Skip to main content

Posts

Showing posts with the label London Thingyan Remix

The Best Thingyan Remix and Dance of The Year 2010 ;)

လန်ဒန်သင်္ကြန် ၂၀၁၀ မှာ လူတွေအားပေးမှုအများဆုံးနှင့် အမြူးကြွဆုံး ဖျော်ဖြေမှု နှစ်ခုကို မျှဝေချင်ပါတယ်။ ပထမတစ်ပုဒ်ကတော့ ရွယ်တူညီမလေးများ ဖျော်ဖြေထားတဲ့ Thingyan Remix and Dance ဖြစ်ပါတယ်။ သီချင်း လေးပုဒ်ကို ရောပြီး Remix လုပ်ထားတာဖြစ်ပါတယ်။ ရွယ်တူညီမလေးများ ကပြဖျော်ဖြေတာဖြစ်တဲ့အတွက် ကကွက်တွေရော အကပါ ပိုပြီးကြည့်လို့ကောင်းတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒုတိယတစ်ပုဒ်အနေနဲ့ကတော့ လူ ၈ ယောက် Group Dance အနေနှင့် ဖျော်ဖြေတာဖြစ်ပါတယ်။ သူတို့လည်း ကကွက်တွေအများကြီးကို ကြိုးစားပမ်းစားလေ့ကျင့်ထားတဲ့အတွက် ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ဒီအကထဲမှာတော့ ကျွန်တော်တို့ မန်းလေးက မန်းလေးသားလေးတစ်ယောက်ကတော့ Underground တွေ ဝင်ကသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအကတွေအပြင် သင်္ကြန်အကနှင့် သီချင်းတွေ သီဆိုဖျော်ဖြေမှုတွေလည်း ပါဝင်ပါသေးတယ်။ ကျန်ရှိနေသေးတဲ့ သီချင်းတွေကိုတော့ သင်္ကြန်အမှတ်တရ အနေဖြင့် အခွေထုတ်ပြီး ဘုန်းကြီးကျောင်း ရန်ပုံငွေအဖြစ်ရောင်းချသွားမှာဖြစ်ပါတယ်ခင်ဗျာ။