Skip to main content

Posts

Showing posts with the label Moe Yu San 21st Brithday London

မိုးယုစံရဲ့ အသက် ၂၁ ပြည့်မွေးနေ့ လန်ဒန်မြို့ ကောလင်းဒေးကျောင်းတွင် ကျင်းပ

လန်ဒန်သို့ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ခေတ္တရောက်ရှိနေတဲ့ မင်းသမီး မိုးယုစံရဲ့အသက် (၂၁) နှစ်ပြည့် မွေးနေ့ပွဲလေးကို ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ လန်ဒန်မြို့ သာသနရံသီဝိဟာရမှ ဆရာတော် ဦးဥတ္တရနှင့် တကွ သံဃာတော်များကို ဆွမ်းဆပ်ကပ်ပြီး ကျင်းပခဲ့ပါတယ်။ မိုးယုစံနှင့်အတူ အခြားအနုပညာရှင်များဖြစ်သည့် ဂျင်းနီ၊ ထွန်းထွန်း၊ တင်မောင်ဆန်းမင်းဝင်း နှင့် ရွှေတံဆိပ် ၁၉  ဆုရှင် ရွာစား သီရိမောင်မောင် ဝိုင်းတော်သားများမှလည်း မွေးနေ့ဆုတောင်း ပြုလုပ်ပေးခဲ့ကြပါတယ်။ ထို့နောက် မွေးနေ့ရှင် မိုးယုစံမှ မွေးနေ့ကိတ်ခွဲပြီး တက်ရောက်လာသည့် မိတ်ဆွေများကို ကျွေးမွေးခဲ့ပါတယ်။ မွေးနေ့မှသည် အောင်မြင်မှုများစွာ ဆက်တိုက်ပိုင်ဆိုင်နိုင်ပါစေ။