Skip to main content

Posts

Showing posts with the label ဒိန်းမတ်သင်္ကြန် ၂၀၁၀

ဒိန်းမတ်နိုင်ငံရောက် မြန်မာမိသားစုများ၏ နှစ်သစ်ဆုတောင်းပွဲနှင့် အတာသင်္ကြန်ပွဲ ကျင်းပပြီးစီး

ဒိန်းမတ်နိုင်ငံရောက် မြန်မာမိသားစုများ၏ နှစ်သစ်ဆုတောင်းပွဲနှင့် အတာသင်္ကြန်ပွဲတော်ကို ၁၀.၀၄.၂၀၁၀ စနေနေ့က ကျင်းပပြီးစီးခဲ့ပါတယ်။ အဆိုပါပွဲတော်သို့ လန်ဒန်မြို့ သာသနရံသီမှ ဆရာတော် ဦးဥတ္တရနှင့် ဆရာတော်နှစ်ပါး ကြွရောက်ချီးမြှင့်ပြီး နှစ်သစ်ဆုတောင်းအတွက် ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံမှ ဧည်သည်တော် အန်တီမာမာအေးလည်း တက်ရောက်ဖျော်ဖြေပေးခဲ့ပါသေးတယ်။ အဆိုပါပွဲသို့ မြန်မာများအပြင် နိုင်ငံခြားသားများပါ ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြတာကို တွေ့ရပါတယ်။ Europe နိုင်ငံတွေထဲမှာ အစောဆုံး ကျင်းပပြုလုပ်တဲ့ သင်္ကြန်ပွဲလို့လည်း ပြောလို့ရပါတယ်။ ကျွန်တော်တို့ လန်ဒန်သင်္ကြန် ကတော့ ဧပြီလ ၁၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အောက်ပါ Video မှာ ဒိန်းမတ်သင်္ကြန်ပွဲလေးကို ရှူ့စားနိုင်ပါတယ်။ Playlist အနေနဲ့ တင်ပြပေးထားပါတယ်။