Skip to main content

လန်ဒန်မြို့ အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး

မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာဘုရားခြေတော်ရင်းနှိုက် သဗ္ဗညုတ ဘုရားအဖြစ်ကို ရရှိဖို့ရန် ဆုပန်တော်မူခြင်း၊ ၄င်းကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူခြင်း၊ ၄င်းကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ကိလေသပရိနိဗ္ဗာန် စံတော်မူခြင်းတည်းဟူသော သစ္စာလေးပါးနှင့်တကွ အလုံးစုံကုန်သော တရားတော်များကို အကုန်အစင်သိမြင်သော ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်း၊ ၄င်းကဆုန်လပြည့်တွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့်တကွ သာကီဝင်မင်းအပေါင်းတို့အား ဘုရားဖြစ်စဉ်ဗုဒ္ဓ၀င်ကိုဟာတော်မူခြင်း၊ ၄င်းကဆုန်လပြည့် အင်္ဂါနေ့တွင်ပင် ခန္ဓပရိနိဗ္ဗာန် စံတော်မူခြင်းတည်းဟူသော ပရိနိဗ္ဗာန် စံတော်မူခြင်းတို့ကြောင့် ဒီကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု ရှေးပညာရှင်များ က ခေါ်ဝေါ်သမုတ်ခဲ့ကြပါသည်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲအခမ်းအနားကို ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပါတယ်။ အခမ်းအနားသို့ အင်္ဂလန်နိုင်ငံကျောင်းပေါင်းစုံမှ ဆရာတော်များ နှင့် တပည့်ဒါယကာ ဒါယိကာမများ စုံလင်စွာ တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားကို မနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပါတယ်။ အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ဓမ္မတေးများ၊ ကဗျာများ၊ အကများဖြင့် ဗုဒ္ဓ၏ဂုဏ်ကျေးဇူးတော်များကို ပူဇော်ခဲ့ကြပါတယ်။ ထို့နောက်ဆရာတော်များကို ဆွမ်းဆပ်ကပ်လှူဒါန်းကြပြီး ကြွရောက်လာဧည့်ပရိသတ်များကိုလည်း ဧည့်ခံကျွေးမွေးခဲ့ပါတယ်။

ဒုတိယပိုင်းအဖြစ် ဆရာတော် သံဃာတော်များမှ ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် တရားရေအေး အမြိုက်ဆေးများ တိုက်ကျွေးခဲ့ပါတယ်။ တရားနာ ပရိသတ်များမှာ လူကြီးများအပြင် မျိုးဆက်သစ်လူငယ်လေးများပါ တက်ရောက်ကြသည့်အတွက် အနာဂတ် လူမျိုး၊ ဘာသာ၊ သာသနာ တိုးတက်အတွန့်ရှည်ရေး ကြည်နူးဖွယ် နိမိတ်များကို မြင်တွေ့ခဲ့ရပါတယ်။

တတိယပိုင်းအဖြစ် လန်ဒန်ရောက် မြန်မာလူငယ်မောင်မယ်များ တင်ဆက်ကပြသည့် ဝေသန္တရာ ဇာတ်တော်ကြီးဖြင့် ကပြအသုံးတော်ခံ ဖျော်ဖြေခဲ့ကြပြီး နောက်ဆုံးအစီအစဉ်အဖြစ် ဆရာတော်သံဃာတော်များကို ဆွမ်းဆန်စိမ်းလောင်းလှူပြီးနောက် အခမ်းအနားကို ညနေ ၆နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။

ယခုနှစ် ဗုဒ္ဓနေ့အခမ်းအနားဖြစ်မြောက်ရေး အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသည့် လန်ဒန်ရောက် ညီအစ်ကိုမောင်နှမအပေါင်း သူတော်ကောင်းတို့အား ကျေးဇူးတင်သာဓုခေါ်ပါကြောင်း ဒီနေရာမှတဆင့် ပြောကြားလိုက်ပါရစေခင်ဗျာ။



ဗုဒ္ဓနေ့အခမ်းအနား မှတ်တမ်းတင်ဓာတ်ပုံများကို မိမိတို့ကိုယ်ပိုင် သိမ်းထားနိုင်ရန်အတွက် ပြန်လည်မျှဝေလိုက်ရပါတယ်။

Website များ၏ သတင်းစာမျက်နှာများတွင် ပြန်လည်ဖော်ပြလိုပါက ခွင့်ပြုချက်တောင်းယူပါရန် ကြိုတင်အသိပေးအပ်ပါသည်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

စမူ = ဇယ် = ရည်းစား = စော် = ချစ်သူ

မြန်မာစကားရဲ့ အရှုပ်တော်ပုံလေးတွေကို နည်းနည်းစဉ်းစားမိပြီး ရေးမိတာပါ။ ပြီးတော့ ၈တန်းတုန်းက အင်္ဂလိပ်စာသင်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ဟာလေးကိုလည်း သွားပြီးသတိရမိလို့ပါ။ အဲဒီဆရာကြီးက မန်းလေးရေစစ်ကန်နားလေးမှာနေတယ်။ သူပြောတာက ဘာလဲဆိုတော့ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေးတွေကို ခေါ်ဝေါ်သုံးစွဲပုံလေးပါ။ ဒီခေတ်မှာတော့ ကိုယ့်ရည်းစားကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းလေးကတော့ "စော်" တဲ့ ... အင်း ... ခေါ်ရတာတော့ တော်တော် ကသီးကအောက်နိုင်ပါတယ်။ [ ဟေ့ကောင် .. ငါ့စော်ကို တွေ့မိလား ... ကျွန်တော်တို့ ယောက်ျားလေးတွေ အချင်းချင်း မေးလေ့မေးထရှိကြတဲ့ စကားတွေပါ] အင်း ... သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကြားရတဲ့သူအတွက်လည်း ကသီးကအောက်နိုင်လွန်းလှပါတယ်။ ကျွန်တော့်ဆရာကြီးပြောတာကတော့ ဆန်းတယ်ဗျ ကျွန်တော်လည်းမကြားဘူးဖူး ... ဟီးဟီး။ သူတို့လူပျိုတုန်းက "စော်" အစား "စမူ" လို့ခေါ်တာတဲ့ အဲဒီကမှတဆင့် "ဇယ်" ဆိုတာဖြစ်လာတယ်တဲ့ ပြီးတော့ မင်းတို့ ခေတ်ရောက်မှ ရည်းစား ... အဲဒီကမှ "စော်" ဆိုတာကြီး ဖြစ်သွားတာတဲ့။ တော်တော်တော့ စဉ်းစားကြည့်သေးတယ်ဗျ ဘာလို့ "စမူ" လို့ခေါ်သလဲပေါ့ ဟီးဟ...

မင်္ဂလာဆုတောင်း

သူငယ်ချင်း တစ်ယောက်တော့ ဒီနေ့ မင်္ဂလာဆောင်(ထောင်ကျ) သွားပြီ။ တစ်သက်လုံး ပြန်မလွတ်တော့ဘူး။ အိမ်ထောင်သည်ဘ၀ကို တစ်သက်တစ်ကျွန်း ကျသွားတဲ့ အကျဉ်းသားဖြစ်သွားပြီ။ အဲ ... တစ်ခုတော့ရှိတယ်၊ ထောင်ဖောက်ပြီး ပြေးရင်တော့မသိဘူး။ မင်္ဂလာလက်ဖွဲ့ အနေနဲ့ကတော့ "တစ်သက်လုံး အရိုးဆွေးတဲ့အထိ ပေါင်းသင်းနိုင်ပါစေ" ဆိုတဲ့ ဆုတောင်းလေးကိုပဲ ပေးလိုက်တယ်။ အဲဒီထက် ကောင်းတဲ့ လက်ဆောင်ကတော့ ရှာလို့ရမှာကို မဟုတ်ဘူး ... ဟားဟား။ ငါ မန်းလေးမှာရှိနေလို့ကတော့ နှိုးစက်နာရီလေးကို ၀ယ်၊ ည ၂နာရီခွဲ ၃နာရီလောက်ကို Alarm ပေးထားပြီး လက်ဖွဲ့မလို့ပဲ။ ဒါပေမဲ့ လက်မဖွဲ့လိုက်ရဘူး။ စိတ်မကောင်းပါဘူးကွာ။ မင်းတို့ရဲ့ သားသား မီးမီးလေးတွေ ကင်မွန်းတပ်တဲ့ အချိန်ကြမှပဲ ပြန်လာခဲ့တော့မယ်။ ငါကတော့ နာမည်ပေးဖို့အတွက် ကြိုပြီး စဉ်းစားထားတယ်။ ယောင်္ကျားလေးမွေးရင် - ဗိုလ်သင်္ကြန်၊ ဒါမှမဟုတ် သင်္ကြန်ဗိုလ်။ မိန်းကလေးမွေးရင်တော့ သင်္ကြန်မိုး၊ ဧပရယ်ဗိုလ် ဒါမှမဟုတ် ယွန်းသင်္ကြန်ဗိုလ် ပေါ့ကွာ ... ဟဲဟဲ မိုက်တယ်မလား၊ နာမည်တွေက လန်းနေတာပဲ ကြားလိုက်တာနဲ့တင် ရှိန်သွားမယ်။ မင်း ... ငါပြောတဲ့အတိုင်း မမှည့်လို့ကတော့ နာမယ်။