Skip to main content

မန္တလေး MCC သင်္ကြန်

မန္တလေးသင်္ကြန်အကြောင်းပြောရင် အမှတ်ရဆုံးက MCC သင်္ကြန်ပါပဲ။ ဒီနှစ်တော်တော်စည်တယ်လို့ ကျွန်တော်ရဲ့ မိတ်ဆွေကြီး ကိုဆန်းဦး ဘလော့မှာ ဖတ်လို့ သိရပါတယ်။ သရုပ်ဆောင် ဦးကျော်ဟိန်းလည်း လာတဲ့အတွက် ပိုပြီးစည်ကားသွားခဲ့ပါတယ်။ အစကတော့ ကိုဆန်းဦး နောက်နေတယ် မှတ်နေတာ။ ဘာလို့လည်း ဆိုတော့ MCC မှာကလည်း ဦးကျော်ဟိန်းရှိတယ်လေ။ သူက ဦးကျော်ဟိန်းထက် ပိုချောတယ်။ ဟိဟိ ... ကြားရင်တော့ ၀မ်းသာနေမလား အမြင်ကတ်နေမလားပဲ။ တကယ်ပါ မယုံရင် MDY MCC မှာ သွားကြည့်လိုက်ပါ။ MD ဦးကျော်ဟိန်းလို့ မေးလိုက်ရင် တွေ့ပါလိမ့်မယ်။

စိတ်မကောင်းစရာသတင်းတစ်ခု အနေနဲ့ သူငယ်ချင်း မောင်မျိုးအောင် မေးစိ ပေါက်သွားတယ်လို့ကြားပါတယ်။ ဖြစ်မှ ဖြစ်ရလေ။ တော်သေးတယ် မေးစိပဲပေါက်လို့။ တစ်ခြားနေရာသာဆို မလွယ်ရေးချမလွယ်။ မတော်တဆလား ဒါမှမဟုတ် သင်္ကြန်အတွင်း ယမကာတန်ခိုးကြောင့် ဖြစ်သွားတာလားတော့မသိ ဟိဟိ။ ကျန်တဲ့ သူငယ်ချင်းတွေကတော့ Sedona နဲ့မျက်နှာချင်းဆိုင်က Premier Pandal မှာ ရှိကြတယ်လို့ပြောပါတယ်။ မနှစ်ကတော့ Domino Pandal နဲ့ နှစ်ပါးသွားခဲ့ကြတယ်။ လူတိုင်းကတော့ သင်္ကြန်ကို စီးပွားရေးသင်္ကြန်ဆိုပြီး ပြောပြောလာတာ တွေ့ရပါတယ်။ ဟုတ်လည်း ဟုတ်နိုင်ပါတယ်။ စီးပွားရေးအခြေအနေတွေ ဘယ်လောက်ပဲဆိုးရွားရွား မြန်မာဆိုတဲ့ လူမျိုးကတော့ ပွဲလမ်းသဘင်ဆိုရင် အစဉ်အလာမပျက် ကျင်းပမြဲ ကျင်းပနေဆဲပါပဲ။

MCC သင်္ကြန်နဲ့ ပက်သက်ပြီး ပျံ့လွင့်ကုန်တဲ့ အတွေးတွေပါ။ စကားစမပ် ... MCC Pandal မှာ ဈေးရောင်းတဲ့သူများလည်း တယ်မြတ်ဆိုပဲ :D Email ဖတ်လို့သိရတာ။ ပြန်လာမှ မုန့်ဝယ်ကျွေးခိုင်းဦးမယ်။ ဒီနှစ်သင်္ကြန်မှာ သင်္ကြန်ရေ မထိလိုက်ရဘူးလို့ လာပြောတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဟိဟိ မယုံရခက် ယုံရခက်ပဲ :P ဒီနှစ် MCC Pandal မှာ ဦးကျော်ဟိန်း လာတာသာ သတိထားမိကြတာ လွင်မိုး ရှိနေတာကိုတော့ ဘယ်သူမှ သတိထားမိကြမှာ မဟုတ်ဘူး။ MCC လွင်မိုး ကြည့်ချင်ရင် ဒီမှာကြည့် :D

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။