Skip to main content

အိမ်မက်ထဲက ခြင်္သေံမြို့တော်

စလုံး စလုံးနဲ့ ကျွန်တော်တို့ ရွှေမြန်မာတွေ ခေါ်ဝေါ်နေကြတဲ့ နာမည်ကို လူတိုင်း ရင်းရင်းနှီးနှီး ကြားဖူးကြမှာပါ။ အဲဒီ စလုံးဆိုတဲ့ စင်္ကာပူကတော့ ကျွန်တော့အတွက် အိမ်မက်ထဲက ခြင်္သေ့မြို့တော်ပါပဲ။ စင်ကာပူကို အရမ်းကို သွားလည်ချင်တယ် ရောက်ဖူးချင်တယ်။ စလုံးမှာ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အပြင် ဆွေမျိုးအချို့လည်း ရှိတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခုထိ မရောက်နိုင်သေးဘူး။ အိမ်မက် မက်နေဆဲပဲ :)

မန္တလေးက ရင်းနှီးတဲ့ သူငယ်ချင်း အတော်များများလည်း စလုံးကို ရောက်ကုန်ကြပြီ။ နောက်ဆို အကုန်လုံးနီးပါး ရောက်ကြမယ်ထင်တာပဲ။ အခုလည်း သွားဖို့လုပ်နေတဲ့ သူငယ်ချင်းအချို့ မန္တလေးမှာ ရှိနေတယ်။ စလုံးဟာ နောက်ပိုင်းမှာ မြန်မာတွေကြီးစိုးတဲ့ မြို့ကြီးတစ်မြို့ မလွဲမသေဖြစ်လာတော့မှာ ကျိန်းသေပါပဲ။

သူငယ်ချင်းတွေ စလုံးကို ရောက်သွားတာ ကျွန်တော်အရမ်းဝမ်းသာတယ်။ နောက်ပြီး ကျွန်တော့်အတွက် lonely လည်း မဖြစ်တော့ဘူး။ ၀မ်းသာတယ်ဆိုတာကတော့ ကိုယ့်ဘ၀ကိုယ် ပိုင်ပိုင်နိုင်နိုင် တည်ဆောက်နိုင်ဖို့ရာ လမ်းကြောင်းတစ်ခုပေါ် ရောက်သွားလို့ပါ။ နောက်တစ်ခုက သူငယ်ချင်းတွေနဲ့ အလွယ်တကူ ဖုန်းပြောဆက်သွယ်လို့ရတယ်လေ။ မြန်မာပြည်ထဲမှာဆိုရင်တော့ ဖုန်းကတ်ဈေးကြီးတာနဲ့ သိပ်မခေါ်ဖြစ်ဘူး။
ပြည်ပတိုင်းပြည်တွေကို အသိတွေ၊ သူငယ်ချင်းတွေရောက်တာများနေတော့ သူတို့ပြီးကြတာလေးတွေကိုလည်း တစ်ခါတစ်ခါ ကြားရတယ်။ (မှတ်ချက် ... ကျွန်တော်လည်း သူတို့ကို ပြန်ငြီးပါသည်) :P အဲဒီထဲမှာ တစ်ချို့ သူဌေးလူတန်းစားတွေကပါ ညဉ်းကြသေးတယ်။ ကျွန်တော်လည်း ထိုသို့သော သူဌေးတွေကို မနည်းပြန်ပြောရတယ်။

"မညဉ်းပါနဲ့ သူဌေးရယ် ... သူဌေးတွေညဉ်းရင် ခိုတောင် မျက်ရည်ကျတယ်"

အဲလိုပြောတာကို မရ။ ငြီးကြပုံက ...

ငါကတော့ စလုံးမှာ မနေချင်ဘူး၊ လေတယ်။ အလုပ်တွေ အောက်ကြေးနှိုက်တာများနေတယ်။ ယူကေကို လာချင်တယ်ကွာ။

ငါကတော့ ... ယူကေမှာ life မရှိလို့ စလုံးကိုပဲ လာချင်တယ်။ စလုံးရောက်ရင် မြန်မာတွေအများကြီး။ Lonely ဖြစ်မှာ မဟုတ်တော့ဘူး။

စသည်ဖြင့်ပေါ့။

ဒါပေမယ့် ကိုယ်တိုင် သေချာပြန်စဉ်းစားလိုက်ရင် ... ဘယ်နေရာကိုပဲ ရောက်နေရောက်နေ နေရာထက် အခွင့်အရေးနဲ့ အချိန်အခါကို ကြည့်ပြီး အသုံးချတတ်ဖို့ရာ ပိုပြီးအရေးကြီးပါတယ်။ ယူကေရောက်တိုင်းလည်း အောင်မြင်မယ်၊ ချမ်းသာမယ် တွက်လို့မရပါဘူး။ ယူကေမှာရောက်တာကြာပြီး အခုထိ ရုန်းနေရတဲ့သူတွေ ဒုနဲ့ဒေး ရှိပါတယ်။ ကျွန်တော့်အမြင်ကတော့ ကိုယ့်ရဲ့ ပင်ကိုယ်ကြိုးစားအားထုတ်မှု၊ လိမ္မာပါးနပ်မှုပေါ်မှာပဲ မူတည်ပါလိမ့်တယ်။ နိုင်ငံအကြီးကြီးတွေ မဟုတ်ပဲ တစ်ခြား နိုင်ငံအသေးလေးတွေမှာနေပြီး ချမ်းသာနေကြတဲ့ မြန်မာတွေလည်း အများကြီးပါ။ မြန်မာပြည်တွင်းကတော့ probability နည်းပါတယ်။

အဲဒီတော့ ကိုယ်ကိုတိုင် ပြန်စဉ်းစားပြီး လုပ်ချင်တာ ဖြစ်ချင်တာထက်၊ လုပ်သင့်တာ ဖြစ်သင့်တာကို ဦးစားပေးပြီး ရွေးချယ်ရမယ်။ အခွင့်ရေးကို ဘုရားပေးတုန်းမှာ ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ရမယ်။ အခွင့်အရေးဆိုတာ နှစ်ခါရဖို့မလွယ်ဘူး။ နောက်ပြီး အရာအားလုံးမှာ ကန့်သန့်ချက်တွေရှိတယ်။

ငယ်တုန်းမှာ ပညာမသင်ရင် အသက်ကြီးမှ ပညာသင်ဖို့ရာမလွယ်တော့ဘူး။

မိဘကကျောင်းထားပေးနိုင်တုန်း ဒါမှမဟုတ် အခွင့်အရေးတစ်ခုကြောင့် ကျောင်းတက်လို့ရနေတုန်းမှာ အောင်မြင်အောင် ကြိုးစားထားနိုင်မှ။ ဒါမှမဟုတ်ရင် ... ။

နိုင်ငံခြားဆိုတာ ဘာပဲ ပြောပြော အခုအခြေအနေမှာ ကိုယ့်နိုင်ငံထက်စာရင် ပိုက်ဆံရှာလို့ကောင်းတယ်။ အဲဒီတော့ အခြေအနေပေးပြီး ရောက်နေတုန်းမှာ ကြိုးစားထားမှ။
ခြင်္သေ့မြို့တော်နှင့် ဆက်စပ်ပြီး စဉ်းစားတွေးမိ ရေးမိတာလေးတွေပါ။

ကျန်းမာပျော်ရွှင်ပါစေ။

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...