မန္တလေးမှာ ထွန်းလှဟိုတယ် ဆိုရင် တစ်ချို့လူတွေသိကြမှာ မဟုတ်ဘူး။ အနေကြာတဲ့ (မြို့ခံ)လူတွေပဲသိကြတယ်။ ဘာကြောင့်လဲဆိုတော့ ထွန်းလှ ဆိုတဲ့နာမည်က အရင်ခေါ်တဲ့ နာမည်အဟောင်းမို့လို့ပါပဲ။ ဘယ်ကနေဘယ်လို ဒီဟိုတယ်အကြောင်းရေးတာလဲမေးရင် ... မောင်တို့ချယ်ရီမြေ (၀င်းဦး, ခင်သန်းနု) ဇာတ်ကားထဲမှာ ပြောသွားတာလေးကို သတိရသွားလို့ပါ။ အခု အဲဒီဇာတ်ကား Burmeseclassic မှာတင်နေတယ်။ "မင်းသမီးက ထွန်းလှဟိုတယ်မှာ တည်းနေတယ်"ဆိုတဲ့ စကားပြောလေးခန်းလေး ပါတယ်။ တကယ်တမ်း အခုနာမည် အသစ်က မြမန္တလာဟိုတယ် (Corner of 27th & 68th)ဖြစ်နေပါပြီ။ ၃ တန်း ၄တန်း အရွယ်လောက် အဲဒီ ဟိုတယ်ထဲကို ခဏခဏရောက်တယ်။ သူငယ်ချင်း(အာကာအောင်)ရဲ့အမေက အဲဒီဟိုတယ်မှာ မန်နေဂျာလုပ်တော့ ထမင်းစားကျောင်းဆင်းတိုင်း အဲဒီကို ရောက်ရောက်သွားတယ်။ ကျွန်တော်တို့ ၁၆ အထက ကျောင်းနဲ့ဆိုရင် ၂မိနစ်လောက် လမ်းလျောက်လိုက်တာနဲ့တင် ရောက်ပြီ။ နောက်ပိုင်းကျတော့ ရေကူးကန်မှာ ရေသွားကူးရင်း ခဏခဏရောက်ဖြစ်တယ်။ အမြဲတမ်းကူးတာတော့ မဟုတ်။ သူငယ်ချင်း(အောင်သူရ) နဲ့လိုက်သွားရင်း ကူးဖြစ်နေတာ။ သူကတော့ အမြဲပုံမှန်လိုလိုကူးတယ်။ ကျွန်တော်ကတော့ အမြဲမကူးချင်ဘူး။ ဘာလို့လည်း ဆိုတော့ ရေကူးရင် အရပ်ထွက်တယ်လေ။ နဂိုကမှ အရပ်ရှည်ရတဲ့ကြားထဲ ရေခဏခဏ ထပ်ကူးလို့လည်း မကောင်းဘူး။ ရေမကူးရင်လည်း လိုက်သွားပြီး သူငယ်ချင်းနှင့် တစ်ခုခုစားသောက်ရင်း ရေကူးကန်ဘေးမှာ စကားထိုင်ပြောနေတတ်တယ်။ အခုလို ပူတဲ့အချိန်မျိုး ညနေခင်း ၅ နာရီလောက်ဆိုရင် အဲဒီမှာ လူစည်နေပြီ။ တစ်ခါတစ်လေ မေမြို့က တယ်ဝိုင် ပုလင်းလေး ဒါမှမဟုတ် စပျစ်ဝိုင် ပုလင်းလေးတွေယူ ရေကူးကန်ဘေးမှာ စကားပြောရင်း သောက်ကြတယ်။ ဟား ... ပြောရင်း ပိုလို့တောင် သတိရတယ်။ ဒီနေ့ ဧပြီ ၁၀ ရက်နေ့ ... မန္တလေးက သူငယ်ချင်းတွေ လှုပ်လှုပ်ရွရွ ဖြစ်နေလောက်ပြီ။ ညပိုင်းတွေမှာ "ကဲကြသည် ဆိုရာဝယ်" ဆိုတဲ့ ဇာတ်လမ်းတွေ ရိုက်နေလောက်ရောပေါ့။
ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...
.. "ကဲကြသည် ဆိုရာဝယ်" ... ရိုက်နေလောက်ရောပေါ့။
ReplyDelete:D
ဟုတ်တယ် ... တကယ်ပဲကွာ .. လွမ်းတယ်
ReplyDelete