Skip to main content

Little Girl Praying

လန်ဒန်မြို့ အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲအခမ်းအနား (၂၂.၀၅.၂၀၁၁) မှာ တွေ့မြင်ခဲ့ရတဲ့ ချစ်စဖွယ်ကလေးငယ်တစ်ဦးပါ။ အဲဒီနေ့က မြန်မာကလေးငယ်များ စုပေါင်းပြီး မြတ်ဗုဒ္ဓကိုပူဇော်တဲ့ ကဗျာများ၊ အလင်္ကာများ စုပေါင်းရွတ်ဖတ်ခဲ့ကြတဲ့ မြင်ကွင်းဟာ ရပ်ဝေးမြေခြား မြန်မာများအတွက် အမိမြန်မာပြည်ကို လွမ်းဆွတ်သတိရစေခဲ့ပါတယ်။

ဓာတ်ပုံရိုက်ရင်း စိတ်ထဲမှာ တွေးမိတာလေးတစ်ခုကတော့ နိုင်ငံရပ်ခြား ရောက်နေတဲ့ (သို့) နိုင်ငံရပ်ခြားမှာ ကြီးပြင်းတော့မည့် မျိုးဆက်သစ်လူငယ်တွေကို လူမျိုး၊ ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုအကြောင်းကို မမေ့ပျောက်အောင် ထိန်းသိမ်းစေချင်တာပါပဲ။ အဆိုးရွားဆုံးမဖြစ်စေချင်တာကတော့ နိုင်ငံခြားသားတစ်ဦးက ဗုဒ္ဓဘာသာဆိုတာဘာလဲ မေးလာတဲ့အခါ ပြည့်ပြည့်စုံစုံမပြောပြနိုင်ခြင်းမျိုး မဖြစ်မိဖို့ပါပဲဗျာ။ အဲဒါ အင်မတန်မှ ရှက်ဖွယ်ကောင်းလှပါတယ်။

လန်ဒန်မြို့မှ မြန်မာများရဲ့ ဗုဒ္ဓနေ့စုပေါင်းပူဇော်ပွဲကို နှစ်စဉ် မေလမှာ ကျင်းပကြပါတယ်။

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။