ပျော်ရွှင်ဖွယ်ရာ ဆိုတာကတော့ မွေးနေ့မို့လို့ ပြောတာပါ။ ဂုဏ်ယူစရာဆိုတာကတော့ အမေများနေ့နဲ့ တိုက်ဆိုင်နေလို့ပါပဲ။ မင်းရဲ့ပို့စ်မှာ မွေးမိခင်ဆီကို ဖုန်းဆက်တာ မရသေးတဲ့အကြောင်း တွေ့ပါတယ်။ ဝေဟင်ရေ ဆုတောင်းပေးပါတယ်ကွာ။ ဖုန်းလိုင်းတွေ မြန်မြန်ကောင်းပါစေလို့။ တစ်ခါတလေကျတော့လည်း အဲဒီ ဖုန်း ဆိုတာကြီးကို အရမ်းအမြင်ကတ်မိတယ်။ ဘာပဲဖြစ်ဖြစ်ကွာ မင်းပြောသလိုပါပဲ ငါတို့အမေတွေလည်း ငါတို့မွေးနေ့ ဒါမှမဟုတ် ငါတို့နဲ့ ပက်သက်တဲ့ အထိမ်းအမှတ် တစ်ခုခုအတွက်ဆိုရင် အမြဲဆုတောင်းပေးနေမှာ လက်ခတ်မလွဲပါပဲ။ ကျန်းမာပျော်ရွှင်စွာနဲ့ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ပါစေလို့ ထပ်ပြီး ဆုတောင်းပေးပါတယ်ကွာ။ အသက်တစ်နှစ် ထပ်ပြီးကြီးသွားပြန်ပြီ။
ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ကိုချမ်းမြစိုး ပေးတဲ့ဆုကြောင့်ထင်ပါတယ်... ဒီနေ့ညနေ မှပဲ ဖုန်းကောလို့ရတော့ တယ်... :)
ReplyDeleteကြားရတာ ၀မ်းသာပါ၏ :)
ReplyDeleteသူငယ်ချင်းကို အဲ့လိုအမှတ်တရ လုပ်ပေးတဲ့အတွက်..
ReplyDeleteU will be blessed...:P
thz: Ahmei :)
ReplyDelete