Skip to main content

Posts

Atumashi Kyaung Temple - Mandalay

The Atumashi Kyaung, or Incomparable Monastery (Maha Atulawaiyan Kyaungdawgyi) , was originally built in 1857 by King Mindon (1853-1879), who had founded his new capital of Upper Burma at Mandalay just a few years earlier in 1855. It was one of the King’s last great religious construction project. The original Atumashi was a magnificent wooden structure with considerable exterior stucco and set on a high platform reached by a formal ceremonial staircase. Instead of the traditional “pyatthat” (graduated wooden spires of decreasing size) and multi-roof design of traditional monastic buildings, the Atumashi was a huge grandiose structure surrounded by five graduated rectangular terraces. It was considered one of Southeast Asia ’s most magnificent buildings. It originally contained a very large, almost 30 ft (9 m), image of the Buddha made from the king’s lacquered silk clothing. There were numerous treasures within the structure, including a large diamond set in the forehead of the...

မန္တလေးမိုး

မန္တလေးမှာ မိုးကောင်းသလား မမေးနဲ့ဗျို့... ပြီးခဲ့တဲ့ အဖိတ်နေ့က (အဖိတ်နေ့ ဆိုတာရော သိကြရဲ့လား မသိဘူး... ၂၈-၉-၀၆ နေ့) ညနေ ၅း၁၅ နာရီ ၀န်းကျင်က မိုတွေ စရွာတာ ည ၉ နာရီ ၀န်းကျင်မှ စဲသွားတယ်ဗျ... လမ်းမပေါ်လည်း ရေတွေကြီးပဲ... မနေ့က လမ်း-၂၀ ကနေ ရွှေတစ်ချောင်းဘက်သွားတာ ရွှေတချောင်းမြောင်းကြီးလည်း ရေတွေ လျှံလို့ဗျ...၂၂-လမ်း ကနေ ၂၅လမ်းအထိ ၈၄ လမ်းမပေါ်မှာ ရေတွေဗျို့... ရွှေတံချောင်းမြောင်းက လျှံတက်လာတဲ့ရေတွေရော မိုးရေတွေပါ... ဆန်နီ ပစ်ကပ်ကားဘီး တစ်ဝက်လောက်ကို မြှပ်တယ်... မြို့သစ်ဘက်မှာဆို ပေါင်လည်လောက်ကို မြှပ်တယ်လို့ ကြားတယ်။ [ Source: ကိုတုံ ] ဒီနှစ် သိကြားမင်က မန္တလေးကို တော်တော်ချစ်နေပုံရတယ်။ သိကြားမင်းကြီးရေ သိပ်လည်း မချစ်ပါနဲ့ လူတွေ တော်တော် ဒုက္ခရောက်တယ်ဗျ။ Tag: MandalayRain, MandalayNews , Mandalay

Joomla!

Joomla! ( URL ) is one of the most powerful Open Source Content Management Systems on the planet. It is used all over the world for everything from simple websites to complex corporate applications. Joomla! is easy to install, simple to manage, and reliable. သုံးတတ်တဲ့သူများ သုံးကြဗျား။ ဂွတ်လိမ့်မယ်လို့တော့ ထင်ပါတယ်။ သုံးဖူးတဲ့လူတွေလည်း ရှိရင်ရှိမှာပါ။ ကျွန်တော်ကတော့ Programming ဆို စိတ်ပျက်လွန်းလို့ Calculator တောင် မကိုင်ဘူး။ မျက်စိလည်းလမ်းမှားပြီး အဲဒီဟာလေးကို တွေ့သွားတာ။ :) This book is a fast paced tutorial to creating a website using Joomla!. By purchasing a copy of Building Websites With Joomla! you are also helping support our project as we receive a small percentage from each sale. ၀ယ်ရင် ဈေးကြီးတယ်။ £25 ... သေရချည်ရဲ့။ အလကား ယူသွား။ Dowonload >> Building Websites With Joomla! Apress Building Online Communities With Drupal phpBB and WordPress Dec 2005 Tag: Joomla , WebDesign , EBook , Download , Software

ဝေထွန်း ငါ မုန့်လဲ မစားလိုက်ရဘူး :(

သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေ။ ကြည့်စမ်း ... စားနေလိုက်ကြတာ အားရပါးရ .. ဟန်။ ငါကိုကျတော့ မကျွေးဘူး။ ကောင်းပါတယ်။ ကိုမျိုးအောင်လေးကလည်း ဓာတ်ပုံရိုက်တဲ့သူကို ဘာလုပ်ပြနေမှန်းမသိဘူး။ အောင်အောင်ကလည်း ဒီဘက်ကို ပန်းကန်လှမ်းလိုက်အုံးတဲ့ (လိုက်ပွဲပေါ့ .. ဟားဟား)။ ကိုသက်ကြီးတို့ကလည်း သိပ်မစားနိုင်ပါဘူး။ ဇွတ်ကို ပန်းကန်ထဲကို လောင်းထည့်နေတာ .. ဘာတွေလဲတော့ မသိဘူး ဟီးဟီး။ ကိုကျော်ကြီးဆိုတဲ့သူကတော့ ဟင်းထဲမှာ အသားဖတ်တွေ ရှာနေတယ်။ ဇင်ကွန်းဆိုတဲ့ ကောင်လေးကလည်း ဓာတ်ပုံဆရာနဲ့ ရန်ဖြစ်ထားလို့တဲ့ ကျောပေးထားတယ်။ လှည့်ကိုမကြည့်ချင်ဘူးတဲ့။ မိန်းကလေး အုပ်စုကတော့ စကားကို မပြောနိုင်အောင်ပါပဲ။ အလုပ်ရှုပ်တာတော့ မဟုတ်ဘူး။ အစားကို အာရုံရောက်နေကြတာလေ။ ဖန်ခွက်ကိုင်ထားတဲ့ တစ်ယောက်ဆိုရင် ဓာတ်ပုံဆရာကို သေချာကြည့်နေတယ်။ သူ့အမျိုးနဲ့ တူလို့လား မသိဘူး။ အဖိုးဘက်က တော်တာလား အဘွားဘက်က တော်သလားပေါ့ ... ဟီးဟီး နောက်ထပ် ပုံတစ်ပုံမှာက လေးယောက်ထဲ သပ်သပ်ထိုင်ပြီး အတင်းတုပ်နေကြတယ်။ ဘယ်သူ့အတင်းလဲတော့ မသိပါဘူး။ အပြောခံရတဲ့သူကတော့ လျှာတွေ ခလုပ်တိုက်နေလောက်ပြီ။ ကမ္ဘာ့အတင်းတုပ်ရေး ကော်မတီ အစည်းအဝေး ကျင်းပနေသလားမှတ်...

Active Desktop Calendar

Weekly, Monthly, Yearly Plan တွေ လုပ်ဖို့အတွက် အရမ်းအသုံးဝင်တဲ့ S/W တစ်ခု။ ဘယ်သူအတွက်ပဲ ဖြစ်ဖြစ်အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။ Alarm စနစ်လည်းပါတယ်။ ဂွတ်တယ် ... မဆိုးဘူး။ ကျွန်တော်ကတော့ တော်တော်ကြိုက်တယ်။ Install လုပ်ပြီးတာနဲ့ Register လုပ်ဖို့အတွက် Keygen လေးပါ အစစ်ပါသေးတယ်။ Rar file လေးကို ဒီကနေ ဆွဲချပါ။ Rar Password: shwemanmg Tag: DesktopUtilities, Download , Software

သူငယ်ချင်းများစွာ ...

ဒီဘ၀တစ်ခုမှာ ဆုံတွေခဲ့ရာ အစဉ်အမြဲတို့တတွေ အတူရှိခဲ့ရာ နောက်ဆုံးသောအချိန် ပြန်ပြီးခွဲခွာ သူငယ်ချင်းများစွာ ထာဝရ ဝေးကွာ ... တစ်ချိန်မှာ ငွေကြေးများနဲ့ အလုပ်အကိုင်ရှိလာမယ် ဟိုစဉ် ကလေးဘ၀လောက် ပျော်စရာတွေလည်း မကောင်းတော့တာမှန်ပဲ ... စက်ဘီတွေစီးခဲ့ကြတယ် တို့လမ်းတွေလျောက်ခဲ့ကြတယ် စကြနောက်ကြ စိတ်ဆိုကြရင်း စာတွေကျက်ခဲ့ကြတယ် ... တစ်နေ့နေ့မှာတော့ကွာ ပြန်ဆုံမှာပေါ့ ချစ်တဲ့သူငယ်ချင်းများ Tag: Song , SaiSai

Welcome Week

အခုတလော ကျောင်းမှာ ပျားပန်းခတ်မျှ စည်းကားနေတယ်။ အဖြူတွေရော အမဲတွေရော အဖြူတစ်ဝက် အမဲတစ်ဝက်တွေရော မဖြူ့တဖြူ မမဲတမဲတွေရော ဟာ ဘာတွေမှန်းကို မသိဘူး။ စုံနေတာပဲ။ ဒါပေမဲ့ အများဆုံးကတော့ အမဲ။ ကြာရင်လည်း ကုလားမြို့တော် ဖြစ်တော့မှာပါ။ ပြီးတော့ ရောတောရှိ (ဂျပန်) တွေလည်း များပါ့။ ကြာရင် ဂျပန်စကားပြောနိုင်တော့မယ် ထင်တာပဲ :) အရင်တုန်းကတော့ သူငယ်ချင်းတွေနဲ့ ဂျပန်စကားလိုလို ဘာလိုလို စကားတွေကို ရှောက်ပြောကြတယ် အချင်းချင်းနှုတ်ဆက်ကြရင် အူရှီးတို့ပါတို့ပေါ့ :) နှုတ်ဆက်ခံရတဲ့ လူကတော့ပြန်ပြောတယ် ချူရှီး :) ဒါတွေက သူငယ်ချင်းတွေနဲ့ အမြဲနောက်ပြောင်ရင်း ပြောတတ်တဲ့စကားတွေ :) ဂျပန်နဲ့ ဆက်စပ်မိပြီး သတိရသွားတာ။ ဆိုင်တော့ သိပ်မဆိုင်ဘူး။ ကျောင်းသားကဒ် ပြဿနာတက်တာလည်း ဒီနေ့မှ ပြီးသွားတယ်ဗျား။ ပိုက်ဆံသွင်းပြီးတာကို ကျောင်းသားကဒ်က Building Access လုပ်လို့မရဘူး။ Facilities တွေကတော့ သုံးလို့ရတယ်။ အဲဒါနဲ့ TowerBuilding က Main Admin ကိုသွားမေးတယ်။ မောင် Admin များက ပြန်ပြီးလမ်းညွှန်ပြန်ရော။ Undergraduate Center ကိုပြန်ကြွပါတဲ့။ အဲဒီကိုလည်း ကြွသွားရော ထောက်လှမ်းရေးနဲ့တွေ့တော့တာပဲ။ ဟိုဟာပြ ဒီဟာပြနဲ့။ Program တွေထဲမှာ ရှိမရှိ ...