Skip to main content

Happy Birthday MYSELF!


ဒီနေ့ ကျွန်တော့်ရဲ့ အသက် ၂၅ နှစ်မြောက် မွေးနေ့ပါ။ အသက်တစ်နှစ် ထပ်ပြီးကြီးသွားသလို လူ့လောကကို စွန့်ခွာဖို့လည်း တစ်နှစ်ပိုပြီး နီးသွားပြန်ပြီပေါ့။ ကျွန်တော့်ကို လူ့လောကထဲရောက်အောင် မွေးဖွားပေးခဲ့တဲ့ မေမေကို ဒီနေ့ အရမ်းသတိရတယ်ဗျာ။ အဲဒီလိုပဲ ကျွေးကျေးဇူးတွေနဲ့ ပြည့်နေတဲ့ အဝေးရောက် ဖေဖေကိုလည်း သိပ်သတိရတယ်။

မိဘတွေရဲ့ ကျေးဇူးကို အောက်မေ့တဲ့အနေနဲ့ရော မွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် ဒီနေ့ သာသနရံသီကျောင်းဆရာတော် ဦးဥတ္တနှင့် ဆရာတော် နှစ်ပါးကို မွေးနေ့ဆွမ်းကပ်ဖြစ်ပါမယ်။ သေသွားရင် နောက်ဘဝအထိ ပါသွားမှာ ကုသိုလ်တရားတွေပဲ ရှိပါတယ်။ နောက်ပြီး ကုသိုလ်နည်းရင် အကုသိုလ်ဆိုတာ အလိုလို ဝင်လာတတ်တယ် မဟုတ်ပါလား။ ဒီနေ့ပြုလုပ်ရရှိမည့် ကုသိုလ်တွေကို ကွယ်လွန်သွားပြီဖြစ်တဲ့ မေမေနှင့်တကွ အားလုံးသော လူ၊နတ်၊ ဗြမ္မာ သတ္တဝါအားလုံးကို အမျှပေးဝေပါတယ်။ မွေးနေ့ဆုတောင်းပေးကြတဲ့ သူငယ်ချင်းများ နှင့် မိတ်ဆွေအပေါင်းအသင်းများကို အထူးကျေးဇူးတင်ရှိပါတယ်။

Comments

Popular posts from this blog

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်


Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe

Snapseed Photo Editing App by Google

Google ရဲ့ Snapseed ဆိုတဲ့ Mobile App အကြောင်းနည်းနည်းမျှဝေချင်ပါတယ်။ အဲဒီ App ကို App store မှာရော Play Store မှာပါ နှစ်နေရာလုံး Download လုပ်ယူနိုင်ပါတယ်။ ဓာတ်ပုံပြင်တတ်တဲ့သူတွေအတွက်တော့ အဲဒီ App ဟာ Lightroom အသေးစားလေးလိုပါပဲ။ ကျွန်တော်လည်း တစ်ခါတလေ လမ်းသွားလမ်းလာရင်း ကင်မရာမသယ်ချင်တဲ့အခါမျိုးမှာ ပါလာတဲ့ Mobile Phone (Galaxy Note II) နဲ့ပဲ ရိုက်ဖြစ်ပါတယ်။ Mobile ဖုန်းတွေဟာ DSLR တွေနီးပါး ဓာတ်ပုံတွေကို ဖန်တီးလာနိုင်ပါတယ်။ သို့ပေမယ့် အနည်းငယ် ပြုပြင်ပေးဖို့တော့ လိုပါသေးတယ်။ ဥပမာ အလင်းအမှောင်ချိန်ခြင်း၊ လိုချင်တဲ့ size အရွယ်အစားဖြတ်ယူခြင်း စသည်ဖြင့်ပေါ့။ Snapseed မှာ ဓာတ်ပုံပြင်ရတာလည်း အရမ်းလွယ်ကူပါတယ်။ Street Photo တွေရိုက်တဲ့ ကျွန်တော့်အတွက်တော့ များသောအားဖြင့် Black and White ပြောင်းတဲ့အခါ အဲဒီ App ကို သုံးဖြစ်ပါတယ်။
မိမိပြင်ချင်တဲ့ပုံကို App မှာထည့်လိုက်တဲ့အခါမြင်တွေ့ရမည့်ပုံစံပါ။ အောက်ခြေမှာရှိတဲ့ Box တွေကတော့ App ကနေ လုပ်ပေးနိုင်တဲ့ Function တွေပါ။
ဒီပုံမှာ ညာဘက်ဘေးက မလိုချင်တဲ့အပိုင်းကို ဖြတ်ထုတ်ဖို့အတွက် Crop Function ကိုသုံးပါတယ်။ Crop လုပ်တဲ့အခါ မိမိစိတ်တိုင်းကျ ပုံစံအပြင်…