Skip to main content

Protest against BBC to stop announcing Bogus News about Rakhine People in Rakhine State, Burma


ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ဘင်္ဂါလီရိုဟင်ဂျာ လူမျိုးခြားများ၏ အကြမ်းဖက်ဆူပူမှုများအပေါ်တွင် ကမ္ဘာ့သတင်းဌာနများမှ နိုင်ငံတကာကို သိစေရန် ဘာသာရေး ဖိနှိပ်မှုအသွင်ဖြင့် ပြောင်းလဲဖော်ပြနေပြီး မဟုတ်မမှန် ပြောင်းပြန်ပြောင်းလဲ၍ စွပ်စွဲဘက်လိုက် ရေးသားမှုများ ရှိနေပါသောကြောင့် ယခုလာမယ့် ဇွန်လ ၁၈ရက် ၂၀၁၂ တင်္နလာနေ့ နေ့လည် ၁၂နာရီ မှ ၁နာရီ အချိန်တွင် နာမည်ကြီး မီဒီယာတခုဖြစ်သည့် လန်ဒန်မြို့မှ BBC Worldwide Ltd Media Centre ရှေ့တွင် မိမိနိုင်ငံနှင့် တိုင်းရင်းသားသွေးချင်းများ အပေါ် အမှန်တရားနှင့် ကင်းကွာ၍ ဆန့်ကျင်ဖက်ပြု စော်ကားနေခြင်းကို ကန့်ကွက်သည့်် အနေနဲ့ ယူကေနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ငြိမ်းချမ်းစွာ ဆန္ဒပြ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

ထိုကဲ့သို့ ဆန္ဒပြ ဖော်ထုတ်သွားရာတွင် ယူကေနိုင်ငံ၏ မည်သည့် နိုင်ငံရေး အဖွဲ့အစည်းများ၏ လက်အောက်တွင် ရှိမနေဘဲ အမျိုးသားရေးစိတ်ဓါတ် အသိဖြင့် မြန်မာနိုင်ငံသားများ အနေဖြင့်သာ လွတ်လပ်စွာ ဆန္ဒပြ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ 

ယူကေနိုင်ငံ၏ နိုင်ငံရေး အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသားများကိုလည်း ပါဝင်ပူးပေါင်း ကူညီ၍ လိုအပ်သော အကြံဥာဏ်များ ပေးကြပါရန် လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။ ။

တင်္နလာနေ့ ဇွန်လ ၁၁ ရက်၌ ဤအစီအစဉ် ဖြစ်မြောက်ရန် အစည်းအဝေး၏ ညှိုနှိုင်း ဆုံးဖြတ်ချက်အရ အစီအစဉ်ကို အောက်ပါအတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်။

နေ့ရက်
ဇွန်လ ၁၈ရက် ၂၀၁၂ တနင်္လာနေ့

အချိန်
နေ့လည် ၁၂နာရီ မှ ၁နာရီ

နေရာ
BBC Worldwide Ltd Media Centre
201 Wood Lane
London
W12 7TQ


အစီအစဉ် ၁
အခမ်းအနား စတင်ကြောင်း ကြေညာခြင်း

အစီအစဉ် ၂
ငြိမ်းချမ်းစွာ ဆန္ဒပြ ထုတ်ဖော်သွားခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခြင်း

အစီအစဉ် ၃
ကြွေးကျော်သံများ ညီညာစွာ သံပြိုင် ရွတ်ဆိုခြင်း

အစီအစဉ် ၎
အခမ်းအနား တက်ရောက်သူ မြန်မာနိုင်ငံသားများမှ လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အရေးတွင် မီဒီယာများ ဘက်လိုက် ရေးသားမှုများအပေါ် ဆန္ဒပြ ထုတ်ဖော်စကားများ ပြောကြားခြင်း

အစီအစဉ် ၅
ကြွေးကျော်သံများ ညီညာစွာ သံပြိုင် ရွတ်ဆို၍ BBC အား လက်ကမ်းမည့် ဆန္ဒပြ ထုတ်ဖော်ရခြင်း၏ ပြောဆိုရေးသား ဖော်ပြချက် စာမျက်နှာပေါ်တွင် တက်ရောက်လာသူများဆီမှ သဘောတူညီကြောင်း လက်မှတ်ထိုး ကောက်ခံခြင်း

အစီအစဉ် ၆
မြန်မာနိုင်ငံတော်သီချင်းအား သံပြိုင် ရွတ်ဆိုခြင်း

အစီအစဉ် ၇
ရခိုင်ပြည်နယ်အရေးတွင် ဘင်္ဂါလီရိုဟင်ဂျာ အကြမ်းဖက်ဆူပူသောင်းကျန်းသူများကြောင့် အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးသူများအတွက် ဝမ်းနဲကြောင်း အထိမ်းအမှတ် အနေနှင့် ၁ မိနစ် ငြိမ်သက်စွာ မေတ္တာပို့ ဆုတောင်းကြခြင်း

အစီအစဉ် ၈
အခမ်းအနား အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာခြင်း


ဆက်သွယ်ရန်

ကိုဗညား - 07967212582
မနန္ဒာ - 07402443332
ကိုကျော်ဇေယျ - 07805163165
ကိုထက်စိုး - 07742824745

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။