Skip to main content

Sharing: သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် ၈ နှစ် ချခံရ

၂၀၁၀ သင်္ကြန် အကြတ်နေ့က ရန်ကုန်မြို့ရှိ X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုအား ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်း ရိုက်ယူခြင်းကြောင့် ဖမ်းဆီးခံရသည့် ကိုစည်သူဇေယျကို ထောင်ဒဏ် ၈ နှစ် ချမှတ် လိုက်ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက နယ်စပ် ဖြတ်ကျော်ပုဒ်မ ၁၃/၁ ဖြင့် ထောင်ဒဏ် ၃ နှစ်၊ မတရား အသင်း ဆက်သွယ် မှု ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

စီရင်ချက်များ ချမှတ်ရာတွင် သက်သေ အထောက် အထားများ ပြည့်စုံခြင်း မရှိဘဲ တရားစွဲဆို စီရင်ချက် ချမှတ်ခြင်း ဖြစ်ကြောင်း၊ အယူခံရုံး အဆင့်ဆင့်တက်၍ အယူခံ ၀င်သွားမည် ဖြစ်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။

“ပထမတော့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ဗီဒီယိုရိုက်တာကို မသင်္ကာလို့ စစ်ဆေးတာပဲ။ နောက်တော့မှ ဒီ ၁၃/၁ တို့ ၁၇ / ၁ တို့ဆိုတာက တရားခံပေါ်မှာ စစ်ကြောရေး ပြုလုပ်ပြီးတော့ ရရှိတဲ့ အချက်အလက်တွေနဲ့ သူတို့ တရားစွဲတင်ပြီး ပြစ်ဒဏ်ပေးတာ။ သက်သေ အထောက်အထား ခိုင်ခိုင်မာမာနဲ့ စီရင်ချက်ချတယ်လို့ မယုံကြည်ဘူး။ ဒီလိုအမှုတွေက များသော အားဖြင့် အဲ့ဒီလိုပဲ အမှုတည်ဆောက်ပြီးတော့ တရားစွဲဆို ပြစ်ဒဏ် ပေးလေ့ရှိတာကို တွေ့နေရတယ်”ဟု ၎င်းကပြောသည်။

စစ်ကြောရေး ကာလအတွင်း ကိုစည်သူဇေယျ က ထိုင်းနိုင်ငံတွင် မီဒီယာသင်တန်း တက်ဖူးကြောင်း၊ ဒီမိုကရက်တစ် မြန် မာ့ အသံ (DVB) နှင့် ဆက်သွယ်ဖူးကြောင်း ဖြောင့်ချက်ပေးထားချက်ကို တရားလိုများက တရားရုံးသို့ တင်ပြခဲ့သည်ဟု ဆိုသည်။

ဗုံးပေါက်ကွဲမှုအကြောင်းတင်တာ သူတစ်ယောက်တည်းမှ မဟုတ်ဘဲ။ တခြားလူတွေလည်း ရှိတာပဲ။ ဘာကိစ္စတစ်ယောက်တည်း ကွက်ဖမ်းရတာလဲ စဉ်းစားစရာပဲ။ ဒီအကြောင်းတင်တဲ့ နောက်တစ်ယောက်လည်း ရှိတယ်။ သူကတော့ ခုထိ အေးဆေးပဲ။ စဉ်းစားစရာ ?

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။