Skip to main content

Google Fast Flip နှင့် သတင်းရှာနည်း အခြေခံ

နာမည်ကြီး သတင်းဌာနများမှ လူကြိုက်အများဆုံး သတင်းတွေကို တစ်နေရာတည်းမှာ ဖတ်ရှူ့နိုင်အောင် Google Fast Flip က လုပ်ဆောင်ပေးနေပါပြီ။ သတင်းတွေအားလုံးကတော့ Google News ပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ အရင်က Feed တွေ ဖတ်ရတဲ့ ပုံစံအတိုင်းပါပဲ။ ဒါပေမဲ့ Feed တွေယူပြီး ဖတ်တုန်းကတော့ ကိုယ့်စိတ်ကြိုက် ဘလော့တွေ၊ ၀ဘ်ဆိုဒ်တွေကို စိတ်တိုင်းကျ Customized လုပ်နိုင်ပါတယ်။ GFF မှာ ဖတ်ရှူ့သူတွေအတွက် အကျိုးရှိစေတဲ့ ရလဒ်တစ်ခုကတော့ အချိန်ကုန် သက်သာခြင်းပါပဲ။

ထိုနည်းတူစွာ ဒီပို့စ်နှင့်အတူ ကျွန်တော်ပြုလုပ်နေကျ သတင်းရှာနည်းတစ်ခုကို Sharing လုပ်ချင်ပါတယ်။ မြန်မာပြည်နဲ့ ပက်သက်တဲ့ နောက်ဆုံး Update ဖြစ်တဲ့ သတင်းတွေကို ရှာကြည့်နည်းပါပဲ။ မြန်မာပြည်သတင်းတွေကြည့်မယ်ဆို ပထမဦးစားပေးအနေနဲ့ကတော့ ဧရာဝတီ၊ ခေတ်ပြိုင် စတဲ့ ဆိုဒ်တွေမှာ အရင်ဆုံးကြည့်ပါတယ်။ အဲဒီနောက်မှာတော့ Google News ဆီသို့ ခြေဦးလှည့်ပါတယ်။ Google News Page ရဲ့ search box မှာ Myanmar သို့မဟုတ် Burma (သို့မဟုတ် မိမိရှာဖွေလိုသည့် အကြောင်းအရာနှင့် ပက်သက်သည့် စာသား) အစရှိတဲ့ keyword တွေကို ရိုက်ထည့်ပြီး ရှာဖွေခြင်းဖြစ်ပါတယ်။ ထို့နောက်မှာတော့ နောက်ဆုံးသတင်း သို့မဟုတ် နောက်ဆုံး Update လုပ်တာကို သိချင်တာဖြစ်တဲ့အတွက် webpage ရဲ့ ဘယ်ဘက်ခြမ်း sidebar မှာရှိတဲ့ Last hour ကို ကလစ်နှိပ်လိုက်ရုံပါပဲ။ အဲဒီအခါမှာတော့ myanmar သို့မဟုတ် burma ဆိုတဲ့ စာလုံးပါပြီး နောက်ဆုံး Update ဖြစ်နေတဲ့ သတင်းတွေ ထွက်လာမှာဖြစ်ပါတယ်။

Google News မှ လတ်လတ်ဆတ်ဆတ် မြန်မာသတင်းများ

အလားတူစွာ Youtube မှာလည်း မိမိကြည့်ချင်တဲ့အကြောင်းအရာနှင့် ပက်သက်တဲ့ နောက်ဆုံးတင်တဲ့ Video တွေကိုကြည့်ချင်တယ်ဆိုရင် search box မှာ မိမိရှာချင်တဲ့ Keyword ကို ရိုက်ထည့်ပါ။ ထို့နောက် sort by မှာ Newest ကိုရွေးချယ်လိုက်သည်နှင့် နောက်ဆုံးတင်ထားသည့် Video များကို ကြည့်ရှူ့နိုင်မှာဖြစ်ပါတယ်။


"Myanmar" keyword ပါသည့် နောက်ဆုံးတင် Video များ

အထက်ပါအခြေခံ နည်းနှစ်ခုကို နားလည်ထားပြီဆိုလျှင် ကြိုက်တဲ့ search engine တွေ၊ website တွေမှာ နောက်ဆုံး သတင်းတွေကို ရှာဖွေ ဖတ်ရှူ့နိုင်မှာဖြစ်ပါတယ်။ ဒီနည်းနှစ်ခုကတော့ သတင်းတွေကို ကျွန်တော်ရှာဖွေ ဖတ်ရှူ့နေတဲ့ ပုံစံဖြစ်ပါတယ်။ အချိန်ရမယ်ဆိုရင် မိတ်ဆွေတို့ရဲ့ သတင်းဖတ်ရှူ့နည်းတွေကိုလည်း Comment မှာ မျှဝေပေးသွားစေလိုပါတယ်။

သတင်းများကို ဖတ်ရှူ့ခြင်းဖြင့် IT ခေတ်ကြီးကို အမှီလိုက်ကြပါစို့ :)

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

တကယ့်ကို မလွယ်ပါလား

စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...

Mandalay Bloggers Feeds Network

အကြောင်းအရာ Mandalay Bloggers Feeds Network တည်ထောင်ရန် ရည်ရွယ်ချက် ပြည်တွင်းရှိ မန္တလေး Blogger များ နှင့် ပြည်ပရောက် မန္တလေး Blogger များ၏ သတင်းအချက်အလက်များ ဖန်တီးမှုများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဖတ်ရှူ့ လေ့လာနိုင်ရန်။ အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ မန္တလေး Blogger များအားလုံးကို စည်းစည်းလုံးလုံးနှင့် Feeds Network မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်သိသော မန္တလေး Blogger များ၏ စာရင်းကို ဖော်ပြလိုက်ပါတယ်။ အောက်ဖော်ပြပါ Blogger များအပြင် ကျွန်တော်မသိသေးသော မန္တလေး Blogger များကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။ ပါဝင်နိုင်ရန်အတွက် ဒီပို့စ်မှာ Comment ပေး၍သော်လည်းကောင်း chanmyasoe@gmail.com နှင့် myochauhtun@gmail.com သို့ email ပေးပို့၍သော်လည်းကောင်း ဆက်သွယ် ပါဝင်နိုင်ပါတယ်။ Blogger တွေအားလုံးရဲ့အတူပြုချက်ကိုရယူပါမယ်။ ဒါကြောင့် ပါဝင်ချင်တဲ့ ဆန္ဒရှိသူတိုင်းရဲ့ Comment ဒါမှမဟုတ် email ကို စောင့်ပါမယ် ။ သုံးရက်မြောက်လို့မှ Comment ရော email ရော မလာလည်း ... List မှာထည့်ပြီးသားပဲဗျာ ( မှတ်ချက် - ဘာအကြောင်းပြချက်မှ လက်မခံ :D ) တကယ် ပါဝင်စေချင်တဲ့အတွက်ပါ :) မပါဝင်လိုသော ကန့်ကွက်လိုသော Blo...