Skip to main content

ပြီးတော့လည်း ပြီးသွားတာပါပဲ (1st Sem)

"ဟင်း" ... ဆိုတဲ့ သက်ပြင်းကြီးကို ဒီနေ့မှ ချနိုင်တော့တယ်။ အရင်နေ့တွေက စာမေးပွဲအတွက် ကမ္ဘာကြီးချာချာလည် ဖြစ်နေတယ်။ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ထူးဆန်းတာ တစ်ခုက 1 ရက်နေ့တုန်းက ဖြေရတဲ့ အချိန်ကိုလည်း ကြည့်အုံး။ ညနေ ၆ နာရီကနေ ၈ နာရီခွဲအထိတဲ့။ အဓိပ္ပယ်မဲ့တာ။ တစ်သက်နဲ့တစ်ကိုယ် စာမေးပွဲ ညနေပိုင်းဖြေတာဆိုလို့ ဒီတစ်ခါပဲ ကြုံဖူးတယ်။ စာမေးပွဲလည်း ပြီးရော မှောင်နေပြီ။ အဲဒီနေ့က အခြေအနေကတော့ လေပြေပါပဲ။ နောက်နေ့ ... အဲ ... ဒီနေ့ပေါ့ဗျာ ... ဒီနေ့ဖြေရတဲ့ Logic (Z Language) ကတော့ Unseen တွေကြီး လှိမ့်ပိန့်မေးတယ်။ မေးခွန်းဖတ်ပြီး မျက်နှာတွေကို လိုက်ကြည့်လိုက်တာ ဘီလူးသံပရာသီးကိုက်တဲ့ ရုပ်တွေကြီးဖြစ်နေတယ်။ ကျွန်တော် အပါအ၀င်ပေါ့ :P အဲဒီတော့ အဲဒ်ီဘာသာရဲ့ အခြေအနေက အသေအကြေပေါ့။ နောက်တစ်ပတ်ဆို 2nd Sem: နှင့်တူ eCommerce Project ကြီးစမယ်။ ထို့အတွက်ကြောင့် မောင်ဖိုးချမ်း ယခုတစ်ပတ်မှ စ၍ အွန်လိုင်းပေါ်တွင် အရှုပ်လုပ်တော့မယ် ... အဲ ... အလုပ်ရှုပ်တော့မည် :)

အခုတလော စာမေးပွဲ ရှိနေသူ မိတ်ဆွေ သူငယ်ချင်းများလည်း လေပြေလို အခြေနေလေးတွေပဲ ရှိနိုင်ပါစေဗျာ။ အထူးသဖြင့် ဘော်ဘော်ကြီး ကိုမျိုးအောင်ပေါ့။

Comments

  1. ချမ်းချမ်း။ ကြော်ညာတွေက သိပ်ရှုပ်တာဘဲ။ ဟိုးအောက်မှာထားလို့  မရဘူးလား။ အဟိ။ တရုတ်လိုတွေက ပါသေး။ စတိုင်ပဲ့တယ်။ အဟိ။

    ReplyDelete
  2. အဲ့ဒီ့ကိုမျိုးအောင် ကြီး အလုပ်ရှုပ်တာ ကတော့ ပြောမနေနဲ့ သူ့ထက်ရှုပ်တဲ့ သူတောင် သူ့လောက်မရှုပ်ဘူး
    ဒါနဲ့ ညမှာဖြေရတယ်ဆိုတာတော့ ဆန်းတယ်ဗျ။ တစ်ခါမှ မကြားဖူးဘူး။

    ReplyDelete
  3. အဟိ
    ကြော်ငြာတွေ မျက်စိရှုပ်နေတဲ့ အတွက် ဆောရီးပါ။ ကျွန်တော် Adsense ကို စမ်းသုံးကြည့်နေတာပါ။ :)

    မျိုးကျော်ထွန်း
    ဟုတ်တယ်။ မောင်မျိုးအောင်ကတော့ ပြောမနေပါနဲ့ကွာ။
    ပေါ်ကို မလာတော့ဘူး။ ရေနစ်နေတာလား မသိဘူး :P

    ReplyDelete
  4. i shet par dae next month 11 mar exam sheet lo par lar khae mae JavaScript + ASP ko lo chin dae

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...