Skip to main content

Posts

သီတင်းကျွတ်လပြည့်

မင်္ဂလာရှိသော သီ တင်း ကျွတ် လပြည့်နေ့ပါ။ သီတင်းကျွတ်ကာလကို ရောက်ပြီဆိုရင် ငယ်ငယ်က မိဘဘိုးဘွားတွေ လိုက်ပြီးကန်တော့၊ မီးပန်းဆော့၊ ဗျောက်အိုးဖောက်ခဲ့တာတွေကို သတိရတယ်။ လူလတ်ပိုင်းရောက်လာတော့ လူကြီးမိဘ၊ ဆရာသမားတွေကို ရိုရိုသေသေနဲ့ လိုက်ပြီးကန်တော့။ အဲ ဒါပေမဲ့ ဗျောက်ကတော့ ဖောက်သေးတာပဲ။ ကျုံးကြီးကို ဆိုင်ကယ်ပတ်စီးပြီး ဖောက်ကြတာလေ :P လူကြီးပိုင်း ... အဲ ... မရောက်သေးတော့ ပြောလို့မရသေး ... ;) ဒီမှာတော့ မြန်မာပြည်ရဲ့ ဆယ့်နှစ်လရာသီပွဲတွေ၊ အမှတ်တရနေ့တွေဟာ ဘာမှန်းမသိအောင်ပဲ ကုန်ဆုံးဖြတ်ကျော်သွားတယ်။ တစ်ခါတလေ မေ့တောင်နေတယ်။ ဒီနေ့ ကိစ္စတစ်ခုကြောင့် ဘုန်းဘုန်းဦးဥတ္တဆီကို ဖုန်းဆက်တော့ ဘုန်းကြီးကျောင်းမှာ လပြည့်နေ့ ပွဲရှိတယ်လို့ သိရပေမယ့် ကျောင်းသွားစရာ ကိစ္စတစ်ခုကြောင့် သွားဖြစ်မယ် မထင်တော့ဘူး။ ဒီနှစ်တော့ အသိထဲက ဘယ်သူတွေ စွံကြဦးမလဲ မသိဘူး။ ဖိတ်စာရိုက်တဲ့ လုပ်ငန်းတွေ၊ ပန်းအလှဆင်လုပ်ငန်းတွေ၊ မီးရှူးရောင်းသူတွေ ငွေသီးကြတဲ့ လပေါ့။ တစ်ချို့တွေလည်း ဒီအချိန်မှာ လူဆိုးတွေနဲ့ မောင်တိုင်ပင်လို့ အချိန်မီခိုးဖို့ ပြင်ဆင်ကြရပြီ (မိန်းမခိုးတာ ပြောပါတယ်)။ ဒီနှစ်ထဲမှာ မန္တလေးက ကိုငယ်လေးကြီးတော့ စွံသွားတယ်လို့ သတင်းကြားလို...

Photos from Piccadilly Circus

လန်ဒန်မြို့လယ်ခေါင်လို့ ပြောလို့ရတဲ့ Piccadilly Circus တ၀ိုက်မှာ ရိုက်ထားတဲ့ ပုံတွေပါ။ Circus ဆိုတဲ့ စကားဟာ Latin ဘာသာစကားမှ ဆင်းသက်လာတာဖြစ်ပြီး circle လို့ အဓိပ္ပာယ်ရကြောင်း သိရပါတယ်။ အခုဓာတ်ပုံမှာပါတဲ့ နေရာတွေဟာလည်း လမ်းဆုံနေရာကို စက်ဝိုင်းပတ်ပုံစံ တည်ဆောက်ထားတာဖြစ်လို့ Circus ဆိုတဲ့နာမည်လေးနဲ့ တွဲပြီး Piccadilly Circus ဆိုတဲ့ အမည်နာမကို ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ သောကြာနေ့နဲ့ weekend လိုရက်မျိုးတွေမှာ Piccadilly Circus လိုနေရာမျိုးတွေဟာ အရမ်းစည်ကားပါတယ်။ မြန်မာသံရုံးတည်နေရာဟာလည်း အဲဒီကနေဆိုရင် သိပ်ပြီး မဝေးလှပါဘူး။ ရထား စီးမယ်ဆိုရင် Piccadilly Circus ကနေ နောက်တစ်မှတ်တိုင်ထပ်စီး၊ နောက် ငါးမိနစ်လောက် လမ်းလျောက်ရုံနဲ့ မြန်မာသံရုံးကို ရောက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျောင်း ကအပြန် လမ်းကြုံတာနဲ့ ဓာတ်ပုံဝင်ရိုက်ဖြစ်သွားတာပါ။ ပုံမှန်အရဆိုရင်တော့ အဲလိုနေရာမျိုးကို သွားချင်ပေမယ့် သိပ်ပြီးမသွားဖြစ်ပါဘူး။ ဘာလို့လည်းဆိုတော့ မြို့လယ်ဖြစ်လို့ Travel Ticket ဈေးကြီးတာရယ်၊ နောက်တစ်ခုက လူစည်ကားတဲ့နေရာကို တစ်ယောက်တည်း ငေါင်တောင်တောင်နဲ့ မသွားချင်ဘူး။ နောက်မှ ... ;)

Useful Web-based Image Editors

ဓာတ်ပုံတစ်ခုကို အရေးတကြီးပြင်ဖို့အတွက် photo editing software သင်မှာမရှိခဲ့ဘူးဆိုလျှင် ဒါမှမဟုတ် ဓာတ်ပုံတစ်ခုကို အလွယ်တကူပြင်ဖို့ photoshop, imageready, illustrator စတဲ့ software တွေကို သုံးရမှာ ၀န်လေးနေတယ်ဆိုရင် အောက်ပါ website တွေကို သင့်ရဲ့ photo ကို upload လုပ်ပြီး editing လုပ်နိုင်ပါတယ်။ ခြွင်းချက်အနေနဲ့ သင်အသုံးပြုနေတဲ့ pc မှာ internet connection လေးတော့ ရှိရပါလိမ့်မယ်။ Pixlr Splashup Phoenix Pixer.us FotoFlexer Sumo Paint Picnik 72photos PicMagick Photoshop.com ကျန်းမာပျော်ရွှင်ပါစေ :)

Mobile Phone Secret Codes

နာမည်ကြီး Mobile တွေအတွက် Secret Codes တွေပါ။ ဘယ်လို secret မျိုးလဲဆိုတော့ ဥပမာ ... မိမိအသုံးပြုနေတဲ့ ဖုန်းရဲ့ IMEI Number ကို ဘယ်လိုကြည့်ရလဲ ဒါမှမဟုတ် မိမိဖုန်းရဲ့ Software Version ကိုကြည့်ချင်ရင် ဘယ်ခလုပ်တွေကိုနှိပ်ရလဲ ဒါမှမဟုတ် Sim Card Info ကိုဘယ်လိုကြည့်မလဲ စသည်ဖြင့်ပေါ့။ နာမည်ကြီး Brand တွေဖြစ်တဲ့ LG Nokia Samsung Sony Ericcson အစရှိတဲ့ mobile တွေအတွက်ပဲဖြစ်ပါတယ်။ code တွေကို စမ်းတဲ့အခါမှာ p, w, + စတဲ့ sign တွေကိုအောက်ပါအတိုင်းရိုက်ပြီး အသုံးပြုနိုင်ပါတယ်။ + > press * 2 times p > press * 3 times w > press * 4 times Download ပေးထားတဲ့ File ထဲမှာ အထက်ပါ secret code တွေအပြင် Unlocking ပြုလုပ်တဲ့ Code တွေလည်းပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီအပိုင်းကိုတော့ စမ်းကြည့်ဖို့ မတိုက်တွန်းချင်ပါဘူး။ ပျက်သွားခဲ့ရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲနော် :P ကျွန်တော်နဲ့ မဆိုင်ဘူး :) Download Mobile Secret Codes Here

MANDALAY ICON MAGAZINE

Mandalay Icon Magazine ဒီနေ့ အင်တာနက်မှာ ဟိုဟိုဒီဒီသွားလာရှာဖွေရင်း မန္တလေးအလွမ်းပြေဖတ်လို့ရတဲ့ မဂ္ဂဇင်း website တစ်ခုကို သွားတွေ့တယ်။ မန္တလေး အခြေစိုက် Regent Group က တည်ထောင်ထားတဲ့ Website တစ်ခုဖြစ်ပါတယ်။ ဒီနှစ်ထဲမှာစတင်လွှင့်တင်တာဖြစ်ပြီး Volume အရပြောရင် Volume 1 လောက်ပဲရှိပါဦးမယ်။ ဒါပေမဲ့ ပါဝင်တဲ့အကြောင်းအရာတွေကတော့ စိတ်ဝင်စားဖွယ်ရာကောင်းလှပါတယ်။ ဥပမာ ညီစေမင်းရေးသားတဲ့ မန္တလေး နှစ် ၁၅၀ အကြို ဆောင်းပါးတစ်ခုဖြစ်တဲ့ ကူးသည့် လသင်းဇံ ၊ စိန်မြင့် (ရွှေချည်ထိုး) ၏ မင်းနှစ်ပါးညီနောင် လ၀ါခေါင် ၊ ဦးကျော်ရင်မြင့်၏ သရဖီရနံ့သင်းပျံ့တဲ့ သခင်မတောင် ၊ အယ်ဒီတာကြီး မချောအိမာန် (မန္တလေး)၏ မန္တလေးမုန့်တီ (ဗိုက်တောင်ဆာလာပီ :P)၊ မောင်ကိုကို (အမရပူရ) ၏ မန္တလေးစက်ဘီး နာမည်ကြီးတယ် စတဲ့ မန္တလေးအလွမ်းပြေ ကဗျာလေးတွေအပြင် Photo Album ကဏ္ဍမှာပါဝင်တဲ့ ဒါးတန်းဦးသန့် (၁၉၀၇-၁၉၈၈) ၏ ၁၉၆၀ ၀န်းကျင်က ရိုက်ကူးထားသော မန္တလေးမြို့ လူနေမှုနဲ့ရှူ့ခင်းဓာတ်ပုံတွေ ကိုလည်း တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။ အင်တာဗျူး ကဏ္ဍမှာတော့ ရုပ်ရှင်ဗွီဒီယိုလောကမှာ နာမည်ရလာတဲ့ သူငယ်ချင်းကြီး ရဲတိုက်နှင့် တွေ့ဆုံမေးမြန်းခန်း ကို တင်ဆက်ထားပါတယ်။ ကျွန်တော့်အတ...

၆လပြည့် စွမ်းထက်လေး

ခြောက်လပြည့်မွေးနေ့မှာ ... သားသားလေးစွမ်းထက် ကျန်းမာချမ်းသာပြီး အသက်ရာကျော်ရှည်ပါစေ။ ပညာတတ်ကြီးဖြစ်ပြီး မိဘကို ကျေးဇူးဆပ်နိုင်တဲ့ သားကောင်းရတနာလေးဖြစ်ပါစေလို့ ဦးဦး CMS ဆုတောင်းပေးလိုက်ပါတယ်။ သားသားလေးစွမ်းထက် ... တကယ်ဆိုရင် မင်းကိုမွေးတာ မနက်ဖြန်ရောက်မှ ၆လပြည့်မှာ။ ဒါပေမဲ့ ဦးဦးCMS ဒီနေ့ကတည်းက ကြိုပြီးဆုတောင်းပေးလိုက်ပါတယ်။ မင်းဟာ တကယ်ထူးခြားတာပဲ။ မွေးတာက April 1 ရက်နေ့။ မျက်နှာလေးက အေးချမ်းတည်ငြိမ်ပြီး ဂျီလည်း မကျတတ်ဘူး။ ဘယ်သူပွေ့ခေါ်ခေါ် မငိုတတ်ဘူး။ မင်းလို ကလေးမျိုးကတော့ တကယ်ရှားတယ်။ မင်းရဲ့မေမေနဲ့တူတာလား ဒါမှမဟုတ် မင်းရဲ့ဖေဖေနဲ့တူတာလား။ ဦးဦးတော့ သေချာပေါက်မပြောတတ်ဘူးကွ။ ပြောတာမှားသွားရင် ဦးဦးဒုက္ခရောက်လိမ့်မယ်။ ဒီတော့ မင်းရဲ့မေမေ ပဲ သိလိမ့်မယ်ထင်တယ် :)

Global Pagoda

ရွှေတိဂုံဘုရားကို ပုံစုံယူပြီးတည်ဆောက်ထားတာပါ။ Global Pagoda လို့နာမည်ပေးထားပြီး အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရဲ့မြောက်ဘက်ပိုင်းမှာတည်ရှိပါတယ်။ တည်ဆောက်မှုအားလုံးနီးပါး ပြီးစီးနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ Land Mark တစ်ခု တစ်ခြားနိုင်ငံကို ရောက်သွားပြန်ပြီပေါ့ဗျာ။ More info: Global Pagoda Modern Wounder of The World World's Largest Stone Dome Rises ဒီအကြောင်းကို Mandalay Google Group မှာ ဖော်ပြပေးတဲ့ ကိုထိန်လင်းကို ကျေးဇူးတင်ပါတယ်။