Skip to main content

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ (သို့) ကလေးများနေ့

ဒီလို နေ့ထူးနေ့မြတ်မျိုးမှာ ကျွန်တော်တို့ မြန်မာ Blogger တွေဟာ အမှတ်တရ ပို့စ်တွေကို တင်၊ ဆုတောင်းသူက တောင်း၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ဝေသူက ဝေ စသည်ဖြင့် အမှတ်တရ တစ်ခုခုဖြစ်အောင် ရေးလေ့ရှိကြပါတယ်။ ကျွန်တော့အနေနဲ့တော့ ဗိုလ်ချုပ်သာကြားနိုင်မယ်ဆိုရင် ပြောပြချင်တဲ့ စကားလေးတွေ ရှိတယ်။
ဗိုလ်ချုပ်တို့ခေတ်တုန်းက ပြည်သူသည် အမိ၊ ပြည်သူသည်အဖ၊ တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာတာဖြစ်သည့်အတွက်၊ ပြည့်သူ့အကျိုးကို အစွမ်းကုန် သယ်ပိုးထမ်းဆောင်ရမည်။ ကိုယ်ရေးကိုယ်တာထက် တိုင်းပြည်ရေး၊ ပြည်သူ့အရေးကို အလေးပေးပြီး ဆောင်ရွက်ခဲ့ကြသည့်အတွက် တပ်မတော်သားဆိုလျှင် ပြည်သူများက ချစ်ခင်ကြင်နာခဲ့ကြတယ်နော်။

အခုခေတ်မှာတော့ တပ်မတော်သည် အမိ တပ်မတော်သည်အဖ၊ ပြည်သူများအား တပ်မတော်က ထမင်းကျွေးထားသည့်အတွက် ပြည်သူများသည် တပ်မတော်ကို ကြောက်ရွံ့ရိုသေရမည်ဖြစ်ပြီး၊ တပ်မတော်မှ ခိုင်းသမျှ၊ ဂုတ်သွေးစုပ်သမျှ၊ နှိပ်စက်သမျှကို အာဏာအောက်တွင် တမိတ်မသုန် နာခံဆောင်ရွက်ရမည်။
ဗိုလ်ချုပ်သင်ပေးခဲ့တဲ့ စစ်ပညာကတော့ ဒီခေတ်အရ ခွေးကို ကျားစွယ်တိုက်ခဲ့သလို ဖြစ်နေပြီ။ ဒါပေမဲ့ မည်သို့ပင်ဖြစ်စေ ခွေးဟာ ခွေးပါပဲ။ ကျားစွယ်လေး တိုက်ထားလို့ စမာန်တက်ပြီး ကျားယောင်ဆောင်လည်း အတိုင်းအတာတစ်ခုထိပါပဲ။ စိတ်ထဲမှာ ယုံကြည်နေတာ တစ်ခုရှိတယ်။ အဲဒီခွေးဟာ နောက်ဆုံးနိဂုံးမှာ "ခွေးကျ၊ ၀က်ကျ ကျပြီး" တော့ ခွေးဇာတ်ခင်းရမယ် ဆိုတာပါပဲ။

Comments

  1. ပြည်ထောင်စုနေ့လဲ သတိရတယ် ဗိုလ်ချုပ်မွေးနေ့လဲ သတိရတယ်ကွ မနက်ဖန် ဘယ်လင်တိုင်းကတော့ နာ့ဆရာကပြောတယ် ဘယ်လင်နဲ့တိုင်းတိုင်း ဒီလင်အကောင်းဆုံးတဲ့ အဟက်ဟက် :Pဘိုင်ဒဝေး ကလေးများနေ့က ဒီနေ့လား နာလဲ သိဘူး ကေ ကေ မှတ်ထားပါ့မယ်

    ReplyDelete
  2. သတိရရင် ပြီးတာပါပဲ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS