MyBlogLog Readers Style တွေကို Customize လို့ရတဲ့ဆိုဒ်တစ်ခုကို တွေ့လိုက်တယ်။ CSS တွေကလည်း Opensource ပဲ။ ကြိုက်သလို ပြန် Change လို့ရသေးတယ်။ အစက cmsmdy.blospot.com နဲ့လုပ်လို့မရပဲဖြစ်နေတယ်။ ဘယ်ကနေဘယ်လို ဟို List ထဲရောက်သွားမှန်းမသိဘူး :D ဒါနဲ့ပဲ OwnDomain (cmsmdy.com) နဲ့ထပ်ပေးလိုက်တယ်။ အခုမှ ပြန်ရတယ်။
စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...
ကိုချမ်း mybloglog.com ရဲ့ widget code ယူတဲ့ နေရာလေးမှာ css ကို ဘယ်လို define လုပ်ရမယ်ဆိုတာ ရှင်းပြထားတယ်။ အခုဟာကတော့ ကောက်စားပေါ့။
ReplyDeleteဟုတ်လား .. သတိမထားမိဘူး .. eric ဆိုတဲ့ကောင်ကို ချဉ်လွန်းလို့ အခုတောင် Domain နဲ့မို့လို့ရသွားတာ
ReplyDeletemybloglog ကို yahoo မဝယ်ခင်က သူတစ်ယောက်တည်း ဒိုင်ခံလုပ်နေတာ။ အဲ့ဒီ့တုန်းက ကျွန်တော် nickname ကို mybloglog လို့ပေးပြီး register လုပ်တာ (ဟိ ဟိ အူကြောင်ကြောင်နဲ့ ) မှားနေမှန်းလဲသိရော သူ့ဆီကို pm ပို့ပြီး ပြန်ပြင်ခိုင်းတာ ချက်ခြင်းပဲဗျာ။ Done!!! တဲ့ Eric က အခု သူဌေးဖြစ်သွားပြီဆိုတော့ အလုပ်ရှုပ်ပြီပေါ့ဗျာ။
ReplyDelete