Skip to main content

Posts

သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးတွင် ဗုံးပေါက်ကွဲဟု သတင်းရရှိ

ရန်ကုန် ကန်တော်ကြီး x2o မဏ္ဍပ်တဝိုက်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ကြားသိရပါတယ်။ တစ်ယောက်သေပြီး လူအချို့ ဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။ အသေးစိတ်ကို ဆက်လက်ဖော်ပြပေးသွားပါမယ်။ Facebook သတင်းများအရ ၃နာရီ ၁၅ မိနစ်။ ကန်တော်ကြီးပတ်လမ်း X2O မဏ္ဍပ်တွင် ဗုံးသုံးလုံး ပေါက်ကွဲ။ လူငါးဦးခန့် သေဆုံး။ မဏ္ဍပ်များအားလုံး ပိတ်ခိုင်းထား။ သေချာပေါက် Confirm ဖြစ်သွားပါပြီ။ Reuters မှာလည်း သတင်းပါလာပြီ။ ( Reuters ) - At least nine people were killed and 50 wounded in three explosions at a new year water festival in the former Myanmar capital of Yangon on Thursday, witnesses and hospital sources said. Deadly blasts hit Myanmar festival At least nine people were killed and more than 60 injured in three explosions at a park in Yangon, Myanmar's commercial hub. The blasts occurred as revellers gathered for a New Year water festival in the former capital, an official said on Thursday. A representative from the British embassy in Myanmar told Al Jazeera that it was not yet known what exactly caused the expl...

ဆမ်ဘာဝမ်းသင်္ကြန် ၂၀၁၀

ဆမ်ဘာဝမ်းသင်္ကြန်ကတော့ ရိုးရာယဉ်ကျေးမှုကို အတော်ကို ကြိုးစားထိန်းသိမ်းထားတာ တွေ့ရပါတယ်။ ဒီသင်္ကြန်ကို ရည်ရွယ်ချက် နှစ်ခုနှင့် ကျင်းပတယ်လို့ သိရပါတယ်။ ပထမတစ်ခုက အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖြစ်ပြီး ဒုတိယ ရည်ရွယ်ချက်က ပြည်ပရောက် မျိုးဆက်သစ် လူငယ်များ မြန်မာရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို သိရှိ၊ မြတ်နိုး၊ တန်ဖိုးထားတတ်စေရန် ဖြစ်ပါတယ်။ အင်မတန်မှ လေးစားအားကျအတုယူဖို့ ကောင်းပါတယ်။ ( ဘုန်းဥာဏ် ) ဆမ်ဘာဝမ်သင်္ကြန်အကြောင်း ပြည့်ပြည့်စုံစုံဖတ်ချင်ရင်တော့ စင်ကာပူမှ ခေတ္တရောက်ရှိနေတဲ့ ဘုန်းဥာဏ်ရဲ့ဘလော့ မှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်။ Video တွေအပြည့်အစုံ ကြည့်ချင်တယ်ဆိုရင်တော့ YouTube က နှင်းဟေမာရဲ့ page မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။

Oslo သင်္ကြန် ၂၀၁၀

အော်စလိုရောက် မြန်မာမိသားစုများ၏ အတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၅ ရက်နေ့ ၂၀၁၀ တွင်ကျင်းပပြီးစီးခဲ့ပါတယ်။ ဒိန်းမတ်သင်္ကြန် (၁၀.၀၄.၂၀၁၀) ထက် စောပြီးကျင်းပခဲ့တဲ့ သင်္ကြန်ပွဲဖြစ်ပါတယ်။ အောက်ပါ Video များမှာ ကြည့်ရှု့ခံစားနိုင်ပါပြီ။

၁၉ ကြိမ်မြောက် မိသားစုအတာသင်္ကြန်ပွဲတော် - တိုကျို - ၂၀၁၀

ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများ ကျင်းပပြုလုပ်သော အတာသင်္ကြန်ပွဲတော် ပုံရိပ်များကို ခံစားကြည့်ရှူ့ရမှာဖြစ်ပါတယ်။ အငြိမ့်ဖျော်ဖြေမှုကိုလည်း ထည့်သွင်းထားတာတွေ့ရပါတယ်။အတာသင်္ကြန်ပွဲနှင့်အတူ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ကြဖို့ တပ်လှန့်ထားပါတယ်။

ဒိန်းမတ်နိုင်ငံရောက် မြန်မာမိသားစုများ၏ နှစ်သစ်ဆုတောင်းပွဲနှင့် အတာသင်္ကြန်ပွဲ ကျင်းပပြီးစီး

ဒိန်းမတ်နိုင်ငံရောက် မြန်မာမိသားစုများ၏ နှစ်သစ်ဆုတောင်းပွဲနှင့် အတာသင်္ကြန်ပွဲတော်ကို ၁၀.၀၄.၂၀၁၀ စနေနေ့က ကျင်းပပြီးစီးခဲ့ပါတယ်။ အဆိုပါပွဲတော်သို့ လန်ဒန်မြို့ သာသနရံသီမှ ဆရာတော် ဦးဥတ္တရနှင့် ဆရာတော်နှစ်ပါး ကြွရောက်ချီးမြှင့်ပြီး နှစ်သစ်ဆုတောင်းအတွက် ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံမှ ဧည်သည်တော် အန်တီမာမာအေးလည်း တက်ရောက်ဖျော်ဖြေပေးခဲ့ပါသေးတယ်။ အဆိုပါပွဲသို့ မြန်မာများအပြင် နိုင်ငံခြားသားများပါ ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြတာကို တွေ့ရပါတယ်။ Europe နိုင်ငံတွေထဲမှာ အစောဆုံး ကျင်းပပြုလုပ်တဲ့ သင်္ကြန်ပွဲလို့လည်း ပြောလို့ရပါတယ်။ ကျွန်တော်တို့ လန်ဒန်သင်္ကြန် ကတော့ ဧပြီလ ၁၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အောက်ပါ Video မှာ ဒိန်းမတ်သင်္ကြန်ပွဲလေးကို ရှူ့စားနိုင်ပါတယ်။ Playlist အနေနဲ့ တင်ပြပေးထားပါတယ်။

မတရားသည့် ရွေးကောက်ပွဲ ဥပဒေများအပေါ် NLD ၏ ဆန့်ကျင်မှုအား ထောက်ခံ ကြိုဆိုသည့် အခမ်းအနားကျင်းပမည်

၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် နအဖ စစ်အုပ်စုမှ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု မရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်တော့မည်မဟုတ်ဟု မတ် (၂၉) ရက်တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ချခဲ့ပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီမှတ်ပုံ မတင်ရေး ဆုံးဖြတ်ချက်သည် လူထုကို မျက်နှာမှု၍ ပါတီရပ်တည်မှုထက်၊ တနိုင်ငံလုံး၏ အမျိုးသား အကျိုးစီးပွားကို ဦးတည်သောကြောင့် ကျွန်ုပ်တို့ ယူကေနိုင်ငံရောက် အင်အားစုများ အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည့် အခန်းအနားတစ်ခုကို ကျင်းပမည် ဖြစ်ပါသဖြင့် ယူကေနိုင်ငံရောက် အင်အားစုများ အနေဖြင့် အဆိုပါ ထောက်ခံပွဲ အခန်းအနားသို့ မပျက်မကွက် တတ်ရောက်နိုင်ကြပါရန် မြန်မာနိုင်ငံအရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ(ယူကေ)မှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ နေ့ရက် - ၁၁ရက်၊ ဧပြီလ ၂၀၁၀ အချိန် - ညနေ ၆နာရီ မှ ၈နာရီအထိ ကျင်းပမည့် လိပ်စာ 117-125, West Hendon Broadway, London, NW9 7BP (Map Here) BUS 142, 32. မြန်မာနိုင်ငံအရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ (ယူကေ) Dear friends, We would ...

မြို့မတူရိယာအသင်းကြီး နယ်ပွဲများ ဆက်တိုက်ဖျော်ဖြေပေးနေ

မြို့မအပျော်တမ်းတူရိယာ အသင်းကြီးဟာ မန္တလေးမြို့ပေါ်တွင် မင်္ဂလာဧည့်ခံပွဲများ အလှူတော်မင်္ဂလာပွဲများ၊ အဖွဲ့အစည်းအသီးသီးရဲ့ဖွင့်ပွဲ အခမ်းအနားများ၊ ဈေးပွဲတော်များ နိုင်ငံတော်အခမ်းအနားများ၊ အလှူအောင်ပွဲ မင်္ဂလာအောင်ပွဲများ စသည့်ပွဲအတော်များများကို လက်ခံဖျော်ဖြေပေးနေတာကို အများပြည်သူများအသိဖြစ်ပါတယ်။ ပွဲငှါးသူများရဲ့ စေတနာကိုတုံ့ပြန်လေးစားသောအားဖြင့် မခိုမကပ် မရပ်မနား အကောင်းတကာ့ အကောင်းဆုံးဖြစ်အောင်လည်း စီစဉ်ပေးတဲ့အတွက် ယခုနှစ်တွင် ယခင်နှစ်များထက် ပွဲချီများတိုးတက် များပြားလာတာကို တွေ့ရပါတယ်။ အဆိုတော်များ တီးမှုတ်သူများကိုလည်းတိုးချဲ့ ဖွဲ့စည်းထားရုံမက အသံပိုင်းဆိုင်ရာ စက်ပစ္စည်းအသစ်များကိုလည်း ထပ်မံဝယ်ယူဖြည့်တင်းထားသဖြင့် ပရိသတ်များ နားသောတဆင်ရာတွင်လည်း ကျေနပ်မှုများ ထူးကဲစွာရရှိပါတယ်။ ဒါကြောင့်မို့ ပရိသတ်များရဲ့အားပေးမှုကို အထူးရရှိကာ မန္တလေးမြို့ပေါ်ပွဲများအပြင် ရန်ကုန်မြို့၊ မြင်းခြံ၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မကွေး၊ ပေါင်းတည်၊ ချောက်၊ ဆိပ်ဖြူ၊ စလေ၊ ရေနံချောင်း၊ မုဒုံ၊ လားရှိုး၊ ရေဦး၊ ခင်ဦး၊ မြောင် ၊ ကျောက်ပန်းတောင်း၊ မြစ်ငယ်၊ ကျောက်ဆည်၊ မိတ္ထီလာ စတဲ့မြို့များကိုပါ သွားရောက်ဖျော်ဖြေပေးနေရကြောင်း ...