Skip to main content

60th Anniversary Union Day ဖေဖော်ဝါရီလ ၁၂ ရက်

ဒီနေ့ နှစ် (၆၀)ပြည့် ပြည်ထောင်စုနေ့ကို မေ့နေတယ်။ ကောင်းရော ဖိုးချမ်းရာ။ ဘလော့တွေလိုက်ဖတ်လိုက်မှပဲ ဒီနေ့ဆိုတာ သတိရတယ်။ မြန်မာ Calendar မရှိတာလည်း ပါတယ်။ ဟိုနေ့ကတော့ ဘုန်းဘုန်းဆီက ယူလာခဲ့ပါတယ်။ အသိတစ်ယောက်ကို ပေးလိုက်တာနဲ့ မရှိတော့ဘူး။ ဒီနေ့လိုနေမျိုး ရန်ကုန်မှာပဲဖြစ်ဖြစ် မန်းလေးမှာပဲဖြစ်ဖြစ် အိမ်တွေရဲ့ရှေ့မှာ အလံလေးတွေ ရှိနေဦးမယ်လို့ထင်ပါတယ်။ အထူးသဖြင့် ဒီနေ့လိုနေ့မျိုးမှာ မန်လေးကျုံးကို သွားလိုက်မယ်ဆိုရင် အိမ်တွေရှေ့မှာ လွင့်ထူထားတဲ့ အလံတွေကို တွေ့မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးတာတော့ နှစ်ခြောက်ဆယ် ပြည့်ပြီဖြစ်သော်လည်း ... မလွတ်လပ်သေးတဲ့ လူတွေလည်း ရှိနေပါသေးတယ်။ သြော် ... ထောင်ကျနေတဲ့လူတွေကို ပြောပါတယ်။ မလွတ်လပ်သေးတဲ့ သူ့ကျွန်ဘ၀ကနေ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် တိုင်းပြည်ဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်(သခင်)အောင်ဆန်းရဲ့ ကျေးဇူးတွေကလည်း ကြီးမားလှပါတယ်။ အခုတော့ ဗိုလ်ချုပ်ဓာတ်ပုံကို ဘယ်မှာရှာရမလဲ မသိအောင်ဖြစ်နေသလိုပါပဲ။ သိပ်မတွေ့တော့ပါဘူး။ မန်းလေးမှာဆိုရင်တော့ ဘုရားကြီးက ဆိုင်တွေမှာ အရင်တုန်းက ဗိုလ်ချုပ်တို့ရဲ့ မိသားစုပုံတွေကို ၀ယ်ပြီး အမှတ်တရ သိမ်းထားနိုင်ပါတယ်။ အခုတော့ ရှိသေးလား မသိပါဘူး။ ပြည်ထောင်စုနေ့အကြောင်းပြောမယ်ဆိုရင် ပင်လုံစာချုပ်ကိုလည်း မေ့လို့မရပါဘူး။ ပင်လုံစာချုပ်ကို ဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀နာရီမှာ လက်မှတ်ရေးထိုးခံတာဖြစ်ပါတယ်။ အဲဒီအကြောင်း အိမ်မက် ကနေဖတ်ခဲ့ရပါတယ်။ အဲဒီပို့စ်ကိုတင်ပေးတဲ့ သူကိုလည်းအရမ်းလေးစား ချီးကျူးမိပါတယ်။ ပင်လုံစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်ကြီးများကတော့

၁။ ဗိုလ်ချုပ်အောင်ဆန်း ( ဗမာပြည် ခေါင်းဆောင် )
၂။ စောခွန်ပန်းဆိုင် ( တောင်ပိုင် စော်ဘွား )
၃။ စောရွှေသိုက် ( ညောင်ရွှေ စော်ဘွား )
၎။ စောဟုံဖ ( မြောက်ပိုင်းသိန်းနီ စော်ဘွား )
၅။ စောနန်း ( လဲချား စော်ဘွား )
၆။ စောထွန်းအေး ( သာခမန်း စော်ဘွား )
၇။ ခွန်ပန်း ( လူထုကိုယ်စားလှယ်၊ မြောက်ပိုင်းသိန်းနီ )
၈။ ဦးတင်အေး ( လူထုကိုယ်စားလှယ်၊ တောင်ကြီး )
၉။ ဦးကြာပု ( လူထုကိုယ်စားလှယ်၊ သီပေါ )
၁၀။ စောယစ်ဖ ( လူထုကိုယ်စားလှယ်၊ သီပေါ )
၁၁။ ဆမားဒူးဝါးနောင် ( ကချင်ကိုယ်စားလှယ်၊ မြစ်ကြီးနား )
၁၂။ ဇော်ရစ် ( ကချင်ကိုယ်စားလှယ်၊ မြစ်ကြီးနား )
၁၃။ ခွန်ထီး ( လူထုကိုယ်စားလှယ်၊ ပင်လုံ )
၁၄။ ဦးထွန်းမြင့် ( လူထုကိုယ်စားလှယ်၊ မောက်မယ် )
၁၅။ ခွန်စော ( လူထုကိုယ်စားလှယ်၊ ပင်းတယ )
၁၆။ ဦးဖြူ ( စော်ဘွားကိုယ်စား၊ ကျိုင်းတုံ )
၁၇။ တန်ရဒေါင် ( ကချင်ကိုယ်စားလှယ်၊ မြစ်ကြီးနား )
၁၈။ ဒူးဝါးဇော်လွန်း ( ကချင်ကိုယ်စားလှယ်၊ ဗန်းမော် )
၁၉။ လဘန်းဂရောင်း ( ကချင်ကိုယ်စားလှယ်၊ ဗန်းမော် )
၂၀။ ဦးလှာမောင် ( ချင်းကိုယ်စားလှယ်၊ ဖလမ်း )
၂၁။ ဦးသောင်ဇာခုတ် ( ချင်းကိုယ်စားလှယ်၊ တစ်ဒင်း )
၂၂။ ဦးဝမ်ကိုဟော ( ချင်းကိုယ်စားလှယ်၊ ဟတ်ကား )

ဒါနဲ့ စကားမစပ် မနက်ဖြန်ရော ဘာနေ့လဲဆိုတာ သိကြလားမသိဘူး။ ကျွန်တော်တော့ ဒီကဗျာလေးကိုပြန်ပြီး ကြားယောင်နေမိတယ်။

ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား မိခင် ဒေါ်စု သား

Comments

  1. Anonymous11:37 am

    12th Feb is not Independent day.
    it is *UNION DAY*.

    ReplyDelete
  2. Thz: It's my fault. :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...