Skip to main content

စနေ၊ တနင်္ဂနွေ နှင့် အတွေးများ

  • အင်တာနက်မရတာနဲ့ နေရတာအဆင်မပြေတော့ဘူး။ ကြီးကျယ်တာတော့မဟုတ်ဘူး။ အဲဒီရောဂါက လက်တွေ့ခံစားဖူးတဲ့လူတွေပဲ သိတယ်။ တခြားလူတွေအမြင်ဆိုရင်တော့ ပလီတာလို့ပဲ ထင်လိမ့်မယ်။
  • စနေ၊ တနင်္ဂနွေ အင်တာနက်မသုံးဖြစ်လိုက်ဘူး။ ကျောင်းကိုလည်းသွားမသုံးချင်ဘူး။ သုံးရတာနဲ့ သွားတဲ့ခရီးနဲ့က မကာမိဘူး။ အင်တာနက်ရဖို့ကလည်း ၂ ပတ်လောက် လိုသေးတယ်။ ကျောင်းကအပြန်အိမ်ရောက်ရင် ဘာလိုလို့ လိုနေမှန်းကိုမသိဖြစ်နေတယ်။ လက်ချောင်းလေးတွေ ယားတာလိုလို လက်ညှိုးကပဲလှုပ်ချင်သလိုလိုဖြစ်ဖြစ်နေတယ်။ ကြာရင်တော့မလွယ်။ သူငယ်ချင်းတွေ cbox မှာလာလာအော်သွားကြတဲ့စာတွေကိုဖတ်ရတာ အရမ်းဝမ်းသာတယ်။ အင်တာနက်မရတော့ စာတွေပိုဖတ်ဖြစ်တယ်။ ဒါပေမယ့် သိတဲအတိုင်းပဲ Feeling ချင်းကမတူဘူး။ အင်တာနက်သုံးပြီး ကွန်ပျူတာရှေ့မှာထိုင်နေပါ ဆိုလို့ကတော့ ဘယ်နှစ်နာရီဖြစ်ဖြစ်ထိုင်နိုင်တယ်။ စာများဖတ်လို့ကတော့ ချော့သိပ်သလားအောင်းမေ့ရတယ်။ နာရီဝက်လောက်ဆိုရင် လုံးဝ ဗိုလ်ချုပ်ကို အလေးပြုနေပြီ။ ဘာ ကော်ဖီ ဘာ လက်ဖက်သုပ်မှ လည်းမကယ်နိုင်ဘူး။ အဲဒီအကျင့်ကြောင့်လည်း မလွယ်။
  • မန္တလေးမှ သူငယ်ချင်းကပြောပြတဲ့ သတင်းအရ မိုးတွေအရမ်းရွာပြီး ရွှေပင်လယ်ကြီးဖြစ်နေပြီတဲ့။ မိုးရွာထဲမှာရှောက်သွားတတ်တဲ့ သူငယ်ချင်းတွေတဲ့ရှောက်သွားရတဲ့ Feeling မျိုးကလည်း ပိုက်ဆံပေးပြီးဝယ်လို့မရ။ မန္တလေးမိုးနှင့်သူငယ်ချင်းတွေက ခွဲလို့မရ။ ဒီမှာတော့မိုးက သိကြားမင်းရှုးပေါက်သလောက်ပဲရွာတယ်။ မိုးရွာရင် နည်းနည်းအေးလာတယ်။ စောင်ခြုံကွေးလို့ကောင်းတဲ့ ရာသီဥတုမျိုးကို ရောက်တော့မယ်ထင်တယ်။ ဒါပေမဲ့ မန္တလေးဆောင်းကိုတော့မမှီနိုင်။ မန္တလေးဆောင်း မနက်ရဲ့အလှတွေက ကျွန်တော့်အတွက်တော့ ဘာနဲ့မှယှဉ်လို့မရနိုင်ပါ။ နှင်းတွေကျနဲ့မနက်ခင်း ကျုံးဘေးမှာ လမ်းလျှောက်ရတဲ့ ခံစားမှုမျိုးက ဘာနဲ့မှမတူ။ လမ်းရှောက်ပြီးတာနဲ့ မင်းသီဟ ကဖေးမှာ Tea ဆွဲရတာကလည်း အမော။ မန္တလေးမနက်ရဲ့ အစည်ကားဆုံးနေရာတွေထဲမှာ မင်းသီဟ ကဖေးကလည်း တစ်ခုအပါအ၀င်။ စားသောက်စရာစုံစုံလင်လင်နဲ့ လက်ဖက်ရည် ကောင်းကောင်းလည်းသောက်လို့ရတဲ့ ဆိုင်မျိုးကိုတော့လွမ်းမိတာအမှန်ပင်။
  • သူငယ်ချင်းတွေကို ပြောပြချင်တဲ့ Site တစ်ခုရှိသည်။ အရမ်းအသုံးဝင်မည့် ဆိုဒ်လေးတစ်ခုပါ။ Full Version Software တွေတော်တော်များများရှိတယ်။ Icon လှလှလေးတွေလည်း Download လုပ်လို့ရတယ်။ အမွန်းတင်စရာတွေကတော့ပြီးမှာ မဟုတ်ဘူး။ လက်တွေ့သာသုံးကြည့်လိုက်ဗျာ။ ကျွန်တော်ကတော့ တော်တော်ကြိုက်တယ်။ ဆိုဒ်က http://www.vastdown.com/ ။ သုံးကြည့်လို့ သဘောကျတယ်ဆိုရင်တော့ တခြားလူတွေကိုပါ လက်ဆင့်ကမ်းလိုက်ပါဗျာ။ ဆိုဒ်က မကောင်းဘူးဆိုရင်တော့ ကုန်သွားတဲ့အချိန်အတွက် ကျွန်တော်ကပဲ တောင်းပန်ပါတယ်။

နောက်နေ့မှ တွေ့မယ်ဗျာ ... မျိုးကြီးရဲ့ အိမ်ပြန်ချိန်ရောက်လာပြီ။ အင်တာနက်ရောဂါသည်လေး အိမ်ပြန်လိုက်အုံးမယ် :)

Comments

  1. အင်တာနက် ပြတ်လို့ကတော့ ကျွန်တော်လည်း အဲဒီလိုပဲဗျာ။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ Addicted ဖြစ်နေတာလေ။ ဟားဟား။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS