Design မှာ Colour အသုံးပြုပုံနှင့် ပက်သက်တဲ့ Article တစ်ခုကိုဖတ်ရင်း အရောင်တွေနဲ့ သူတို့ရဲ့ စိတ်ဝင်စားဖွယ်ရာ အဓိပ္ပာယ်ဖော်ပြချက်တွေကို မှတ်စုသဘောမျိုး ဘလော့မှာ မှတ်ထားရင်း ပြန်လည် မျှဝေလိုက်ရပါတယ်။ Red energy, passion, excitement, power; also implies aggression, danger Blue coolness, spirituality, freedom, patience, loyalty, peace, trustworthiness; can also imply sadness, depression Yellow light, optimism, happiness, brightness, joy Green life, naturalness, restfulness, health, wealth, prosperity; in certain contexts, can imply decay, toxicity Orange friendliness, warmth, approachability, energy, playfulness, courage Violet wisdom, sophistication, celebration White purity, cleanliness, youth, freshness, peace Black purity, cleanliness, youth, freshness, peace Gray security, maturity, reliability Pink romance a feminine color Brown romance a feminine color Via : Avangate

How Microsoft Windows 7 Got Its Name

Microsoft ကနေ Window Vista ထွက်လာပြီးတော့ အခု Window 7 ထပ်ထွက်လာပါပြီ။ Version တွေကလည်း ဘယ်လိုလဲပေါ့ ... 6 ပြီးတော့ 7 လာရမည့်ဟာ အခု Vista ပြီးတော့ 7 :-? ကျွန်တော်လည်း အစက နားမလည်ဘူး။ ဒါပေမဲ့ အောက်ပါ ပို့စ်တစ်ခုကို ဖတ်လိုက်တော့မှ ရှင်းသွားတော့တယ်။ One . The very first release of Microsoft Windows: Windows 1.0 Two . The second release of Microsoft Windows: Windows 2.0 Three . The third release of Microsoft Windows (3.0, 3.1): Windows 3.0 Four . The fourth release of Microsoft Windows was Windows 95, code named Windows 4.0 Five . Then, Windows 2000 was code named Windows 5.0, with Windows XP known as Windows 5.1 Six . The release of Windows Vista was code-identified as Windows 6.0 Seven . So, the next release of Windows will be called publicly and internally “Windows 7“. -- Keith Via : great documents

အပေးအယူ

ကျွန်တော်တို့ လောကကြီးထဲ လူဖြစ်စဉ်ခဏမှာ သတိမေ့နေတာလေးတွေပါ။ ဒီလူကွာ အရမ်းချမ်းသာတယ်။ သူ့လို ချမ်းသာပြီး ပြည့်ပြည့်စုံစုံနေနိုင်ရင် သိပ်ကောင်းမှာပဲ။ ကားကလည်း အကောင်းစားကြီး။ အိမ်ကြီးကလည်း ဟီးလို့။ ရွှေတွေ ၀တ်ထားတာကလည်း ၀င်းအိလို့။ လကုန်လို့ payslip ကြည့်လိုက်ရင် ဂဏန်းလေးတွေကလည်း လှနေတာပဲ။ ကျွန်တော်အပါအ၀င် လူတစ်ချို့ တစ်ခါတလေမှာ ထိုကဲ့သို့ ငြီးတွားတတ်ကြပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံး တစ်ချက်ကို ကျွန်တော်တို့ မေ့နေကြတယ်။ အဲဒါကတော့ အပေးအယူပါပဲ။ သူတို့တွေချမ်းသာနေတာ အဆင်ပြေနေတာတွေကိုပဲ မြင်ပြီး သူတို့ အဲလို ဘ၀မျိုးရောက်အောင် ဘယ်လိုကြိုးစားခဲ့ရတယ်။ ဘာတွေပေးဆပ်ခဲ့ရတယ် ဆိုတာကို အမေ့ကြီးမေ့နေမိတယ်။ အောင်မြင်မှုဆိုတဲ့ အသီးအပွင့်ကောင်းတွေကို ရဖို့အတွက် ပေးဆပ်ခြင်းဆိုတဲ့ မျိုးစေ့တွေ၊ မြေသြဇာတွေကို သူတို့ ကြဲခဲ့ရတယ် မဟုတ်လား။ ဒါနဲ့ ဆက်စပ်ပြီး ကျွန်တော်တွေ့ကြုံခဲ့တာလေးကို မျှဝေပါဦးမယ်။ UK မှာရှိတဲ့ တစ်ချို့ ပျော်ပွဲရွှင်ပွဲလုပ်တဲ့နေရာတွေမှာ ရှာထိုး ဦးထုပ်ဆောင်းပြီး ၀င်ခွင့် မရှိဘူး။ ဒါပေမဲ့ ကျွန်တော် အဲဒီနေ့မှာ ဦးထုပ်ဆောင်းသွားမိတယ်။ ဒါနဲ့ ပစ္စည်းအပ်တဲ့နေရာကို သွားလိုက်တယ်။ အဲဒီနေရာမှာ ပစ္စည်းထိန်းသိမ်း...

စိတ်၏စေရာ

စိတ်၏စေရာကြောင့် လူတွေ ဖြစ်တည်နေကြတယ်လို့ ပြောမယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အကောင်းအဆိုး အကြောင်းအကျိုးတွေဟာလည်း စိတ်၏စေညွှန်ရာပေါ်မှာပဲ အခြေခံပြီး ဖြစ်တည်နေကြပါတယ်။ ပျင်းရိခြင်းခြောက်ပါးနောက်ကို စိတ်၏စေရာလိုက်ပြီး ပျက်စီးသွားရသလို ကြိုးစားဆောင်ရွက်မှု တက်ကြွမှုနောက်ကို စိတ်၏စေရာလိုက်ပြီး လူတွေ တိုးတက်သွားကြပါတယ်။ လူ့စိတ် သဘောသဘာဝကလည်း အတော်ကို ထူးဆန်းဖို့ကောင်းတယ်။ အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် မနက်စောစောစီးစီး လေးနာရီ ငါးနာရီလောက် အိပ်ရာထဖို့ဆိုရင် သေမလောက် အပျင်းကြီးနေပေမယ့် ရည်းစားဆီက အဖြေရဖို့အတွက် စောစောသွားရမယ်ဆိုရင်တော့ ထင်တာထက်ကို ပိုစောပြီး နိုးနေပါလိမ့်မယ်။ လူက စိတ်ကိုနိုင်နေတာကောင်းပေမယ့် စိတ်က လူကိုနိုင်သွားပြီဆိုရင်တော့ သတိထားဖို့လိုပြီ။ အဲဒီထက် ဆိုးတာက မကောင်းစိတ်က လူကို နိုင်သွားပြီဆိုရင်တော့ ဘ၀ပျက်ဖို့ (သို့) ခွေးဖြစ်ဖို့ အလားအလာပိုများသွားပြီ။ စိတ်၏စေရာ ... စိတ်၏စေရာ

မင်းတို့မှမဖျက်ရင် မပျက်တော့ဘူး

လျှပ်တစ်ပြက်ဂျာနယ်ရဲ့ မျက်နှာဖုံးမှာပါတဲ့ သတင်းတစ်ခုပါ။ မန္တလေးသတင်းဆိုတော့ စိတ်ပါဝင်စားနဲ့ ဖတ်လိုက်တယ်။ ဖတ်ပြီးတော့ စိတ်မကောင်းသလိုလို ဒေါသထွက်မိသလိုလို ဖြစ်မိတယ်။ ရှေးဟောင်း အမွေအနှစ်ဆိုတာ ဘာလဲ သိရဲ့လား ? ရှေးဟောင်းအမွေအနှစ်တွေကို ဘယ်လို ပြုပြင်ထိန်းသိမ်းရတယ်ဆိုတာရော နားလည်ရဲ့လား ? မြန်မာ့ကျွန်းသစ်တွေ ရှားကုန်ပြီလား ... ပထွေးတွေကိုကျတော့ ခုတ်ခုတ်ရောင်းနေပြီးတော့။ မြန်မာနိုင်ငံအထက်ပိုင်းလည်း ခုတ်လိုက်ရတဲ့သစ် ... အောက်ပိုင်းကျတော့လည်း ထုတ်ရောင်းလိုက်ရတဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ မြန်မာပြည်လည်း အထက်ပိန် အောက်ပိန်ဖြစ်နေပြီ၊ အလယ်ပိုင်းကျတော့ ရေနံတွင်းတွေဖောက်လွန်းလို့ အပေါက်အပြဲနဲ့။ သစ်တောမရှိတော့ ရာသီဥတုတွေဖောက်ပြန်၊ မိုးရာသီဆို လွန်ခဲ့တဲ့နှစ်တွေထက် မိုးက တဖြည်းဖြည်း ပိုကြီးလာတယ်။ နွေဆိုလည်း ပူလာလိုက်တာ ၀ီခေါ်နေတယ်။ ဥပဒေတွေ၊ လက်နက်တွေ၊ အာဏာတွေ ပါဝါတွေနဲ့ နှိပ်စက်ခံနေရတဲ့ ပြည်သူတွေဟာ ဒီ မသာတွေလုပ်လို့ ဖောက်ပြန်တဲ့ရာသီဥတုဒဏ်ကိုပါ ထပ်ပြီး ခံနေရတယ်။ လုပ်ပါ ... လုပ်ပါ ... မင်းတို့မှ မဖျက်ရင် မပျက်တော့ဘူး။ မိုးကောင်းတုန်း ရွာထားဦးပေါ့လေ ... ငါ့အလှည့်ကျမှ မိုးကြိုးတွေပါ ပစ်ပစ်မယ်။

အိမ်မက်ထဲက ခြင်္သေံမြို့တော်

စလုံး စလုံးနဲ့ ကျွန်တော်တို့ ရွှေမြန်မာတွေ ခေါ်ဝေါ်နေကြတဲ့ နာမည်ကို လူတိုင်း ရင်းရင်းနှီးနှီး ကြားဖူးကြမှာပါ။ အဲဒီ စလုံးဆိုတဲ့ စင်္ကာပူကတော့ ကျွန်တော့အတွက် အိမ်မက်ထဲက ခြင်္သေ့မြို့တော်ပါပဲ။ စင်ကာပူကို အရမ်းကို သွားလည်ချင်တယ် ရောက်ဖူးချင်တယ်။ စလုံးမှာ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အပြင် ဆွေမျိုးအချို့လည်း ရှိတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခုထိ မရောက်နိုင်သေးဘူး။ အိမ်မက် မက်နေဆဲပဲ :) မန္တလေးက ရင်းနှီးတဲ့ သူငယ်ချင်း အတော်များများလည်း စလုံးကို ရောက်ကုန်ကြပြီ။ နောက်ဆို အကုန်လုံးနီးပါး ရောက်ကြမယ်ထင်တာပဲ။ အခုလည်း သွားဖို့လုပ်နေတဲ့ သူငယ်ချင်းအချို့ မန္တလေးမှာ ရှိနေတယ်။ စလုံးဟာ နောက်ပိုင်းမှာ မြန်မာတွေကြီးစိုးတဲ့ မြို့ကြီးတစ်မြို့ မလွဲမသေဖြစ်လာတော့မှာ ကျိန်းသေပါပဲ။ သူငယ်ချင်းတွေ စလုံးကို ရောက်သွားတာ ကျွန်တော်အရမ်းဝမ်းသာတယ်။ နောက်ပြီး ကျွန်တော့်အတွက် lonely လည်း မဖြစ်တော့ဘူး။ ၀မ်းသာတယ်ဆိုတာကတော့ ကိုယ့်ဘ၀ကိုယ် ပိုင်ပိုင်နိုင်နိုင် တည်ဆောက်နိုင်ဖို့ရာ လမ်းကြောင်းတစ်ခုပေါ် ရောက်သွားလို့ပါ။ နောက်တစ်ခုက သူငယ်ချင်းတွေနဲ့ အလွယ်တကူ ဖုန်းပြောဆက်သွယ်လို့ရတယ်လေ။ မြန်မာပြည်ထဲမှာဆိုရင်တော့ ဖုန်းကတ်ဈေးကြီးတာနဲ့ ...

ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း

ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း ကင်းလွတ်သောသူ မရှိသလောက်နည်းပါး ရှားပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်အပါအ၀င် လူအချို့ ကိုယ့်ထမင်းကိုယ်စားပြီး သူတစ်ပါးကို ကဲ့ရဲ့ကြတယ်၊ ချီးမွမ်းကြတယ်။ အဲဒီနှစ်မျိုးထဲကမှ သူတစ်ပါး ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ လိုက်ပြီး ကဲ့ရဲ့နေသူတွေကတော့ အတော်ကို စိတ်ပျက်ဖို့ကောင်းလှပါတယ်။ မြှောက်ပြောသလိုနှင့် ကဲ့ရဲ့ခြင်း၊ အကြောင်းမရှိ အကြောင်းရှာပြီး ကဲ့ရဲ့ခြင်း စသည်ဖြင့် နည်းအမျိုးမျိုးနဲ့ပေါ့။ သူတစ်ပါးကို ချီးမွမ်းတဲ့စကား တစ်ခွန်းပြောဖို့ထက် ကဲ့ရဲ့တဲ့စကား ဆယ်ခွန်းပြောဖို့က အမြဲသာနေတတ်တယ်။ အခုတလော အခြေအနေ သိပ်မလှဘူး။ နားအေးပါးအေး နေနေလည်း ကဲ့ရဲ့ခံနေရတယ်။ မလွယ်ပါလား။ ကိုယ့်စိတ်ကိုသိလို့ ဘာမှမပြောဘူး နေပြန်ရင်လည်း ပိုပိုဆိုးလာတယ်။ ပြန်ပြောလိုက်မိရင်လည်း စိတ်ထိန်းနိုင်မှာမဟုတ်ဘူး။ အဲဒီတော့ အရိုးရှင်းဆုံး စဉ်းစားလိုက်ရင် ကိုယ့်ကို ကဲ့ရဲ့တာ မခံချင်ရင်၊ သူတစ်ပါးကိုလည်း မကဲ့ရဲ့ မိပါစေနှင့်လို့ပဲ စိတ်ဖြေလိုက်တော့တယ်။ သူတစ်ပါးကို လက်ညှိုးတစ်ချောင်းထိုးဖို့ချိန်လိုက်တိုင်း ကိုယ့်ဘက်ကို ကျန်တဲ့ လက်ချောင်းလေးချောင်းက အော်တိုချိန်ပြီးသားဖြစ်နေတယ်လေ။ ဒါလည်း လူဖြစ်ရတဲ့ ဒုက္ခတစ်မျိုးပါပဲလား...

သို့ ... လူမဆန်သော လူများသို့

ပြည်သူ ပြည်သားတွေ သဘာဝ ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေရတဲ့ကြားထဲမှာ ဒီ ဘာမဟုတ်တဲ့ ဆန္ဒခံယူပွဲကိုလည်း ရှေ့ဆက်ဦးမယ်။ ခင်ဗျားတို့ လူစိတ်ရော ရှိကြရဲ့လားဗျာ။ ခင်ဗျားတို့ သူများတွေရဲ့ မှိုင်းတိုက်ခံရတယ်ဆိုတာ အသာထားပါဦး။ ခင်ဗျားတို့မှာ နဂိုရှိပြီးသား လူအချင်းချင်း သနားညှာတာစိတ်၊ ဖေးမကူညီချင်စိတ်လေးတွေ ဘယ်ရောက်ကုန်တာတုန်း။ တကယ်အံ့သြတယ်ဗျာ။ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို လာကူညီတဲ့ ကုလသမဂ္ဂ အစားအစာလေယာဉ်တွေကိုတောင် ခင်ဗျားတို့ လုပ်ချင်သလို လုပ်ပစ်လိုက်တယ်။ တော်တော် တရားလွန်တယ်ဗျာ။ ဒီအချိန်မှာ ခင်ဗျားတို့ လုပ်ချင်တာထက် လုပ်သင့်တာကို အရင်ဦးစားပေးပါလို့ တောင်းဆိုပါရစေ။ မုန်တိုင်းဘေးသင့်တဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် တကယ့်ကိုပဲ ရင်ကွဲ ဆို့နင်ဖွယ်တွေချည်းပဲဗျာ။ အဲလို သေနေတဲ့သူတွေ ဒုက္ခရောက်နေတဲ့သူတွေသာ ခင်ဗျားတို့ အမျိုးအရင်းတွေသာဆို ဘယ်လိုလုပ်မလဲ? လူသားချင်း ညှာတာ ထောက်ထားစိတ်ကလေးတော့ ထားကြဖို့ ကောင်းပါတယ်ဗျာ။ အခုလို ခင်ဗျားတို့ လုပ်နေတဲ့ လုပ်ရပ်တွေ၊ စာနာစိတ် ကင်းမဲ့မှုတွေကြောင့် နောင်တစ်ချိန်မှာ ကျွန်တော်တို့ရဲ့ မြန်မာ့သမိုင်းစာအုပ်ကို ပြန်လှန်ရမှာတောင် ရှက်တယ်ဗျာ။