Skip to main content

Posts

Active Desktop Calendar နှင့် အတွေးများ

အချိန်နှင့်ဒီရေသည် လူကို မစောင့်တဲ့။ ရွေ့လျားသွားလာနေတဲ့ အချိန်တွေကြားထဲမှာ လူတွေဟာ ကြိုးစားပမ်းစား အလုပ်လုပ်နေကြရပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ Plan လေးတွေချမှတ်ပြီး လုပ်တတ်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေတာပေါ့ဗျာ။ စည်းစနစ်လည်း ပိုရှိတာပေါ့။ နောက်ပြီး ဘယ်ရက်ရောက်ရင် ဘာလုပ်ရမယ်ဆိုတာကိုလည်း သတိပေးပြီးသား ဖြစ်တယ်။ ဒါပေမဲ့ အရေးကြီးတာက Plan Your Work Work Your Plan Plan ချလိုက်တယ်ဆိုကတည်းက လုပ်မယ့်လုပ်ငန်းအတွက် ၃၀% လောက်အောင်မြင်နေပြီလို့ ဆိုနိုင်တယ်။ Plan တွေသာဆွဲထားတယ် ဘာမှ မလုပ်ဖြစ်ဘူးဆိုရင်လည်း အလကားပဲ။ အဲဒီလို ဘာမှမလုပ်တဲ့ လူဟာလည်း ... ? [ Active Desktop Calendar ]

ပုဂံရောက် ရောင်းရင်းများ

ဟိုက် ဒီဓာတ်ပုံကျတော့ တင်လို့ရနေပါလား။ ကဲ .. တင်တယ်ကွာ။ ငါရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကျတော့ File Error တက်နေတယ်။ ကြည့်ရတာ ပုံတွေကို ပြန်ပြင်ရဦးမယ်နဲ့တူတယ်။ ထားပါလေ နောက်မှ လုပ်တာပေါ့။ ပုံကတော့ အလွင့်ပဲကွာ (ဆံပင်တွေ)။ မောင်မျိုးအောင်လေး မင်းကို ပုံတွေအတွက် ကျေးဇူးပဲလို့ မပြောတော့ဘူးကွာ။ မင်းကို မေးလ်ကနေလည်း ပြောပြီးပြီ :P ဒါဘယ်နေရာလို့လဲ အတိအကျမပြောဘူးနော်။ မသိရင် ဥာဏ်စမ်းလုပ်ထားတယ်လို့ ထင်စရာပဲ။ အဲဒီလိုပြောတော့ ငါ သိလားဆိုတော့ ငါလည်း မသိဘူး :P တော်တော်များများက ငါသိပြီးသားလူတွေပါ။ မသိတဲ့သူတွေနှင့် နည်းနည်းကြည့်မရတဲ့သူတွေလည်း ပါလာသေးတယ် ဟာဟ ထားပါလေ အရေးမကြီးပါဘူး ဓာတ်ပုံတိုင်းကိုကြည့်နေတာ အဲဒီလက်နှစ်ချောင်းထောင်တာတွေ တော်တော်များများတွေ့တယ်။ ဘာလဲဟင် ... အခု ဓာတ်ပုံလောကမှာ Format ချထားတဲ့ အတိုင်းပဲနော် ... ကင်မရာရှေ့ရောက်တာနဲ့ လက်နှစ်ချောင်းက Auto ထောင်သွားတာလား ဟင် :D လောက်လေးဂွ လိုလို ငြိမ်းချမ်းရေးသင်္ကေတ လိုလိုနဲ့ ဟာဟ ဒီ ဓာတ်ပုံကြည့်ရတော့ ငါလည်း အလွမ်းပြေတာပေါ့ကွာ။ အင်တာနက် အခက်အခဲတွေ ရှိတဲ့ကြားထဲကနေ ပို့ပေးတဲ့အတွက် ဘယ်လိုကျေးဇူးတင်ရမှန်းမသိပါဘူးကွာ။ ပြန်လာရင်တော့ ဘာရီ တိုက်မယ် :P (မင်း မ...

ဘယ်အမျိုးအစားထဲမှာ

လောကမှာ တစ်ချို့လူတွေက မသိလို့ မိုက်မဲနေကြတယ် တစ်ချို့ကျတော့လည်း သိသိကြီးနဲ့ကိုပဲ မိုက်မဲနေကြတယ် . . . . . ဘယ်အမျိုးအစားထဲမှာ ပါနေပါလိမ့် ?

Ease Audio Converter 3.50

Ease Audio Converter is a powerful audio converter, which can convert audio formats MP3, WAV, WMA, OGG, AAC, APE, FLAC, MP4, M4A, MPC(MusePack), AC3, TTA, ofr(OptimFROG), SPX(Speex), and WavePack from one to another. It can convert from MP3 to WAV and OGG, and WAV to MP3 and WMA. It has a recording function that allows you to record from line-in (cassette, LP, etc.) streaming audio, or any other source available on your system .Use the audio recording feature to record MIDI ,audio file protected by DRM to another audio format:mp3,wav,wma.Other helpful features include audio-volume normalization, resampling, and supports 5.1 or 7.1 channels WMA file, the ability to edit tag information, and autorenaming with tag information. [* Key Features *] Download Ease Audio Converter 3.50 တော်တော်လေး အဆင်ပြေတယ်။ သုံးကြည့်ကြပါလား။ ကျွန်တော်ကတော့ wma ကနေ mp3 ပြောင်းဖို့အတွက် သုံးဖြစ်တာများတယ်။ သုံးဖူးသမျှ Converter ထဲမှာတော့ အခုထိ အကြိုက်ဆုံးလို့ ပြောလို့ရတယ်။ သုံးကြည့်လို့ ကြိုက်တယ်ဆိုရင်တော့ ကျွန...

MCC (MDY) မှ သူငယ်ချင်းများသို့

မင်းတို့ရဲ့ အောင်မြင်မှုအတွက် ငါ အရမ်းဝမ်းသာပါတယ်ကွာ။ နောင်မှာလည်း ဒီထက်ပိုပြီး အောင်မြင်တဲ့ ဆရာ/ဆရာမ ကောင်းတွေဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ်။ မင်းတို့ အခုပုဂံမှာ ပျော်နေကြမယ်ဆိုတာ ငါသိပါတယ်။ စည်းစည်းလုံးလုံးရှိကြတဲ့ ငါတို့အုပ်စုကိုယ်စား ငါ အရမ်းဂုဏ်ယူပါတယ်ကွာ။ တစ်ကိုယ်ကောင်းဆန်ပြီး ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုး လုပ်တတ်တဲ့လူမျိုးတွေကိုတော့ ဥပက္ခောသာပြုထားလိုက်ကြပါကွာ။ သူတို့ထိုက်နဲ့ သူတို့ကံ အကျိုးပေးသွားပါလိမ့်မယ်။ ပြောလည်း သိမယ့်လူတွေမဟုတ်ဘူး။ မင်းတို့အားလုံး ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင်နဲ့ တာဝန်တွေ ဆက်လက်ထမ်းဆောင်နိုင်ကြပါစေလို့ ထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ်ကွာ။ ပြန်လာရင်တော့ အီးမေးလ်ပို့ဦး ... ကွန်နက်ရှင်ကောင်းပါစေလို့လည်း ဆုတောင်းပေးပါတယ်။ အင်းခရုက ကွန်နက်ရှင်ဆိုတော့ ခရုလို နှေးနေမှာစိုးလို့ပါ :P

အမေများနေ့

ဒီနေ့ ပြာသိုလပြည့် အမေများနေ့ပါ။ မေမေ့ကို သား အဝေးတစ်နေရာမှ ဦးခိုက်ကန်တော့လိုက်ပါတယ် မေမေ။ ဝေးလေလေ မိဘအချစ်တရား ပိုသိလေ ဆိုသလိုပါပဲ။ အဝေးရောက်မှ မိဘမေတ္တာ မိဘရင်ခွင်ကို ပိုပြီး ငတ်မွတ်လာတယ်။ မေမေ ကျန်းမာချမ်းသာပါစေလို့ သား အမြဲဆုတောင်းပါတယ် မေမေ။ မေမေနေကောင်းလား အမေ့ရုပ်ရည် အရိပ်စစ်

Happy New Year

နှစ်သစ်မနက်ပိုင်း ဖုန်းဆက်လို့မရတာကလွဲရင် ကျန်တာအားလုံးအဆင်ပြေတယ်။ တော်တော်ဆိုးဝါးတဲ့ ဖုန်းလိုင်းတွေပဲ။ နှစ်သစ်အတွက် ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဒီနေ့ ဒီမှာ ထူးထူးခြားခြား နေရောင်တွေဘာတွေမြင်နေရလေရဲ့။ နှစ်သစ်မို့လို့လားတော့ မသိဘူး။ ရာသီဥတုကတော့ အအေး နဲနဲပေါ့သွားပြီ။ မနေ့ည ၁၀နာရီလောက်ကတော့မြို့ထဲကိုရောက်သွားသေးတယ်။ အစကတော့ မြစ်ဘေးကို သွားမလို့ဘဲ။ မမှီတော့တာနဲ့ မြို့ထဲမှာပဲ နယူးရီးယားကျလိုက်တော့တယ်။ စည်ကားနေတဲ့ လူအုပ်ကြီးကိုမြင်တော့ မန်းလေးကျုံးဘေး နယူးရီးယားညကို အရမ်းသတိရမိတယ်။ နေ့သစ်