Skip to main content

Untitled

မနေ့က မေမေနှင့် ဖုန်းပြောဖြစ်သည်။ သား ... နေကောင်းလားတဲ့ ။ စိတ်ထဲမှာတော့ ပျော်လည်းပျော်တယ်၊ ၀မ်းလည်းနည်းတယ်။ ဖေဖေ ရန်ကုန်ကိုလာမှာမိုလို့ အစားအသောက်တစ်ခုခု ပို့ပေးမယ်တဲ့ ဘာစားချင်လဲတဲ့။ အရင်ဆုံးသတိရမိလိုက်တာက လက်ဖက်။ ပြီးတော့ သူ့ရဲ့အဖော် ပုဇွန်ခြောက်။ အဲဒါတွေက ဒီမှာ ရွှေတက်ရှားတယ်။ တော်တော်အာသီသပြင်းပြနေတယ်။ ပြောရင်းနဲ့ သရေတောင်ကျချင်သလိုလိုဖြစ်လာတယ်။ တခြားတိုလီမိုလီလေးတွေကတော့ တရုတ်ဆိုင်တွေမှာရနိုင်သည်။ မှာချင်တာတွေလည်းများနေသည်။ ပို့ခ ပိုက်ပိုက်ကိုလည်း ငှဲ့ရအုံးမည်။ Installer တွေလည်းလိုနေသည်။ လာတုန်းက ပလီပြီးတော့ မယူခဲ့တာ အခုမှပြဿနာတက်နေသည်။ စီဒီဝယ်ဖို့ကတော့ မောင်မျိုးအောင်လေးကိုပဲ အားကိုရတော့မည်။ ဒီမှာဝယ်လို့ကတော့ မွဲလိမ့်မယ်။ အခုစီဒီ ပြဿနာကမပြီးသေးဘူး။ အင်တာနက်ကစာချုပ်ပြည့်သွားလို့ ပြန်လုပ်ရအုံးမယ်။ ကံမကောင်းပါလား။ တစ်ပတ်လောက်တော့ကြာအုံးမည်။ အခု ပို့စ် တင်တာတောင် ကျောင်းမှာတင်နေရတယ်။ တော်တော်အဖြစ်ဆိုးနေသည်။ အကြံအဖန်ထုပြီး မြန်မာစာရိုက်ရတဲ့ ပြဿနာကလဲမသေး။ မနေ့ကတည်းက ပို့စ်တင်မလို့စာရိုက်နေတာ စာလည်းရိုက်ပြီးရော အင်တာနက်ကမရတော့ဘူး။ ကံဆိုးလိုက်လေခြင်း။ အခုမှပဲ ဒီပို့စ်ကိုတင်ဖြစ်တယ်။ ပြီးတော့ အင်တာနက်သုံးခကလည်း တော်တော်ထောင်းတယ်။ နောက်ပြီးတော့ ဖုန်းကတ်ဖိုး။ ဖုန်းကတ်က ၁၈မိနစ်စာကို ၂ ပေါင်ခွဲ။ တရုတ် နှင့် ဂျပန်ကတော့ မိနစ်ပိုများသည်။ ဘာကြောင့်လဲဆိုတာတော့မသိ။ သိပ်တော့မတရားဘူး။အခုတိုက်ခန်းမှာ အင်တာနက်မရတော့ ပျင်းတဲ့အချိန်တွေမှာ သီချင်းတွေပဲနားထောင်နေမိတယ်။ မျိုးကျော့မြိုင်သီချင်းတွေကို ပို့ပေးတဲ့မမေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်ဗျာ။ သူငယ်ချင်းတွေနဲ့သိပ်ပြီး မချက်နိုင်တော့ဘူး။ ချက်နဲ့ပက်သက်လို့ကတော့ လောလောဆယ် ထမင်းပဲချက်နေရတယ်။ ဒါကြောင့် အခုတလော Typing လေ့ကျင့်ခန်း သိပ်မလုပ်ဖြစ်ဘူး။ ပြဿနာကတော့ တွေ့တဲ့အတိုင်းပဲ။ ပြောစရာရှိရင် cbox မှာပဲ ပြောထားခဲ့ကြကွာ ... အင်တာနက်ပြန်ရမှ Typing ကောင်းကောင်းပြန်ကျင့်တော့မယ်။ အခုတော့ ချက်လိုက်အုံးမယ် .. ထမင်း။

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS