Skip to main content

မေတ္တာပို့ သီချင်း Remix နှင့်ပတ်သတ်၍


ကျွန်တော် အရင်က DJ တွေ ကုန်ကြမ်းရှားကုန်ပြီလား ဆိုတဲ့ နာမည်နှင့် ပို့စ်တစ်ခုကို ဘလော့မှာ တင်ခဲ့ဖူးပါတယ်။ အကြောင်းကတော့ အထက်ပါ မေတ္တာပို့တဲ့သီချင်း (ဘုရားသီချင်း လို့လည်း ယူဆလို့ရတယ်) လေးကို DJ လုပ်ပြစ်လိုက်လို့ပါ။ အဲဒီ ကိစ္စနှင့် ပက်သက်ပြီး Dj Wine ထံမှာ email တစ်ခုကို ဒီနေ့ ရရှိခဲ့ပါတယ်။ သူက ဘလော့မှာ ပြန်လည်ဖော်ပြပေးစေလိုတာကြောင့် တင်ပြပေးလိုက်ရပါတယ်။
မေတ္တာပို့သီချင်း Remix နှင့်ပတ်သတ်၍ Myanmar Djs များမှပြန်လည်ရှင်းလင်းချက်...

အခုလုပ်ထားတဲ့သီချင်းက Dj Jay လုပ်ထားတာ မဟုတ်ပါဘူး။

ကျွန်တော် Dj Wine လုပ်ထားတဲ့သီချင်းပါ။ ကျွန်တော်က အစောကြီးထဲက အဲဒီလိုအပြောခံရမယ်ဆိုတာ သိပါတယ်။ဒါပေမယ့် သိစေချင်တာတခုက.. ကျွန်တော် အဲဒီမေတ္တာပို့သီချင်း ကိုပစ်စစ်လတ်ခတ် Remix လုပ်ထားတာမဟုတ်ပါဘူး.. သူ့ရဲ့ Original ကိုက သီချင်းဖြစ်နေလို့ ( Key တွေ Chord တွေ ပါနေလို့ ) ကျွန်တော်က သီချင်းအဖြစ်နဲ့ ပြန်လည်ပူဇော်ထားတာပါ။ သီချင်းလုပ်နေစဉ်ကာလတွေမှာလဲ.. သီချင်းမလုပ်ခင် , Computer ရှေ့မထိုင်ခင် , အရင်ဆုံး ဘုရားကန်တော့ , သတ္တဝါအားလုံးကို မေတ္တာပို့ပြီးမှ သီချင်းကိုစလုပ်တာပါ။

ထက်ပြီး ရှင်းအောင်ပြောရရင် DJ ဆိုတာအနုပညာရှင်ပါ။ မေတ္တာပို့သီချင်းကို အရင်က တင်တင်မြ တို့ စိုးစန္ဒာထွန်းတို့ ပြန်ဆိုပူဇော်ခဲ့သလိုမျိုးပဲ ကျွန်တော်ကပြန်ပူဇော်တာပါ။ ပြီးတော့ Music Knowledge ရှိသူတွေဆိုရင် သီချင်းကိုနားထောင်ကြည့်တာနဲ့သိနိုင်ပါတယ်။ ဒီသီချင်းကို Dj က အဖြစ်လုပ်ထားတာလား သေသေချာချာ ဖန်တီးထားလားဆိုတာ။

ထပ်ပြီးပြောချင်တာလေးတခုက ယခုကမ္ဘာ No.1 DJ Tiesto ဟာဆိုရင်လဲ ဗုဒ္ဓဘာသာ ပါပဲ။ Buddha Bar Album တွေမှာလဲ Tiesto ကိုတိုင် remix လုပ်ထားတဲ့သီချင်းတွေပါပါတယ်..City Mart မှာဝယ်ရင်ရနိုင်ပါတယ်။ ပြီးတော့ အခုမေတ္တာပို့သီချင်း ကိုပဲ Hong Kong တို့ Malaysia တို့ Indonesia တို့မှာလဲ remix တွေများကြီးထွက်ထားတယ်။ အဲဒါကြတော့ရော ဘယ်လိုပြောရမတုံး ?? ရှင်းရှင်းပြောရရင် ဗုဒ္ဓဘာသာကို တခြားဘာသာတွေလိုပဲ ပိုမိုပြန့်ပွားလာအောင်
သီချင်းတွေနဲ့ Marketing ဆင်းလို့တောင်ရပါတယ်ခင်ဗျာ။

တိဘတ်မှာဆိုရင် ဘုန်းကြီးတွေ သီချင်းတောင်ဆိုပါတယ်။ အဓိကကတော့ ထေရဝါဒပဲ ဖြစ်ဖြစ် မဟာယာဏ ပဲ ဖြစ်ဖြစ် ကိုယ့် ဘာသာ သာသနာကို မညစ်နွမ်းစေချင်တဲ့ဆန္ဒ မရှိကြပါဘူး။ အခုကျွန်တော့ရဲ့ ရည်ရွယ်ချက် ကလဲ ဒီသီချင်းမှာ ဘုရားနဲ့ပတ်သတ်တဲ့ စာလုံး တလုံးမှ မပါတာရယ်၊ ကိုယ်ကိုတိုင်ကလဲ ဒီသီချင်းကိုစိတ်သန့်သန့်လေးနဲ့ ပူဇော်ချင်တာရယ်ကြောင့် ဆို
တာပြောကြားရင်း အာလုံးကိုမေတ္တာပို့သလျှက်။

Dj Wine

p.s MTVကို ဒါရိုက်တာမှ ဖြစ်သလိုရိုက်ထားခြင်းမှာ သီချင်းမူလဖန်တီးသူနှင့် လုံးဝမသက်ဆိုင်ပါကြောင်း။

Comments

  1. လာပြန်ပြီး ဒီcopy ။ ဘုရားသီချင်း တွေကို တော့ pass ပေးလိုက်ပါ မိတ်ဆွေ ။ dj သီချင်းအများ ဆုံး open တာက ကလပ်တို့ ၊သကြန် တို့ မှာ ဖွင့်ကြတာ။
    ဘယ်လို မှ မအပ်စပ်ဘူး ။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...