ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...
ကိုချမ်းတော့ လျှော့ရက် ရကောင်းပါရဲ့ :P
ReplyDeleteအင်း ... မင်းနဲ့ အတူတူလောက် လွတ်မယ်ထင်တာပါပဲကွာ :P
ReplyDeleteလုပ်ချလိုက်ပြန်ပြီ...ကြောက်ပါ့တော်...ရှေ့နေငှားထားလိုက်ပြီ....ဟီးဟီး..
ReplyDeleteစိတ်မကောင်းပါဘူး ညီလေးရာ ရှေ့နေငှားလည်း ရာဇ၀တ်ဘေးဆိုတာ ပြေးလို့မလွတ်ပါဘူး .. အစ်ကိုတို့နဲ့သာ စခန်းကို ခဏလိုက်ခဲ့ပါ ... ဟိုရောက်မှ ရှင်းကြတာပေါ့ :P
ReplyDeleteရယ်ရင်းနဲ့ ချောင်းဆိုးသွားတယ် ကို ချမ်းမြစိုး ။ အခုထိ ရယ်နေတုန်း ခင်ဗျာ ။
ReplyDeleteHahaha. really funny...
ReplyDeletenice bro.
ဟက်ဟက်ဟက် ......... ရှေ့နေရှာထားမှ
ReplyDeletenitu .. thx bro :)
ReplyDeleteKo KMT ... ၀မ်းနည်းပါတယ် ကိုကျော်မင်းထွန်း ခင်ဗျား အလာကောင်းပေမဲ့ အခါနှောင်းသွားပါပြီ ခင်ဗျားဟာ ဥပဒေပုဒ်မ (၃/က) နဲ့ ငြိစွန်းနေတဲ့အတွက် တရားဥပဒေကပေးတဲ့ အပြစ်ဒဏ်ကို ခံယူရမှာဖြစ်ပါတယ်။ ရှေ့နေရှာမနေပါနဲ့တော့ ပင်ပန်းပါတယ် .. တရားနဲ့သာဖြေပါ :P ဟတ်ဟတ်
ကော့မန့်ပေးသမျှသူကို ဇွတ်ကို ဆွဲထည့်နေတော့တာပဲ။ ဘာဟဲဟ... ရဲအုပ်ကြီး ခြမ်းမျဆိုး လား ?
ReplyDeleteညီလေး မြိုးကြော်ထွဏ်း ... မင်းအတွက် နောက်ပုဒ်မ တစ်ခုပိုသွားပြီ "၀တ္တရားနှောက်ယှက်မှု" .. ကိုက တာဝန်အရ လုပ်နေရတာပါ :P
ReplyDeleteမူရင်းက ဝိဇ္ဇာနဲ့ဗျူးတို့ အတူတွဲထုတ်ခဲ့တဲ့
ReplyDeleteတာရာပွကြီး တစ်အုပ်ထဲကပဲဗျ။
ခုပြန်ဖတ်တော့လည်း တော်တော်ရီရတာပဲ =D
အမှုထဲတော့ မပါချင်ပါဘူး။:)
ဟားဟား :D
ReplyDelete