ကလေးငယ်တွေကို ဓာတ်ပုံရိုက်ရတာလည်း ငှက်ပျောသီးအခွံနွှာသလို ထင်သလောက်တော့ မလွယ်လှပါဘူး။ အနည်းဆုံးတော့ ကလေးငယ်ကိုရိုက်မည့် ကင်မရာရဲ့ Function တွေကို သိထားရပါမယ်။ Auto mode, Child Mode နဲ့ရိုက်တဲ့အခါ ဝါးနေတာတို့ ဖြစ်နေရင် အလွယ်ကူဆုံးရိုက်နည်းကတော့ ကင်မရာရဲ့ shooting mode ကို auto ကနေ S mode ကိုပြောင်းလိုက်ပါ။ S ဆိုတာ shutter priority mode ဖြစ်ပြီး မိမိကိုယ်တိုင် shutter speed ကိုရွေးရမှာဖြစ်ပါတယ်။ ကျန်တဲ့ aperture ကိုတော့ ကင်မရာကနေ auto ရွေးပေးမှာဖြစ်ပါတယ်။ ငြိမ်နေတဲ့ ကလေးကိုရိုက်မယ်ဆိုရင် S တန်ဖိုးကို 1/125 လောက်ကစပြီး ကစားပေးနိုင်ပါတယ်။ ဆော့နေတဲ့ကလေးဆိုရင်တော့ တန်ဖိုးကို တိုးတိုးပြီး ရိုက်ကြည့်ပါ။ 1/125 နဲ့ ဝါးနေသေးရင် 1/160, 1/250 ... စသည်ဖြင့် တိုးပေးသွားပါ။ အဲလိုတိုးတဲ့အခါ indoor မှာ ရိုက်တယ်ဆိုရင် ကင်မရာနဲ့ ISO setting ကိုလည်း တိုးပေးဖို့လိုပါလိမ့်မယ်။ ISO ဆိုတာ ကင်မရာနဲ့ အလင်းစွဲအားနှုန်းဖြစ်ပါတယ်။ ISO ကို အရမ်းမြှင့်ရင်တော့ Grain Noise တွေထွက်လာမှာဖြစ်ပါတယ်။ Focus Mode ကိုတော့ auto ဒါမှမဟုတ် Continuous auto ထားနိုင်ပါတယ်။ ပြေးနေတာတွေဘာတွေရိုက်မယ်ဆိုရင်တော့ Continuou Mode မှာထားပြီး Af-area ကို Dynamic/Tracking လုပ်ပြီး ရိုက်ကြည့်နိုင်ပါတယ်။ အပေါ်ကပုံကတော့ ကျွန်တော့်တူမလေး စားသောက်နေရင်း ကျွန်တော့်ကိုရုပ်ပြောင်လာလုပ်ပြတုန်း အမိအရရိုက်ထားတာဖြစ်ပါတယ်။
ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...
Comments
Post a Comment
Thanks for your comment.