Skip to main content

Be aware of Facebook Survey Scam : "How to see who viewed your profile!!"

Facebook သုံးနေရင်း ကိုယ့်ဆီကို ဖြစ်ဖြစ် ကိုယ့်သူငယ်ချင်းတွေရဲ့ Wall ပေါ်မှာဖြစ်ဖြစ် "How to see who viewed your profile" ဆိုတဲ့ Event invitation တွေ့ရင် သွားမနှိပ်မိပါစေနဲ့။ ကျွန်တော့်ဆီကို ဒီတစ်ရက်နှစ်ရက်အတွင်း ခဏခဏရောက်တယ်။ ဒါပေမဲ့ Firefox မှာ install လုပ်ထားတဲ့ WOT security extension ကနေ အနီပြနေတဲ့အတွက် သွားမနှိပ်တော့ဘူး။ အဲဒါ spamware တစ်ခုဖြစ်ပါတယ်။ ယောင်ပြီး နှိပ်မိရင်တော့ မိမိကို စိတ်အနှောက်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။

example

Spamware ရဲ့ ပုံစံက Facebook Wall မှာ အခုလိုပေါ်နေမှာဖြစ်ပါတယ်။


Mark As Spam

Facebook Wall မှာ အထက်ပါပုံစံလိုမျိုးတွေ့ခဲ့ရင် အဲဒီ post ပေါ်မှာ Mouse Rollover လုပ်ပြီး x ကိုနှိပ်ပါ။ ပြီးရင် Mark as spam ကို ရွေးပေးလိုက်ပါ။ ဒါမှ နောက်လူတွေလည်း မထိတော့မှာလေ။


How to Clean

တကယ်လို့ နှိပ်မိပြီး မိမိစက်ထဲကို spamware ရောက်နေပြီလို့ ခံစားနေရရင်တော့။ Malwarebytes Anti-Malware ကိုသုံးပြီး စက်ကို scan လုပ်ပေးလိုက်ပါ။ ဒါမှမဟုတ် အောက်ပါ Video မှာ ပြထားတဲ့အတိုင်း Privacy setting တွေကို ဝင်ပြင်လိုက်ပါ။


spamware ဒုက္ခပေးမှုမှ ကင်းဝေးကြပါစေ။

Comments

Popular posts from this blog

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်


Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe

Snapseed Photo Editing App by Google

Google ရဲ့ Snapseed ဆိုတဲ့ Mobile App အကြောင်းနည်းနည်းမျှဝေချင်ပါတယ်။ အဲဒီ App ကို App store မှာရော Play Store မှာပါ နှစ်နေရာလုံး Download လုပ်ယူနိုင်ပါတယ်။ ဓာတ်ပုံပြင်တတ်တဲ့သူတွေအတွက်တော့ အဲဒီ App ဟာ Lightroom အသေးစားလေးလိုပါပဲ။ ကျွန်တော်လည်း တစ်ခါတလေ လမ်းသွားလမ်းလာရင်း ကင်မရာမသယ်ချင်တဲ့အခါမျိုးမှာ ပါလာတဲ့ Mobile Phone (Galaxy Note II) နဲ့ပဲ ရိုက်ဖြစ်ပါတယ်။ Mobile ဖုန်းတွေဟာ DSLR တွေနီးပါး ဓာတ်ပုံတွေကို ဖန်တီးလာနိုင်ပါတယ်။ သို့ပေမယ့် အနည်းငယ် ပြုပြင်ပေးဖို့တော့ လိုပါသေးတယ်။ ဥပမာ အလင်းအမှောင်ချိန်ခြင်း၊ လိုချင်တဲ့ size အရွယ်အစားဖြတ်ယူခြင်း စသည်ဖြင့်ပေါ့။ Snapseed မှာ ဓာတ်ပုံပြင်ရတာလည်း အရမ်းလွယ်ကူပါတယ်။ Street Photo တွေရိုက်တဲ့ ကျွန်တော့်အတွက်တော့ များသောအားဖြင့် Black and White ပြောင်းတဲ့အခါ အဲဒီ App ကို သုံးဖြစ်ပါတယ်။
မိမိပြင်ချင်တဲ့ပုံကို App မှာထည့်လိုက်တဲ့အခါမြင်တွေ့ရမည့်ပုံစံပါ။ အောက်ခြေမှာရှိတဲ့ Box တွေကတော့ App ကနေ လုပ်ပေးနိုင်တဲ့ Function တွေပါ။
ဒီပုံမှာ ညာဘက်ဘေးက မလိုချင်တဲ့အပိုင်းကို ဖြတ်ထုတ်ဖို့အတွက် Crop Function ကိုသုံးပါတယ်။ Crop လုပ်တဲ့အခါ မိမိစိတ်တိုင်းကျ ပုံစံအပြင်…