Skip to main content

Posts

လမင်းငယ်သို့ သီချင်းတစ်ပုဒ်

ဘ၀ရဲ့အစကသိပ်လှ အမိနဲ့အဖရဲ့ အနားနား ပူပင်စရာတွေဘာမှ ခေါင်းထဲမထည့် အဖြူရောင်နှလုံးသားလေး ကျွန်တော်ထွေးပွေ့ရင်း ရိုးသားမှုတွေထမ်းပိုး ပညာရှာဖို့ထွက်ခွာလာ လူတွေအလယ်ကို စရောက်တော့ ကျွန်တော်လေ အားလုံးအကောင်းမြင်သူပါ အပေါင်းအသင်းများဆိုလဲ တွယ်တာမိတဲ့စိတ် လွန်ကဲ ကျွန်တော်ဟာ သာတယ်နာတယ်မစဉ်းစား အရာရာကိုယ့်ဘက်ကသာ ပေးဆပ်လို့သာ သိပ်ချစ်ရသူလေးနဲ့ ဆုံလာခဲ့တဲ့အချိန်မှာလည်း သူမရဲ့ကွပ်လပ်များစွာ ဒိုင်ခံဖြည့်ခဲ့ဘူးပါတယ် လူတွေကို အကောင်း ကျွန်တော်မြင်ချင်ပေမဲ့ ကိုယ်ကကောင်းတိုင်းလဲ သူတို့ပြန်ကောင်းနိုင်ပါ့မလား ဆိုးတဲ့သူအတွက် ကျွန်တော်ပြန်လဲ မဆိုးချင်ဘူး အဖြူရောင်နဲ့ နှလုံးသား အခုတော့ ပျက်စီးပြီလား လမင်းငယ်သို့ သီချင်းတစ်ပုဒ် ကို ဆောင်းဦးလှိုင်ရဲ့ သီချင်းလေးတစ်ပုဒ် ... အခုတလော တော်တော်လေး နားထောင်ဖြစ်တယ်

ထွေရာလေးပါး ... ဟိုဟိုဒီဒီ

လွန်ခဲ့တဲ့ တစ်ပတ်လောက်က အခန်းမှာ Heater ပျက်နေလို့ အခန်းတံခါးတွေကို မဖွင့်ရဲဘူး။ တစိမ်စိမ့်နဲ့ လေအေးတွေဝင်လို့ ချမ်းလိုက်တာ။ အိမ်ရှင်က Heater ပျက်နေတာ လာတော့ကြည့်ရှာပါတယ်။ သူလည်း မပြင်တတ်ဘူး။ ဒါနဲ့ လာခဲ့မယ်ဆိုပြီး တစ်ပတ်လောက်နေမှ ပေါ်လာတယ်။ အတော်နောက်တဲ့သူ။ Heater ရသွားတော့လည်း ပြဿနာက နောက်တစ်ခုထပ်ပေါ်လာပြန်တယ်။ ကွန်ပျူတာ ... ဟုတ်ပါသည် ... ကွန်ပျူတာ။ စာကြည့်စာပွဲနဲ့ Heater က နဲနဲ နီးတယ်။ ကွန်ပျူတာကလည်း Fun ဘာဖြစ်နေလဲ မသိဘူး။ ဖွင့်တာအရမ်းကြာပြီဆို ဒေါင်းသွားတယ်။ ဒါနဲ့ Fun ကလေတွေ ကောင်းကောင်းအပြင်ထွက်အောင် ကွန်ပျူတာအောက်မှာ စာအုပ်လေး ခုခုထားရတယ်။ ဒါကိုပဲ တစ်ခါတစ်ခါ ရုတ်တရတ်ကြီး ဒေါင်းသွားတတ်သေးတယ်။ ငါ့နဲ့နော် ဖြစ်လိုက်ရင် အဆန်းကြီးတွေကြီးပဲ။ Service ကိုပြန်ပို့လိုက်ရင် ပိုကောင်းမယ်။ တစ်ခါတလေ Assignment တွေလုပ်နေရင်း Save လုပ်ဖို့မေ့နေတတ်တယ်။ အဲဒီချိန်မှာ ရုတ်တရတ်ဒေါင်းသွားရင် သေလောက်အောင် ခီးတယ်။ တတ်နိုင်ဘူးလေ ကိုယ့်အပြစ်နဲ့ကိုယ်ပေါ့။ ကွန်ပျူတာ အစုတ်လေး သုံးနေရတဲ့ ဘ၀ဆိုတော့။ ဒါနဲ့ အထူးအဆန်းလေးတစ်ခုပြေအုံးမယ်။ ကျွန်တော့်အိမ်ရှင် လင်မယားက အဆန်းဗျ။ ယောက်ျားက ကုလား၊ မိန်းမက တရုတ်၊ ဘယ်လိုရသွား...

နောင်တ ၁၀ မျိုး

၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာ မသင်ခဲ့မိလေခြင်း။ ၂။ ဥစ္စာ မစုဆောင်းမိခဲ့လေ ခြင်း။ ၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။ ၄။ သူတပါး၏ အသက်ကို ပြစ်မှားမိခဲ့လေခြင်း။ ၅။ သူတပါး၏ မယားကို ပြစ် မှားမိခဲ့လေခြင်း။ ၆။ ဥစ္စာပစ္စည်း ရှိလျှက် မလှူမိခဲ့လေခြင်း။ ၇။ ဆုံးမစကားကို နားမ ထောင်မိခဲ့လေခြင်း။ ၈။ မိဘကို မလုပ်ကျွေး မိခဲ့လေခြင်း။ ၉။ ပညာရှိထံ နည်းခံ၍ မသင်ကြား မိခဲ့လေခြင်း။ ၁၀။ မြတ်သော အကျင့်ကို မကျင့်မိခဲ့လေခြင်း။ အရမ်းတန်ဖိုးရှိတဲ့ စာသားတွေပါ။ ဖိုးချမ်း ... မင်း အမြဲဦးနှောက်ထဲမှာ စွဲနေအောင်မှတ်သင့်တယ်။ နောင်တ နောင်မှရတာကတော့ အလကားပဲ။ ဘယ်အရာကို မဆို သတိနဲ့ယှဉ် အသိတရားဥာဏ်နဲ့ စဉ်းစားချင့်ချိန်ပြီး အလုပ်လုပ်ကွာ။ [ ကိုရဲလင်း ... အရမ်းပဲကျေးဇူးတင်ပါတယ်ဗျာ ... တကယ်ကို တန်ဖိုးရှိပါတယ် ]

တစ်ခဏတာ ၀င်ဘလော့ခြင်း

ဒီည ညလည်စာကတော့ စားကောင်းတယ်။ ဟဲဟဲ သရေကျအောင် ပြောလိုက်အုံးမယ် ... ဆီထမင်းလေးရယ် ... ငါးရံ့ခြောက်လေးရယ် ပေါ့။ ပြီးတော့ အိပ်ချဉ်ပြေ ကော်ဖီလေးတစ်ခွက်ရယ်။ ကောင်းဗျာ။ အခုတလော စာလုပ်သလိုလို ဘာလိုလိုနဲ့ မနက်ရောက်ရောက်သွားတာ တော်တော်ကြာနေပြီ ... ဟိဟိ။ စာလုပ်လိုက် .... အင်း ... စာလုပ်လိုက်ပေါ့နော်။ ဒီကြားထဲ ညညအေးရင် ခြေအိတ်ထထစွတ်ရတာလည်း အလုပ်တစ်လုပ်။ သူများထက် ငါကပဲ ချမ်းတတ်နေတာလားတော့ မသိ။ ဒီကဆိုင်တွေလည်း X Mas အတွက်ပြင်နေကြပြီဗျာ။ ဟိုက် သုံးနာရီထိုးတော့မယ် ... လုပ်စရာရှိတာ ဆက်လုပ်လိုက်အုံးမယ်။ ဒါနဲ့ လမ်းကြုံတုန်း ကျွန်တော့်ဘလော့ကို cmsmdy.com နဲ့ ၀င်ရင်လည်း ရတယ်နော်။ စာရိုက်ရတာ တိုသွားတာပေါ့ဗျာ ဟဲဟဲ။ ကဲ ... ဘ၀ပေးတာဝန်လေးတွေ ဆက်လုပ်လိုက်အုံးမယ်။ ရွှက် (စာကြည့်ဖို့ စာအုပ်လှန်တဲ့အသံ)

ငါးလ ပြည့်သွားပြန်ပြီ

ဟိုက် ... ဘာလိုလိုနဲ့ ငါးလရှိသွားပြန်ပြီ။ မြန်တယ်နော် ... ပြီးဆုံးသွားတဲ့ထဲမှာ ပြန်မရတော့တာ အချိန်ပဲ။ ဒီလိုနဲ့ လကနေ နှစ်ကို ရောက်လာဦးမှာပါပဲ။ လတိုင်း လတိုင်းမှာ ၁၅ ရက်နေ့လေးကတော့ အမှတ်တရပေါ့။ ငါ ဘယ်လိုမှ မမေ့တဲ့ နေ့လေးပါပဲ။ မင်းလည်း သတိရမယ်ဆိုတာ ငါ သိပါတယ်။

Table Tennis

ငယ်ငယ်ကတည်းက စွဲစွဲမြဲမြဲ ကစားဖြစ်တဲ့ အားကစားကို ပြောပါဆိုရင် Table Tennis ကိုပြောရမှာပါပဲ။ တော်တော်လေး စိတ်ဝင်တစား ဆော့ခဲ့တဲ့ အားကစား တစ်ခုပါပဲ။ ဘောလုံးလေးက သေးသလောက် ဆော့ရတာ အရမ်းပညာသား ပါလှပါတယ်။ ဒီအားကစားရဲ့ ထိပ်ခေါင်တွေကတော့ တရုတ်တွေများပါတယ်။ ငယ်ငယ်တုန်းကတော့ ကောလိပ်ဝင်းထဲမှာ ကစားဖော်တွေအများကြီးနဲ့ ဆော့ဖြစ်ပါတယ်။ နောက်ပိုင်း ကလပ်တွေမှာ သွားဆော့ရတာ ပိုမိုက်တယ်။ မန်းလေးမှာ ဆိုရင် ခလ ဆိုတဲ့ကလပ်မှာ သွားဆော့ရတာ မိုက်တယ်။ ၃၄ လမ်းမှာ ဆရာကြီးတွေနဲ့ပေါ့။ ကျွန်တော်ဆော့တုန်းကတော့ ဘသော်တို့ ရှမ်းလေးတို့က နာမည်ကြီးတွေပဲ နောက် MIT က ကိုဧရာအောင်။ သူတို့ဆော့တဲ့ ပုံစံက တော်တော်လေး မိုက်ပါတယ်။ တစ်ခါတလေများဆိုရင် တစ်နေကုန်ပဲဗျာ ဆော့တာ။ အခု အဲဒီအားကစားနဲ့ မထိတွေ့ဖြစ်တာ နှစ်နှစ်လောက်ရှိတော့မယ်။ ပြန်ဆော့ရင် လက်ကြောင်နေမယ် ထင်တယ် ဟိဟိ။ အထိအတွေ့ သိပ်မရှိတော့ ရင် ဘယ်အရာမဆို အဲဒီလိုပါပဲလေ။ ကျောင်းမှာတော့ ဆော့လို့ရအောင် ကစားဖော်လိုက်ရှာအုံးမယ်။ ပိုဆိုးတာက YouTube က Video လေးတွေကြည့်လိုက်တော့ ပြန်ဆော့ချင်တာမှ ငမ်းငမ်းတက်ဖြစ်သွားတယ်။ အားကစားတစ်ခုခုကို အမြဲထိတွေ့နေရင် စိတ်လည်းကျန်းမာသလို ကျန်းမာရေးရှ့ထောင့်က...

ကျေးဇူးပါ Norton

Norton Internet Security 2006 ကို ဒေါင်းလုပ်လုပ်ပြီးသုံးလိုက်တာ ဟို မျိုးမစစ်တဲ့ VirusBurster ဆိုတဲ့ကောင်တော့ ကြွသွားပြီ။ ကျေးဇူးတင်လိုက်တာ Norton ရယ်။ မင်းသာမကယ်ရင် ဒုက္ခ။ သြ ... ပြောရအုံးမယ် ... Norton အသစ်ကိုပြန်ပြီး အင်စတော လုပ်တော့ အဟောင်းကို အရင်ဖျက်ပေးရတယ်ဗျ။ သိလားတော့ မသိဘူး။ ဖျက်တာကလည်း Add or Remove ကနေဖျက်ရင် တစ်ချို့ Setting လေးတွေကျန်နေတတ်သေးတယ်။ အဲဒါဆိုရင် အသစ်ကို အင်စတောလုပ်လို့မရဘူး။ အဲဒီတော့ Norton ဆိုဒ်ကနေပဲ Norton Removal Tool ကို အရင်သုံးပြီး အဟောင်းကို အရင်ရှင်းလင်းရေးလုပ်ပေးရတယ်။ ပြီးမှ အသစ်ကို ပြန် အင်စတောလုပ်ရတယ်ဗျ။ အခု ကျွန်တော် လုပ်ရင်း ရလာတဲ့ အတွေ့အကြုံလေးပေါ့ဗျာ။ နောက်ဆိုရင်တော့ Norton ပဲသုံးတော့မယ်။ ရှာရှည်တဲ့မှုနဲ့ အာမခံမရတော့ဘူး မှတ်နေတာ တော်သေးတယ်။ Norton တရားသူကြီးနဲ့တွေ့ပေလို့ ... ဟီးဟီး။ နောက်ဆုံးတော့ Norton သုံးတဲ့ ကောင်လေးဟာ သတ္တ၀ါကြီးကို အနိုင်ယူလိုက်သတဲ့ (အိုဗာတင်း ကြော်ငြာကို အားကျလို့)