Skip to main content

Burmese Thingyan Festival - London

နှစ်သစ်မင်္ဂလာပါ ခင်ဗျာ ...

၂၀၀၉ ခုနှစ် လန်ဒန်ရောက် မြန်မာမိသားစုများ၏ နှစ်သစ်ကူး မဟာအတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၈ ရက် နေ့က အောင်မြင်ခမ်းနားစွာ ကျင်းပပြီးစီးခဲ့ပါတယ်။ လန်ဒန်က သင်္ကြန်ပွဲတွေထဲမှာ အခမ်းနားဆုံး အစည်ကားဆုံးပွဲတစ်ခုလည်း ဖြစ်ပါတယ်။ အစီအစဉ်ကို နှစ်ပိုင်းခွဲပြီး ကျင်းပခဲ့ကြပါတယ်။ မနက်ပိုင်း အစီအစဉ်ကတော့ ဘုရားအနေကဇာတင်ပြီး သံဃာတော်များကို ဆွမ်းဆက်ကပ်ခဲ့ခြင်းဖြစ်ပါတယ်။

မဟာဇေယျသုခ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး
Colindale, London

လန်ဒန်ရောက် သံဃာတော် ၂၅ ပါးမှ ဘုရားအနေကဇာတင်

ဂါထာတော်များ ရွတ်ဖတ်ပူဇော်

ဒီလို နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်

ဘုရားအနေကဇာတင်နေစဉ်မှာပဲ ဒါယိကာ ဒါယိကာမများမှ သံဃာတော်များ ဆွမ်းဘုန်းပေးရန်အတွက် ချက်ပြုတ်ရေးတာဝန် အသီးသီးကို နှစ်ဦးကုသိုလ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြပါတယ်။

ချက်မယ် ပြုတ်မယ်ဆိုတာချည်းပဲ

ဆားဖြူးနေကြတာ ... အဲ ... ချက်ပြုတ်နေကြတာ

ဒယ်အိုးနှင့် အားရပါးရ ချက်ကြသည်

ဒီတစ်ယောက်လည်း ဘာတွေလုပ်နေမှန်းမသိဘူး :P

အချိုပွဲအတွက် ပြင်ဆင်

လုပ်အားပေး ကုသိုလ်ယူကြသူတွေ

ဖရဲသီးတွေနဲ့ အလုပ်ရှုပ်နေသူ

ရှမ်းခေါက်ဆွဲလုပ်ပြီး ကုသိုလ်ယူကြသူ သူငယ်ချင်းတစ်စု

ဘုရားအနေကဇာတင်ပြီးနောက်ပိုင်းမှာတော့ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ကျောင်းမှာချက်တဲ့ ဆွမ်းဟင်းတွေအပြင် အလှူရှင်များမှလည်း မိမိကြိုက်နှစ်သက်ရာ ဆွမ်းဟင်းများကို ချက်ပြုတ်ယူဆောင်လာပြီး လှူဒါန်းခဲ့ကြတာကို ကြည်ညိုဖွယ်ရာ တွေ့မြင်ရပါတယ်။

ဘုရားဆွမ်းတော် ဆက်ကပ်

ဆွမ်းဆက်ကပ်ပြီးသည့်နောက်ပိုင်းမှာတော့ ဧည့်ပရိသတ်များကို ကျောင်းမှာပဲ တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြပါတယ်။ ဖွဲ့တည်ရာ မဂ္ဂဇင်းမှ ဓာတ်ပုံသတင်းထောက်တစ်ယောက်နှင့်လည်း ဆုံဖြစ်ခဲ့ပါတယ်။

တွေ့ကြ ဆုံကြ စားကြ

နေ့လည်ပိုင်း ဧည့်သည်ပရိသတ်တွေကို ကျွေးမွေးပြီးသည့်နောက်မှာတော့ ပထမပိုင်းအစီအစဉ် ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ထို့နောက်မှာတော့ ဆွမ်းဆန်စိမ်းလောင်းလှူမည့် St. Matthias Hall သို့ သွားရောက်ခဲ့ကြပါတယ်။ Hall ကို ရောက်သွားချိန်မှာတော့ သံဃာတော်များမှ နှစ်သစ်အတွက် အန္တာရယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်နေပြီဖြစ်ပါတယ်။

ဆွမ်းဆန်စိမ်းလောင်းလှူခါနီး ကိုထွန်းထွန်းကောင်းမှု့ကြောင့် ဘုန်းကြီးကျောင်းသို့ တစ်ခေါက်ပြန်ပြေးခဲ့ရသည့်အတွက် ဓာတ်ပုံများကို မရလိုက်ပါဘူး။ မိတ်ဆွေတွေဆီမှ တစ်ဆင့်ပြန်ရခဲ့လျင် Update ပြန်လုပ်ပေးသွားပါမယ်။

ပထမဦးစွာ ပွဲမတိုင်ခင် တစ်ရက် Rehearsal လုပ်တုန်းက ဓာတ်ပုံတစ်ချို့ကို အရင်ရှူ့စားကြပါဦး။

အခုတော့ ရှင်းနေတုန်းပဲ .. (နောက်ပိုင်း ဆက်လက်ရှူ့စားပါ)

The Nox တေးဂီတ ၀ိုင်းတော်သားများ

ဝါသနာရှင် အဆိုတော်တစ်ယောက်

တီးပါ ဗုံ ... ဗုံ ... ဗုံ ... ရေစိုစို တန်ခူးလမှာ :P

ညနေ ၅ နာရီ ရောက်သည့်အချိန်မှာတော့ တေးဂီတ အစီအစဉ်တွေနဲ့ စပြီး ပရိသတ်ကို ဖျော်ဖြေခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ဒေါင်းနီလူငယ်များအဖွဲ့၏ သင်္ကြန်သံချပ်များဖြင့် စတင်ဖျော်ဖြေပါတယ်။

အချိန်တွေကုန်လာသည်နှင့် အမျှ လူတွေလည်း တဖြည်းဖြည်း များများလို့ လာပါတယ်။ ညပိုင်း ၈ နာရီဝန်းကျင်အရောက်မှတော့ Hall ခန်းတစ်ခုလုံး လျှံပြီး Hall အပြင်ရောက်သည်အထိ လူတွေ တိုးကြပ်နေတာကို တွေ့ရပါတယ်။ ဘုန်းကြီးကျောင်း ရန်ပုံငွေအတွက် ရောင်းချတဲ့ မြန်မာအစားအသောက်တွေလည်း တစ်ခဏအတွင်းမှာပဲ ပြောင်သလင်းခါခဲ့ပါတယ်။ Facebook မှ မိတ်ဆွေတစ်ချို့နှင့်လည်း ဆုံဖြစ်ခဲ့ပါတယ်။

Hall လျှံတယ်ဆိုတာ ယုံပြီလား :)

Hall အပြင်ဘက်မှာလည်း စည်စည်ကားကား

ဖျော်ဖြေမှု့ အစီအစဉ်တွေပြီးတဲ့နောက်ပိုင်းမှာတော့ ဘုန်းဘုန်း ဦးဥတ္တရမှ နှစ်သစ်အတွက် ဒါယိကာ ဒါယိကာမတွေကို နှစ်သစ်အတွက် ပရိတ်ရေစင် ပက်ဖြန်းပြီး အမှတ်တရ သင်္ကြန်ပွဲလေးကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

တစ်ချို့အပိုင်းတွေမှာ ကျွန်တော်လွတ်သွားခဲ့တဲ့ ပုံတွေအများကြီးပါ။ ဘာလို့လည်းဆိုတော့ တီးပါ ဗုံ ... ဗုံ ... ဗုံ ... လုပ်နေတဲ့အတွက် ဖြစ်ပါတယ် :P သူငယ်ချင်းတွေဆီက ပွဲနှင့်ပက်သက်ပြီး Photo တွေ ထက်ရခဲ့လျှင်တော့ ထပ်ပြီး sharing လုပ်ပေးသွားပါမယ်။ ပွဲနှင့်ပက်သက်ပြီး မျှဝေချင်တဲ့ ပုံတွေရှိခဲ့ရင် chanmyasoe at gmail dot com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ :)

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

တကယ့်ကို မလွယ်ပါလား

စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...