Skip to main content

Posts

Using "site" Query modifier in Google Search

site: If you include [site: ] in your query, Google will restrict the results to those websites in the given domain. For instance, [help site:www.google.com] will find pages about help within www.google.com. [help site:com] will find pages about help within .com urls. Note there can be no space between the "site:" and the domain. [ more ] Website တစ်ခုထဲကို အတွင်းကျကျ နှိုက်ပြီး လိုချင်တာ ရှာဖွေချင် တဲ့အခါ "site" Query Modifier က တော်တော်လေးအသုံးဝင်ပါတယ်။ အင်တာနက်မှာဆိုရင် rapidshare.com တို့ megaupload.com တို့မှာ File တွေ Application တွေ Software တွေ သီချင်းတွေ တော်တော်များများ Upload လုပ်ကြတယ်။ အဲဒီထဲမှာမှ ကိုယ်လိုချင်တဲ့အရာတစ်ခုခုကို ရှာချင်တယ်ဆိုရင် ဒီ Que ry Modifier ကို အသုံးပြုနိုင်ပါတယ်။ ဥပမာ ... ကျွန်တော်အခု Kaspersky Antivirus ကို လိုက်ရှာနေတယ် ဆိုပါစို့။ rapidshare.com မှာ သူများတွေ sharing လုပ်ထားကြတာတွေ သေချာပေါက်ရှိတယ်။ ဒါပေမဲ့ download လုပ်ရမည့် add/url ကို မသိဘူး။ အဲဒါကြောင့် Google မှာ ဒီလိုရို...

ခေါင်းစဉ်မရှိပါ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး Colindale ဘုန်းကြီးကျောင်းမှာ ရောက်နေခဲ့တာ ဒီနေ့မှပဲ ပြန်ရောက်တော့တယ်။ ။ တနင်္ဂနွေနေ့က အလုပ်ပြီးပြီးချင်း ဘုန်းဘုန်းဆီရောက်တော့ အန်တီစုမွေးနေ့ ကျင်းပမယ်လို့ သိရတယ်။ အဲဒါနဲ့ လိုက်သွားပြီး လုပ်အားပေးလိုက်တယ်။ အန်တီစုကိုချစ်သူများ နှင့် လေးစားကြသူများ တော်တော်များများ တက်ရောက်ကြပါတယ်။ အဲဒီနေ့က သံရုံးမှာလည်း ခင်မောင်တိုးတို့အဖွဲ့ ဖျော်ဖြေတဲ့ပွဲ လုပ်ကြပါတယ်။ ပထမဆုံးအနေနဲ့ ဘုန်းဘုန်းက အခမ်းအနားမှာ နမောတသ သုံးကြိမ်ရွတ်ဆိုပြီး အန်တီစုအတွက် ဆုတောင်းတွေကိုရှေ့ကနေ တိုင်ပေးတယ်။ စိတ်ထဲမှာတော့ တစ်မျိုးပဲဗျာ။ ၀မ်းနည်းသလိုလို စိတ်မကောင်းဖြစ်မိသလိုလိုတော့ ခံစားရတယ်။ နောက် ... ကျန်တဲ့ ဘာသာဝင်များကလည်း သူတို့ ဘာသာအလိုက် အန်တီစုအတွက် ဆုတောင်းပေးကြတယ်။ ဆုတောင်းပေးတဲ့ စကားတွေဟာ ရင်ထဲမှာ အရမ်းထိတယ်။ အရိုးသားဆုံး ၀န်ခံရရင် ကျွန်တော်စိတ်မကောင်းဖြစ်မိပြီး မျက်ရည်တောင် ၀ဲမိတယ်။ ၁၉ နှစ်လုံးလုံးဗျာ ... ။ အဲဒီနောက်မှာတော့ တီးဝိုင်းနဲ့အတူ အန်တီစုအတွက် အမှတ်တရတေးများ ဂုဏ်ပြုတေးတွေကိုသီဆိုကြတယ်။ တစ်ချို့သီချင်းတွေကို နားစဉ်မိတဲ့အခါ ကြက်သီးထပြီး စိတ်တွေကြွလာသလို စိတ်မကောင်းလည်း ဖြစ်မိတယ်။ လှော...

Speed Painting by Nico Di Mattia

Photoshop မှာပါတဲ့ Brush Tool တစ်ခုတည်းကိုပဲ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုပြီး ဆွဲသွားတာပါ။ သူရဲ့ Brush အသုံးပြုမှု skill ကတော့ တကယ့်ကို အံ့မခန်းပါပဲ။ Tags: brush skill , photoshop brush , speed painting

အိပ်ကြသည် ဆိုရာဝယ်

London Underground ပေါ်မှာ လူတွေ နည်းအမျိုးမျိုးနှင့် အိပ်ကြပါတယ်။ မတ်တတ်ရပ်လည်း အိပ်ကြတယ်။ ထိုင်ပြီးတော့လည်း အိပ်ကြတယ်။ မှီပြီးတော့လည်း အိပ်ကြတယ်။ အထူးသဖြင့် ညနေပိုင်း ရုံးဆင်းချိန်တွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။ တစ်နေကုန် ပင်ပန်းလာသမျှ ရထားထဲမှာ ဂျုံးဂျုံးဂျက်ဂျက် အသံလေးနဲ့ ငြိမ့်ကြတာပေါ့။ မနက်ပိုင်းတွေမှာလည်း တွေ့ရတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ညပိုင်း အလုပ်လုပ်တဲ့သူတွေက မနက်ပိုင်းရောက်မှ ရထားစီးပြီး ပြန်ကြတာလေ။ အဲဒီတော့ ၁၅မိနစ်ရလည်း နည်းသလားဆိုပြီး ရသလောက်အချိန်လေး အိပ်ကြတယ်။ တစ်ခါတလေ အိပ်တာလွန်ပြီး station ကျော်သွားလို့ ပြန်ပြီး စီးရတာတွေလည်းရှိတယ် (မောင်CMS အပါအ၀င်ပေါ့) အခုလည်း ရထားပေါ်မှာ ကျွန်တော် တွေ့ရသလောက် လျှက်တပြတ် မှတ်တမ်းတင်ထားလိုက်တယ်။ အသိတွေများ ဖြစ်နေရင်တော့ ခွင့်လွှတ်နိုင်ကြပါစေသတည်း ... ဟိဟိ ... ကိုယ့်အလှည့်ကြမှ ဘယ်သူချောင်းပြီး ရိုက်မလဲ မသိဘူး ဓာတ်ပုံ ရိုက်မှန်းသိလို့ တမင်တကာ ပဲ ပေးပြီး အိပ်နေတာလားမသိဘူး ဟေ့လူ ... ထ ... ထ ... station ကျော်သွားပြီ London Underground နဲ့ ပက်သက်ပြီး စိတ်ဝင်စားစရာတွေကို တော့ အောက်ပါ Link များမှာ သွားရောက် ဖတ်ရှူ့နိုင်ပါတယ်။ Tube Diary blog ...

မိုး သီချင်းများ

မိုးနဲ့ပက်သက်တဲ့ သီချင်းများကို ရနိုင်သမျှ စုစည်းပေးလိုက်ပါတယ်။ မိုးနဲ့ပက်သက်၍ ကျန်ရှိနေသေးသော (သို့) မျှဝေပေးလိုသော သီချင်းများရှိခဲ့ရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ သီချင်းများ နားဆင်ရင်း အပန်းဖြေ ပျော်ရွှင်နိုင်ပါစေ မိုးရာသီထဲ - Lဆိုင်းဇီ မိုးလေးဖွဲတုန်း - မျိုးကျော့မြိုင်၊ ထွန်းအိန္ဒြာဗို ၀မ်းနည်းမှတ်တမ်း - စိုင်းစိုင်းခမ်းလှိုင် အချစ်မိုး - ဂျေညီညီ မေမြို့မိုး - စိုင်းထီးဆိုင် မေဦးမိုး - ရင်ဂို ဒီမိုး - ဂျေညီညီ အခါလွန်မိုး - ထူးအိမ်သင် အလွမ်းမိုးစက်များ - အဲလက်စ် ထစ်ချုန်းမိုး - ဇော်ဝင်းထွဋ် ဇူလိုင်မိုး - ဆောင်းဦးလှိုင် မိမိုးကို - အဲလက်စ် မိုး - ထွန်းအိန္ဒြာဗို မိုးမျှော်သူ - စံလင်း မိုးနဲ့အတူငိုနေမယ် - မေစံပယ်ညို မိုးည - ခရီးသွားငါးယောက် မိုးသည်းထဲမှာ - ၀ိုင်ဝိုင်း မိုးသည်းထဲမှာ ပုန်းရှောင်သူ - NGIIK မိုးရာသီအလွမ်း - XBanana တစ်ခါတုန်းက - ရသ မိုး - ကျော်သူစိုး၊ Rဇာနည် မိုးနဲ့မျက်ရည် - ရဲလေး မိုးပြေးလေး - YoYo မိုးပြေး - ခင်ဘုန်း ရွာသာရွာပါမိုး - ဖြိုးကြီး၊ ငယ်ငယ် မိုးသက်တင်လေ - လွှမ်းမိုး ရွာမယ်ဆိုရင်လေ - မီမီဝင်းဖေ (ဒဏ္ဍာရီသီချင်းများမှ) မိုးသီချင်း - N...

19 June - June 19

ဘာလိုလိုနဲ့ ငါချစ်တဲ့လူတွေ ငါမြတ်နိုးတဲ့နေရာတွေနဲ့ ဝေးနေခဲ့တာ တစ်နှစ်ပြည့်သွားပြီ။ လွန်ခဲ့တဲ့နှစ်က ဒီလိုနေ့ ဒီလိုအချိန်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို မျက်စိထဲ စိတ်ထဲမှာ ပြန်မြင်ယောင်နေမိတယ်။ ကုန်ဆုံးခဲ့တဲ့ တစ်နှစ်ဆိုတဲ့ အချိန်တွေကြားမှာ ငါဟာ အကျိုးရှိတာတွေလုပ်ခဲ့တဲ့ အချိန်တွေရှိသလို အကျိုးမရှိ အရည်မရ အဖတ်မရ လုပ်ခဲ့တဲ့တာတွေလည်း ရှိခဲ့တယ်။ ငါ့ကိုယ်ငါ စဉ်းစားဆင်ခြင်သင့်တယ်။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" အဲလိုဖြစ်နေရင်တော့ ငါဟာ ... ။ အင်း ... ပျှမ်းမျှခြင်းကို ကြည့်လိုက်ရင် ငါ မတိုးတက်သေးပါဘူး။ လွင့်မျောနေမိတဲ့ စိတ်တွေနဲ့အတူ ... ခင်ဝမ်း ဆိုထားတဲ့ "ဆယ်လမွန်ငါးတို့အပြန်" သီချင်းလေးကို နားစဉ်နေရင်းနဲ့ အတွေးတွေ နယ်ချဲ့နေမိတယ်။ ဒီသီချင်းလေးကို ကိုအော်လံမောင် အဓိပ္ပယ်ဖော်ထားတာကိုလည်း သဘောကျမိတယ်။ စာသားလေးတွေက အရမ်းလေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ပြန်ပြီး မျှဝေချင်ပါတယ်။ ဆယ်လမွန်ငါးတို့အပြန် ရေး/ဆို - ခင်ဝမ်း ရေလွှာလည်း ခင်းပျံ့ကြည်လင်စေ ၊ မိုးဦးလည်းလှပ သာယာစေ ဘ၀စေရာ တာဝန် ၊ ကျေပွန် ဆောင်ရွက်ခဲ့သူတို့ ၊ ရေစုန်ကို ဆန်ကာ ပြန်ခဲ့ပြီ မိုးဦးရေဆန် မိုးဦးရေဆန် ၊ ဆယ်လမွန်ငါးတို့ ...

Father's Day

အဖေ့ရဲ့ ဂရုဏာဒေါသ ကြင်နာမှုအပြည့်နဲ့စကားတွေ လှုပ်နိုးမှုပဲ့တင်သံ ကိုယ့်နားထဲကြားယောင်ဆဲ စိတ်မိုက်ကိုရွက်လွင့် မာနနဲ့လှော်ခတ်ရင်း မုန်တိုင်းတွေရဲ့ကြား အမှားများ ရှေ့ဆက်မမှားရအောင် ပဲ့ကိုင်ပေးသူ ကြီးမားတဲ့အကြင်နာအားတို့ရယ် ရိုက်ခတ်သံများ ဒီလောကမြေပင်တစ်ခုလုံး မယုံနိုင်အောင် တုန်ဟီးသွား "အဖေ"ကို ချစ်တဲ့သူတိုင်းအတွက် ဒီသီချင်းလေးကို နားဆင်ရင်း အဖေတွေရဲ့ ကြီးမားလှတဲ့ ကျွေးကျေးဇူးကို မြင်ယောင်သတိရနိုင်ပါစေ။ အဖေ ... သားရင်ထဲက ခံစားချက်တွေကို သီချင်းလေးနဲ့ပဲ ဖြေသိမ့်ပါရစေ။ ဖေဖေ ကျန်းမာပျော်ရွှင်ပါစေ။ Tags: father's day , remembrance