Skip to main content

Posts

Polar Panorama နှင့် မိတ်ဆက်ခြင်း

Polar Panorama ပုံစံတွေကို မြင်ဖူးနေတာ အတော်ကြာပါပြီ။ ဒါပေမဲ့ ဘယ်လိုလုပ်ရတယ်ဆိုတာ မသိခဲ့ဘူး။ ဒီနေ့ Design Tutorial တွေလိုက်ဖတ်ကြည့်ရင်း Polar Panorama လုပ်ပုံလုပ်နည်းတွေကို တွေ့ခဲ့တယ်။ ဒါနဲ့ပဲ ရိုက်ထားတဲ့ ပုံတစ်ပုံကို Photoshop ထဲမှာ မန်းမှုတ်လိုက်တာ အောက်ပါအတိုင်း ထွက်လာပါတယ်။ Polar Panorama ပြုလုပ်ရာမှာ အဓိကကျတဲ့ Photoshop Filter နှစ်ခုကတော့ Polar Coordinates နဲ့ Spherize တို့ပဲဖြစ်ပါတယ်။ Panorama ပုံတစ်ပုံကို ရိုက်ယူပြီးပြီဆိုလျှင် ထို Filter နှစ်ခုနဲ့ လိုသလို ကစားယူနိုင်ပြီး Polar Panorama ပုံတစ်ပုံကို ဖန်တီးရယူနိုင်ပါတယ်။ Panorama ရိုက်ထားတဲ့ပုံ မဟုတ်ရင်လည်း ဓာတ်ပုံကို Resizing လုပ်ယူပြီး Polar Panorama ဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ Tutorial တွေကို အောက်ပါ website များမှတဆင့် လေ့လာနိုင်ပါတယ်။ Create Your Very Own Planet How to make Polar Panorama with photoshop Producing Polar Panorama How to Create Your Own Planets Using Your Panoramas Polar Panorama Group on Flickr

နှစ်သက်မိသော ကြော်ငြာများ (၄)

Gatwick Airport မှာရှိတဲ့ shopping နှင့် Car Parking တို့အတွက် ကြော်ငြာများဖြစ်ပြီး လေယာဉ်တွေကို လူပုံစံ သရုပ်ဖော်ထားတဲ့ idea ကတော့ အရမ်းကို သေသပ်ကောင်းမွန်လှပါတယ်။ Gatwick Airport ဟာ UK မှာ ဒုတိယမြောက်အကြီးဆုံး airport ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေထဲမှာဆိုရင် ဆယ်ခုမြောက် အ၀င်အထွက်အများဆုံး airport ဖြစ်ပါတယ်။ Terminal ၂ခုရှိပြီး လေယဉ်လိုင်းပေါင်း ၈၀ ခန့်ပြေးဆွဲလျှက်ရှိပါတယ်။ ဒါပေမဲ့ လေဆိပ်သို့သွားရသည့်ခရီး ဝေးကွာလွန်းတဲ့အတွက်ကြောင့် ရထားခရီးဖြင့် သွားလာရလွယ်ကူပြီး UK ရဲ့အကြီးဆုံး လေဆိပ်ဖြစ်သည့် Heathrow Airport ကိုပဲ အသုံးပြုကြတာများပါတယ်။ Heathrow လေဆိပ်မှာတော့ Terminal ပေါင်း ၅ ခုရှိပါတယ်။

Burma VJ ကြည့်လို့ရပြီ

ရွှေဝါရောင်တော်လှန်းရေးကို နောက်ခံထားပြီး သတင်းထောက်တွေအကြောင်းကို ရိုက်ကူးထားတဲ့ Burma VJ ဇာတ်ကားကို ကြည့်ရှူ့နိုင်ပါပြီ။ ဇာတ်ကား တစ်ကားလုံး ၈၅ မိနစ် ရှိပါတယ်။ Youtube မှာ အပိုင်းတွေခွဲတင်ထားပြီး အားလုံးပေါင်း ၉ ပိုင်းရှိပါတယ်။ Youtube မှာ Video တစ်ခုတင်ရင် ၁၀ မိနစ်စာပဲရတဲ့အတွက် အပိုင်း ၉ ပိုင်းဖြစ်သွားတာပါ။ ဒါပေမဲ့ အပေါ်က Video ကတော့ Playlist အနေနဲ့ လုပ်ထားတာဖြစ်တဲ့အတွက် တစ်ပိုင်းပြီးတာနဲ့ နောက်တစ်ပိုင်း Auto play လုပ်သွားမှာပါ။ မြန်မာ့သမိုင်းမှာ ဘယ်လိုမှ မေ့လို့မရတော့တဲ့ အဖြစ်အပျက်တွေပါ။

England မှာလည်း Swine Flu သောင်းကျန်းနေပြီ

The number of new swine flu infections in England has doubled in the past week, the government says. There were an estimated 100,000 new cases with the under 14s the worst hit. It comes as the National Flu Service was launched, offering sufferers access to drugs on the phone and via the internet without the need to see a GP. Via : BBC NEWS နှာစေး၊ ချောင်းဆိုးဖြစ်နေရင်တောင် ကိုယ့်ကိုကိုယ်လန့်နေရပါလား Swine Flu ရယ်။ ဘာပဲဖြစ်ဖြစ် နံပါတ်တစ်အနေနဲ့ ကျန်းမာရေးကို ဂရုစိုက်နေမှ ဖြစ်တော့မယ်။ မိတ်ဆွေတို့လည်း သတိထားနေထိုင်နိုင်ဖို့ တစ်ခါတည်း အသိပေးလိုက်ရပါတယ်။

နှစ်သက်မိသော ကြော်ငြာများ (၃)

ဘေးကနေ ဘယ်လောက်ပဲ စကားတွေပြောပြော၊ အတင်းတွေ အုပ်အုပ်၊ စပ်မိစပ်ရာတွေပဲ ပြောပြော Sony Noise Canceling Headphone တပ်ထားပြီးကတည်းက ဂရုကိုမစိုက်တော့တာ ;) လူတွေရဲ့ခေါင်းတွေကို အော်လံပုံစံဖန်တီးထားတာ တကယ်သဘောကျတယ်။ အရင်တုန်းက နားကျပ်တွေတပ်ပြီး သီချင်းတွေနားထောင်ရင် တစ်ချို့လူကြီးတွေ စကြတာ မှတ်မိသေးတယ်။ "မင်းရဲ့ နားကြားကိရိယာကြီး ခဏဖြုတ်ထားပါဦးကွာ" တဲ့ :P စာအုပ်ရောင်းဆိုင်တစ်ဆိုင်ရဲ့ ကြော်ငြာဖြစ်ပါတယ်။ ဖန်တီးထားတဲ့ အိုင်ဒီယာတော်တော်လေးကောင်းပါတယ်။ Ebookတွေ ပေါ်လာပေမယ့်လည်း စာအုပ်တွေဟာ ဘယ်လောက်အရေးပါနေဆဲဆိုတာကို ဖော်ပြတဲ့သဘောပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ebook ဖတ်ရတဲ့အရသာကို ဘယ်လိုမှ ခံစားလို့မရပါဘူး။ အဓိကကတော့ ရေရှည်မဖတ်နိုင်တာပါ။ Computer screen ပေါ်မှာဖတ်ရတာဖြစ်တဲ့အတွက် ကြာကြာဖတ်ရင် မျက်စိကိုက်လာတယ်။ နောက်ပြီး နေရာရွေးပြီးဇိမ်ခံဖတ်ဖို့ မလွယ်ပါဘူး။ Ebook reader တွေပေါ်လာပေမယ့်လည်း ဖတ်ရတာအဆင်မပြေလှပါဘူး။ စာအုပ်တွေကိုတော့ နှစ်သက်မြဲ နှစ်သက်နေဆဲပါပဲ။ Ebook ရဲ့အားသာချက်တစ်ခုကတော့ ရေရှည်မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်တာပါပဲ။ မြန်မာဘာသာနဲ့ ebook တွေ ရယူချင်ရင်တော့ ဒီနေရာမှာ လင့်ခ်တွေက...

FBE Conference Remembrance

FBE (Forum of Burmese in Europe) Conference အမှတ်တရ FBE Conference ကို လန်ဒန်မြို့ South Bank University မှာ ဇွန်လ ၂၀ နှင့် ၂၁ ရက် နှစ်ရက်တိုင်တိုင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရေးနှင့် ပက်သက်သော ဆွေးနွေးချက်များကို အဓိကထားပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒုတိယနေ့မှ တက်ရောက်ခွင့်ရခဲ့သော်လည်း ဆွေးနွေးချက်များကို နားထောင်ရတာ အင်မတန်အကျိုးရှိခဲ့ပါတယ်။

နှစ်သက်မိသော ကြော်ငြာများ (၂)

ခေါင်းလျှော်ရည် ကြော်ငြာတစ်ခုပါ။ Extra Strong ဖြစ်လွန်းလို့ ဆံပင်တွေမှာ အာတာပူစီတွေ ကပ်ထားသယောင် ထင်ရပါတယ် :P TV မှာ မကြော်ငြာဘဲ Billboard တွေမှာ ဒီလိုပုံလေးတွေနဲ့ ကြော်ငြာတာနဲ့တင် လူတွေငေးကြည့်ပြီး ချက်ချင်းသတိထားမိသွားမည့် ကြော်ငြာမျိုးပါ။ Australia က Teenager တွေ ipod နားထောင်ပြီး လမ်းဖြတ်ကူးရင်း ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြတာတွေ များလွန်းလို့ NSW Police တွေက သတိပေးထားရတဲ့ ကြော်ငြာတစ်ခုပါ။ ဒီလိုကိစ္စတွေဟာ နိုင်ငံတကာမှာလည်း ဖြစ်ပျက်နေတာကို တွေ့မြင်နေကြရပါတယ်။