Skip to main content

Posts

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

၈၈ ခေါင်းဆောင် ကိုဌေးကြွယ် အဖမ်းခံရ

အရေးပါသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် အပါအဝင် တက်ကြွ လှုပ်ရှားသူ ၄ ဦးကို စစ်အစိုးရက ယနေ့ နေ့လည်က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောကြသည်။ အရေးပါသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် အပါအဝင် တက်ကြွ လှုပ်ရှားသူ ၄ ဦးကို စစ်အစိုးရက ယနေ့ နေ့လည်က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောကြသည်။ ကိုဌေးကြွယ်၊ မမီးမီး၊ ကိုအောင်သူနှင့် အခြား တယောက်ကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ “အပြင်တခု တနေရာကိုပေါ့ ရွှေ့နေတာနဲ့ တူတယ် ပါတယ် လမ်းမပေါ်မှာလို့ ပြောတယ် လေးယောက် ဆိုပြီးတော့ ပြောတယ်။ ကိုဌေးကြွယ်၊ မမီးမီး၊ ကိုအောင်သူ ဒါပဲ သိတယ်။ ကျန်တာတော့ ပါသွားတာပဲ သိတယ်။” ဟု အမည်မဖော်လိုသူ ရန်ကုန်မြို့ခံ တဦးက ပြောသည်။ စစ်အစိုးရက ပိုက်စိတ်တိုက် လူဖမ်းပွဲ ကျင်းပပြီး တယ်လီဖုန်းလိုင်း အများအပြား ဖြတ်တောက်ထားသည့် အတွက် သီးခြား အတည်ပြုချက်များ မရနိုင်ဘဲ ရှိသည်။ သို့သော် အခြားသော မြို့ခံတဦးကလည်း ဖမ်းဆီးခံရသည့်သတင်း ကြားသိရကြောင်း ပြောကြားပြီး နောက်တဦးမှာ ကိုကို ဖြစ်သည်ဟု ဆိုသည်။ သြဂုတ်လ ၂၁ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ခေါင်းဆောင် ၁၃ ဦး ဖမ...

စက်တင်ဘာ ၂၄ ရက် မန္တလေးမြို့ သံဃာတော်များ လှည့်လည်မှုအခြေအနေ

စက်တင်ဘာ ၂၄ ရက်နေ့ ယနေ့ သံဃာတော်များ စီတန်းလှည့်လည်မှုအခြေအနေဖြစ်ပါတယ်။ နေရာကတော့ 32 လမ်း၊ 81 လမ်းနှင့် 82 လမ်းကြားဖြစ်ပါတယ်။

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

Eric Schmidt Defines Web 3.0

Google CEO Eric Schmidt launched into a great definition of Web 3.0 at the Seoul Digital Forum . He said that while Web 2.0 was based on Ajax , Web 3.0 will be "applications that are pieced together" - with the characteristics that the apps are relatively small, the data is in the cloud, the apps can run on any device (PC or mobile), the apps are very fast and very customizable, and are distributed virally (social networks, email, etc). via : readwriteweb Tags: web3.0 , web2.0 , Google CEO , Eric Schmidt , ajax , seoul digital forum

ငါ့အပြစ်နဲ့ ငါပါပဲ

ကျွန်တော်သည် ဘလော့ပို့စ်များ၌ သူငယ်ချင်းတို့၏ ဘလော့လိပ်စာများ၊ website link များ၊ သီချင်းများ၊ ရည်ညွှန်းချက်ပါသော လေ့လာရန်ကောင်းသည့် ဆိုဒ်များကို အပင်ပန်းခံကာ စာရင်းလုပ်ခဲ့ဖူး၏။ ဤလင့်ခ်များကို ယခုအခါ ဘလော့တော်တော်များများ၌ တွေ့နေရလေသည်။ သို့သော် ၀မ်းနည်းစရာကောင်းသည်ကား link များ သီချင်းများကို စိတ်ရှည်စွာ ပြုစုပေးထားသူ ကျွန်တော်မျိုး၏ နာမည် ပျောက်နေလေချေ၏။ ကျွန်တော် နေ့တစ်နေ့အတွက် အထူးခံစားရေးသားသည့် ပို့စ်တစ်ခု၌ပါဝင်သော စာလုံးတစ်ချို့(quote တစ်ချို့)ကို မြန်မာ website တစ်ခု၌ ကိုးကားစာသားအနေဖြင့် ထည့်သွင်းထားသည်ကို တွေ့မြင်ရပါသည်။ ကျွန်တော့်ဘလော့လေးကို ညွှန်းထားသည့်အတွက်တော့ ပျော်ရွှင်မိပါသည်။ သို့သော် ... ခွင့်ပြုချက်လေးပါတောင်းပြီး ထည့်လိုက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဘက် ပိုမိုအဆင်ပြေသွားလိမ့်မည်ဟု ယုံကြည်မိပါသည်။ ကျွန်တော် ယခုကဲ့သို့သော အကြောင်းအရာများ၊ အလားတူ ပြဿနာများကို ဥပမာများစွာ ကိုယ့်ရှေ့မှာတွေ့မြင်ပြီးသည် ဖြစ်ရာတကား ဆက်လက်၍ မရေးသား မပြောပြချင်တော့ပါ။ ကျွန်တော်သည် ဘလော့တစ်ခု၏ ပို့စ်တစ်ခု၌ comment ရေးပေးခဲ့ဖူးသည်။ အခုတလော အလုပ်ရှုပ်နေသောကြောင့် အဲဒီဘလော့ကို မရောက်ဖြစ်တာကြာခဲ့လေပြ...