Skip to main content

သူငယ်ချင်း တစ်ယောက်ထံမှ ပေးစာ

ဒီနေ့ ဒေးဒရဲဘက်ကို သွားလှူကြတယ်ကွာ။ ထောက်ပံ့ရေး ပစ္စည်းတွေက နေရာတော်တော်များများကို မရောက်ဘူး။ ကွမ်းခြံကုန်းဘက်ကိုတော့ ရောက်တယ်ကွာ။ ဒါပေမယ့် ကြားထဲက ရွာတွေကိုတော့ မဝေဘူးကွ။ ကြားထဲမှာရှိတဲ့ ရွာတွေက ငတ်နေကြတယ်ကွာ။

အိမ်တွေလဲ နေစရာ မရှိ ၀တ်စရာ မရှိနဲ့ တော်တော်သနားဖို့ကောင်းတယ်။ သူတို့ကို လှူတဲ့ပိုက်ဆံ ၅၀၀၀ လောက်ကိုကွာ တစ်ခါမှမကိုင်ဘူးဘူးတဲ့။ မုန်တွေဝေတော့လဲ ဒီလိုမုန့်တွေ မြင်တောင်မမြင်ဘူးဘူးတဲ့။ အဲဒီမုန့်ဆိုတာ ငါတို့လို သာမန်လူတန်းစားတွေတောင် ပေါပေါလောလော ၀ယ်လို့ရတဲ့ ဘီစကစ်တွေပါကွာ။

ကယ်ဆယ်ရေး စခန်းတွေမှာလဲ တစ်ချို့ အစားသောက်တွေဆို သိုးတောင်သိုးနေပြီ။ မနက်ထဲက ဝေမယ်ဆိုပြီး တန်းစီခိုင်းထားတာ ငါတို့ ပြန်လာတဲ့ညနေအထိ ဝေတောင်မဝေရသေးဘူး။

အာဏာပိုင်တွေက တော်တော်ရက်စက်နေကြတာကွာ။ ပြည်သူတွေဆီ အပြည့်အ၀မရာက်ဘူး။

ငါဆို မျက်ရည်တောင်ကျချင်တယ်။ မနည်းထိန်းထားရတယ်။ သူတို့ဆီ တိုက်ရိုက်လှူမယ်ဆိုတော့လဲ မရဘူး။ အစိုးရဆီကိုပဲ အပ်ရမယ်တဲ့။ တော်တော်စိတ်ထားယုတ်တဲ့သူတွေ။
ကျွန်တော်လည်း စာကိုဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ကိုယ်တွေ့ တွေ့မြင်လာခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်ချင်းစာတယ်။ အဲဒီတော့ ဒီလိုအခြေအနေမျိုးမှာ ပြည်တွင်းမှာရှိတဲ့ လူတွေ နယ်တွေမှာ ကိုယ်တိုင်သွားပြီး ကူညီပေးနိုင်တာဟာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါပဲ။ ဟို လူ့ငနွားတွေကတော့ ရှင်းပြလည်း ဘာမှ နားလည်မှာ မဟုတ်သလို ကိုယ်ချင်းစာစိတ်လည်း ရှိမယ့်ကောင်တွေ မဟုတ်ဘူး။

သူငယ်ချင်း ... မင်းတို့ရဲ့ လုပ်ဆောင်ချက်တွေအတွက် ငါ အရမ်းဂုဏ်ယူပါတယ်ကွာ။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။