Skip to main content

အိုစမာကြောက်တဲ့ ကြံ့ဖွတ်

အိုစမာဘင်လာဒင်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘူးသီးတောင်ဘက်တွင် ရောက်ရှိနေသော သတင်းတစ်ခုကို ချောင်ချိုချောင်ကြား မီဒီယာ တစ်ခုမှ လူသိရှင်ကြား ကြားသိခဲ့ရလေသည်။ ဖြစ်နိုင်ချေရှိသည်မှာ အိုစမာသည် အမေရိကန်တို့ လိုက်ရှာသည့်ဒဏ်မှ ကင်းဝေးအောင် ရှောင်တိမ်းရင်း မြန်မာပြည်ဘက်သို့ ရောက်ရှိလာဟန်တူသည်။

ထိုသတင်းကို ရသည်နှင့် မြန်မာပြည်မှ လူကြီးများလည်း အိုစမာကို သွားရောက်ရှာဖွေကြရာ နွားမွေးမြူရေးခြံတစ်ခုတွင် နွားနို့ညှစ်အလုပ်သမားအဖြစ် ဇာတ်မြှုပ်နေလေသော အိုစမာကို တွေ့ရှိရလေသည်။ အိုစမာနှင့် ပက်သက်ပြီး အမေရိကန်တို့ဂယက် မြန်မာပြည်သို့ရောက်ရှိလာမည် စိုးရိမ်သောကြောင့် ပြန်လည်ထွက်ခွာသွားပေးရန် ဘာမသိညာမသိ လူကြီးမင်းများ နှင့် ပါလေရာ မိရှောက်အဖွဲ့ဝင်များ သွားရောက်တောင်းဆိုကြလေသည်။ သို့သော် ကိုကြီးအိုစမာကတော့ ဂျစ်တီးဂျစ်ကန်လုပ်ပြီး မသွားဘဲနေနေလေသည်။ ဘဘဗိုလ်ချုပ်ကြီးမှ စပြီး ထွက်သွားပေးရန်ပြောဆိုခဲ့ရာ ၀န်ကြီးအဆင့် ရောက်သည်အထိ ဂျစ်တီးဂျစ်ကန် ဆက်ပြီးလုပ်နေသည်။

ထိုအချင်းအရာကိုမြင်ပြီး အားမလို အားမရဖြစ်နေသော ကျည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွတ်မွေးရေး ... အဲ ... ဖွံ့ဖြိုးရေး အဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက်မှ ကိုကြီးအိုစမာခဗျာ ကောက်ခါငင်ကာ ချက်ခြင်းပြန်ထွက်သွားရှာလေတော့သည်။ ထိုသူ ပြောလိုက်သည့်စကားမှာ ...

" ဟေ့လူ ... ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့ ကြံ့ဖွတ်ထဲ ထည့်လိုက်ရမလား " neener

ကျန်းမာပျော်ရွှင်ပါစေ :)

Comments

  1. အိုစမာ တောင်ကြောက်သွားပြီ။ နောင် လူကြီးတွေ ကလေးလေးတွေကို ဆုံးမရင်တောင် "ကြံ့ဖွတ်ထဲထည့်လိုက်မှာနော်" လို့ ခြိမ်းခြောက်စကား ဖြစ်နိုင်ချေတော်တော်ရှိတယ်။ :D

    ReplyDelete
  2. မှန်ပါ့ဗျာ :)

    ReplyDelete
  3. ချာ လုံး ပေါင်းတွေ မှား နေသလားလို့... :P

    ReplyDelete
  4. မီမှားပါဘူးဂျ :P

    ReplyDelete
  5. Anonymous2:13 pm

    ကိုချမ်းမြစိုး သီချင်းကောင်းတယ်ဗျာ၊ ဒါပေမယ့် သီချင်းလေးကိုအမှတ်တရသိမ်းချင်ရင် ဒီမှာ ရယူပါ ဆိုတဲ့အတိုင်းလုပ်ယူတာ မရဘူးအစ်ကို၊ ဒါကြောင့် အပန်းမကြီးရင် မေးလ်နဲ့ပို့ပေးစေချင်ပါတယ်အစ်ကို
    ကျွန်တော် email က minngaung2008@gmail.com ပါ။
    အစ်ကိုရေးထားတာကို ၀င်ဖတ်ဖြစ်တယ်အစ်ကို၊ ကောင်းတယ်၊ ဆက်လုပ်ပါအစ်ကို၊
    အစ်ကိုရည်မှန်းချက်တွေအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်။ :D

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS