လန်ဒန်သို့ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ခေတ္တရောက်ရှိနေတဲ့ မင်းသမီး မိုးယုစံရဲ့အသက် (၂၁) နှစ်ပြည့် မွေးနေ့ပွဲလေးကို ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ လန်ဒန်မြို့ သာသနရံသီဝိဟာရမှ ဆရာတော် ဦးဥတ္တရနှင့် တကွ သံဃာတော်များကို ဆွမ်းဆပ်ကပ်ပြီး ကျင်းပခဲ့ပါတယ်။ မိုးယုစံနှင့်အတူ အခြားအနုပညာရှင်များဖြစ်သည့် ဂျင်းနီ၊ ထွန်းထွန်း၊ တင်မောင်ဆန်းမင်းဝင်း နှင့် ရွှေတံဆိပ် ၁၉ ဆုရှင် ရွာစား သီရိမောင်မောင် ဝိုင်းတော်သားများမှလည်း မွေးနေ့ဆုတောင်း ပြုလုပ်ပေးခဲ့ကြပါတယ်။ ထို့နောက် မွေးနေ့ရှင် မိုးယုစံမှ မွေးနေ့ကိတ်ခွဲပြီး တက်ရောက်လာသည့် မိတ်ဆွေများကို ကျွေးမွေးခဲ့ပါတယ်။ မွေးနေ့မှသည် အောင်မြင်မှုများစွာ ဆက်တိုက်ပိုင်ဆိုင်နိုင်ပါစေ။
ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...
သြော် ... မိုးယုစံ က အခု မှ အသက် (၂၁) နှစ်ပဲ ရှိသေးတာကိုး ... ။ သူငယ်ချင်း တစ်ယောက် က သိပ်ကြိုက်တာ ... သူ့ ကို ပြောပြလိုက်ဦးမယ် ... :)
ReplyDeleteoh my lovely sweet heart saving money celebrating birthday party at london monastry. nice
ReplyDelete