ဘယ်နားက Signboard မှန်းတော့ မခန့်မှန်းတတ်တော့ဘူး။ သေချာတာကတော့ မန်းလေးတောင်ခြေနား တ၀ိုက်ကထင်တာပဲ။ နိုင်ငံခြားသား ငနဲတစ်ကောင်က ဒီပုံကိုရိုက်ပြီး Flickr မှာတင်ထားတာတွေ့လို့ အခု ပြကြည့်တာပါ။ ပုံကိုကြည့်ပြီး ဘယ်သူ့ကို အပြစ်တင်ရမှန်းကို မသိတော့ဘူး။ တွေ့မိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရတော့မလား :-w
စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...
အေးဗျာ။ ဘာတွေဖြစ်ကုန်မှန်း မသိတော့ပါဘူး။ အိန္ဒိယမှာ မြန်မာပြည်ထက် ထူးခြားတာ တစ်ခု ရှိတယ်။ ဗုဒ္ဓဇယန္တိနေ့မှာ အရက်ဆိုင်များ ပိတ်ပါတယ်။ အခုဆို မဟာဝီရလို့ခေါ်တဲ့ ဂျိန်းဘုရားနေ့ အတွက် အရက်ဆိုင်များ ပိတ်ဦးမှာပါ။ ဒေလီလို မြို့ကြီးများမှာ အရက်ဆိုင်များ မှိုလိုပေါက်မနေပါ။ စားသောက်ဆိုင်တိုင်းမှာ အရက်မရပါ။ ဘီယာလဲ မရပါ။ ဘီယာပျော့(အချိုရည်သာသာ)တော့ ရတယ်။ အခြေခံအားဖြင့် ကုလားများ လုမှုဆက်ဆံရေး ညံ့တယ်။ ဒါပေမယ့် ဒီလို အမှတ်တရလေးတွေတော့ ရှိတယ်ဗျ။
ReplyDeleteSo, india is better than myanmar pot. Good :)
ReplyDelete