Skip to main content

သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးတွင် ဗုံးပေါက်ကွဲဟု သတင်းရရှိ

ရန်ကုန် ကန်တော်ကြီး x2o မဏ္ဍပ်တဝိုက်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ကြားသိရပါတယ်။ တစ်ယောက်သေပြီး လူအချို့ ဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။ အသေးစိတ်ကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

Facebook သတင်းများအရ

၃နာရီ ၁၅ မိနစ်။ ကန်တော်ကြီးပတ်လမ်း X2O မဏ္ဍပ်တွင် ဗုံးသုံးလုံး ပေါက်ကွဲ။ လူငါးဦးခန့် သေဆုံး။ မဏ္ဍပ်များအားလုံး ပိတ်ခိုင်းထား။

သေချာပေါက် Confirm ဖြစ်သွားပါပြီ။ Reuters မှာလည်း သတင်းပါလာပြီ။

(Reuters) - At least nine people were killed and 50 wounded in three explosions at a new year water festival in the former Myanmar capital of Yangon on Thursday, witnesses and hospital sources said.

Deadly blasts hit Myanmar festival

At least nine people were killed and more than 60 injured in three explosions at a park in Yangon, Myanmar's commercial hub.

The blasts occurred as revellers gathered for a New Year water festival in the former capital, an official said on Thursday.

A representative from the British embassy in Myanmar told Al Jazeera that it was not yet known what exactly caused the explosions.

Witnesses said that young women were among the wounded near the Kandawgyi Lake.

Myanmar bombs kill at least nine in Yangon

Yangon hospital officials told reporters that five women and four men died in the blasts, which injured 45 men and 17 women.

News Via: Earth Times
ဗုံးပေါက်ကွဲမှု ဓာတ်ပုံသတင်း (ကိုညီလင်းဆက်)
အခင်းဖြစ်ပွားရာ နေရာက ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမှာပဲ ဖြစ်ပါတယ်။ စစချင်း လူတွေ ထွက်ပြေးချိန်မှာ သေနတ်နဲ့ ပစ်သလိုလို၊ ထရန်စဖော်မာ ပေါက်ကွဲသလိုလို မရေမရာ သတင်းတွေ ဖြစ်လာပေမယ့် ခဏအကြာမှာတော့ ရဲတွေ၊ လုံခြုံရေးတွေ၊ မီးသတ်ကားတွေ၊ သူနာပြုယဉ်တွေ ရောက်လို့ လာပါတယ်။ အဲဒီမဏ္ဍပ်က လူတွေအားလုံးကို ဆင်းခိုင်းလိုက်ပြီး ပတ်ပတ်လည်ကို လုံခြုံရေး ယူလိုက်ကြပါတယ်။ အနီးအနားက Black Culture, Black Jack, 16.9, စတဲ့ မဏ္ဍပ်တွေလည်း ပိတ်လိုက်ကြရပါတယ်။ သူနာပြုကားပေါ်မှာ အမျိုးသမီးငယ် ရှစ်ဦးခန့် ပါသွားတာကို မြင်လိုက်ရပါတယ်။ မဏ္ဍပ်ဘေးနားက ဈေးသည်များနဲ့ မဏ္ဍပ်က ရေကစားသူများကို မေးမြန်းချက်အရ ဗုံးကွဲတယ်လို့ အတည်ပြုချက် ရယူလိုက်နိုင်ပါတယ်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။