Skip to main content

A Trip To Birmingham Buddhist Vihara

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက် (၂၀၁၁) နေ့က  Birmingham သို့ အလည်သွားရင်း Birmingham Buddhist Monastery သို့ ဝင်ဖြစ်ခဲ့ပါတယ်။ ယူကေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ အကြီးဆုံးလို့ ပြောလို့ရပါတယ်။ စေတီတော်နှင့် တရားဟောခန်းမဆောင်များလည်း ကျောင်းဝင်းအတွင်းမှာ တည်ရှိပါတယ်။ ဆရာတော် ၃ပါး ဝန်းကျင်ခန့် အမြဲသတင်းသုံးနေထိုင်ပါတယ်။ ယူကေမှာနေနိုင်တဲ့ မြန်မာတွေ Birmingham ကိုရောက်ဖြစ်ရင် သွားရောက်သင့်တဲ့ နေရာတွေထဲက တစ်ခုအပါဝင်ဖြစ်ပါတယ်။

Pagoda at Birmingham Buddhist Monastery
Birmingham ဘုန်းကြီးကျောင်းအတွင်းမှ စေတီတော်

Birmingham Buddhist Monastery
စေတီတော်အား အခြားတစ်ဘက်မှ မြင်ကွင်း

Buddha Statues at Brimingham Buddhist Monastery
ဘုရားခန်းအတွင်းရှိ ဆင်းတုတော်များ

Dhamma Hall
တရားဟောခန်းမဆောင်

လန်ဒန်မှာရှိတဲ့ မြန်မာတွေ ဘုန်းကြီးဝတ်ရင် အေးအေးချမ်းချမ်းရှိပြီး စိတ်ငြိမ်တဲ့နေရာမှာ တည်ရှိတဲ့ ဒီကျောင်းမှာသွားပြီး ဝတ်တာများတယ်။ ကျွန်တော်လည်း ကတုံးပြောင် သင်္ကန်းစည်းပြီး တစ်နေ့တော့ ရောက်ဖြစ်မယ်ထင်ပါတယ် :P

Popular posts from this blog

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်


Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe

Snapseed Photo Editing App by Google

Google ရဲ့ Snapseed ဆိုတဲ့ Mobile App အကြောင်းနည်းနည်းမျှဝေချင်ပါတယ်။ အဲဒီ App ကို App store မှာရော Play Store မှာပါ နှစ်နေရာလုံး Download လုပ်ယူနိုင်ပါတယ်။ ဓာတ်ပုံပြင်တတ်တဲ့သူတွေအတွက်တော့ အဲဒီ App ဟာ Lightroom အသေးစားလေးလိုပါပဲ။ ကျွန်တော်လည်း တစ်ခါတလေ လမ်းသွားလမ်းလာရင်း ကင်မရာမသယ်ချင်တဲ့အခါမျိုးမှာ ပါလာတဲ့ Mobile Phone (Galaxy Note II) နဲ့ပဲ ရိုက်ဖြစ်ပါတယ်။ Mobile ဖုန်းတွေဟာ DSLR တွေနီးပါး ဓာတ်ပုံတွေကို ဖန်တီးလာနိုင်ပါတယ်။ သို့ပေမယ့် အနည်းငယ် ပြုပြင်ပေးဖို့တော့ လိုပါသေးတယ်။ ဥပမာ အလင်းအမှောင်ချိန်ခြင်း၊ လိုချင်တဲ့ size အရွယ်အစားဖြတ်ယူခြင်း စသည်ဖြင့်ပေါ့။ Snapseed မှာ ဓာတ်ပုံပြင်ရတာလည်း အရမ်းလွယ်ကူပါတယ်။ Street Photo တွေရိုက်တဲ့ ကျွန်တော့်အတွက်တော့ များသောအားဖြင့် Black and White ပြောင်းတဲ့အခါ အဲဒီ App ကို သုံးဖြစ်ပါတယ်။
မိမိပြင်ချင်တဲ့ပုံကို App မှာထည့်လိုက်တဲ့အခါမြင်တွေ့ရမည့်ပုံစံပါ။ အောက်ခြေမှာရှိတဲ့ Box တွေကတော့ App ကနေ လုပ်ပေးနိုင်တဲ့ Function တွေပါ။
ဒီပုံမှာ ညာဘက်ဘေးက မလိုချင်တဲ့အပိုင်းကို ဖြတ်ထုတ်ဖို့အတွက် Crop Function ကိုသုံးပါတယ်။ Crop လုပ်တဲ့အခါ မိမိစိတ်တိုင်းကျ ပုံစံအပြင်…