Skip to main content

သာဓုခေါ် ကောင်းချီးပေးပါ အမေ

နှစ်ဟောင်းကုန်လို့ နှစ်ကူးပြန်တော့မယ်
မေ့လို့ရတဲ့ အတိတ်တွေကို ထားခဲ့ပေမယ့်လည်း
မေလို့မရတဲ့ အဖြစ်အပျက်တွေကတော့ ရှိနေဆဲပေါ့

မေလို့မရတဲ့ အရာတွေထဲမှာ
အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုတွေက အဆိုးဆုံးပဲ

ဒီလိုပဲ ကျွန်တော့ဘ၀မှာလည်း
အမေဆိုတဲ့ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီး ကြုံခဲ့ရပြီလေ

အမေ ...

ကံကြမ္မာဂြိုလ်ဆိုးကြောင့် လောကကြီးကနေ
ရုတ်တရတ် နှုတ်မဆက် ထွက်ခွာသွားခဲ့ရတယ်နော်
အမေမရှိတော့မှ အမေ့တန်ဘိုး ပိုပိုပြီး သိလာရတယ်ဆိုသလိုပါပဲ
ချစ်လို့မ၀သေးဘူး အမေရယ် ...

အမြတ်ဆုံး ပညာအမွေ သားတို့ကို ပေးခဲ့နိုင်တဲ့အတွက်
တမလွန်မှာ အမေကျေနပ် ၀မ်းသာပါတော့

ဘ၀ပင်လယ်မှာ လှိုင်းတွေထန်တိုင်း
အမေ့ရဲ့ သွန်သင်ဆုံးမမှုတွေကို လိုက်နာပြီး
သားတို့ ကြံ့ကြံ့ခံ ရင်ဆိုင်သွားပါမယ် အမေ

လူတစ်လုံး သူတစ်လုံးဖြစ်အောင်
အိပ်ထိန်းပြုစု ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့
အမေ့ မွေးကျေးဇူး ကျွေးကျေးဇူးတွေကို
သားတို့ ပြန်ဆပ်လို့်မကုန်ပါဘူးအမေ

ဒါပေမဲ့ ...

အမေဖြစ်ချင်တဲ့ ဆန္ဒတွေ၊ အမေရဲ့ ရည်မှန်းချက်တွေကို
သားတို့ ဆက်လက်ဖြည့်ဆည်းနေပါတယ် အမေ
သားတို့ရဲ့ စွမ်းဆောင်မှု၊ ကြိုးစားမှုတွေကို
အမေရောက်ရာ ဘုံဘ၀မှ
ဝမ်းမြောက်စွာ သာဓုခေါ် ကောင်းချီးပေးပါ အမေ။

၁၁.၉.၀၇ တွင် ကွန်လွယ်သွားသော မေမေ ဒေါ်အေးအေး နှင့် ၇.၄.၀၈ တွင် ကွယ်လွန်သွားသော အမေလူထုဒေါ်အမာတို့ကို ဦးခိုက်ကန်တော့ ရေးဖွဲ့သည်။

ချမ်းမြစိုး
၁၂၊ ဧပြီ၊ ၂၀၀၈
၀၀:၁၂ နာရီ

Comments

Popular posts from this blog

တကယ့်ကို မလွယ်ပါလား

စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

Mac မှ Adware များကိုဖယ်ရှားခြင်း

Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင် တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း target ထားလာကြပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ ကြော်ငြာတွေ၊ popup window အသေးလေးတွေ ပုံမှန်မဟုတ်တာတွေဖြစ်လာဖြစ်ဆိုရင်တော့ Mac ကို Adware ဝင်မဝင်စစ်ဆေးဖို့လိုပါပြီ။ အဲဒီအတွက် အသင့်တော်ဆုံးနဲ့ အလကားပေးထားတဲ့  Software ကတော့ AdwareMedic ပဲဖြစ်ပါတယ်။ Window အတွက်ကတော့ Malwarebytes  ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အခြားပြဿနာတွေ ကွန်ပျူတာမှဖြစ်နေရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ လက်လမ်းမှီသလောက် ရှာဖွေဖြေရှင်းပေးပါမယ်။ Download : AdwareMedic