Skip to main content

Nargis Cyclone Appeal

Video Updates 2




News Updates

Video Updates 1







First lady Laura Bush urged the military junta in Myanmar to accept disaster assistance from the United States and other countries and organizations to help the thousands of its citizens affected by this weekend's devastating cyclone. [source]

မုန်တိုင်း နာဂစ် ၀င်ရောက် တိုက်ခေတ်ပြီးသွားပေမဲ့ မုန်တိုင်းကြောင့်ကြောင့် ဖြစ်ပျက်ပြီး ကျန်ခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုတွေ၊ လူအသေအပျောက် သတင်းတွေကို ဆက်တိုက် ကြားနေရတာ စိတ်မချမ်းသာဘူးဗျာ :(

ဒီလိုအချိန်မှာ ကျွန်တော်တို့ (ပြည်ပရောက်) မြန်မာတွေ အနေနဲ့ ကိုယ်တတ်နိုင်သလောက် ကူညီထောက်ပံ့မှုတွေ ပေးကြရအောင်ဗျာ။

ကျွန်တော်က ဒီပို့စ်ရေးပြီးသာ နှိုးဆော်နေတာ တစ်ချို့မိတ်ဆွေတွေ လှူတောင် ပြီးလောက်ပါပြီ။ ဘာပဲ ပြောပြောဗျာ အလှူငွေ များများရတော့ ပိုပြီး ထိထိရောက်ရောက် ကူညီနိုင်တာပေါ့ဗျာ။

မောင်သန့်ဇင်ရဲ့ ဘလော့ နှင့် မြတ်မင်းဟန်တို့ရဲ့ ဘလော့တွေမှာ စင်ကာပူက မြန်မာတွေရဲ့ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များကို လှူဒါန်းတဲ့ အလှူဒါနအကြောင်းဖတ်ရတာ ၀မ်းသာပီတိ ဖြစ်ရပါတယ်။
ယနေ့အထိ မုန်တိုင်း ဒုက္ခသည်တွေ အတွက် စင်္ကာပူမှ အလှူငွေ စုစုပေါင်း စင်္ကာပူဒေါ်လာ ၁၁၀၂၀ ကျော် (မြန်မာငွေကျပ် သိန်း ၉၀ နီးပါး) ရရှိပါပြီ။ သာဓု ခေါ်ကြပါဗျာ။ =) [Mg Thant Zin]
စင်ကာပူနိုင်ငံမှ အလှူငွေများကောက်ခံကာ မြန်မာနိုင်ငံတွင် မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ရသူများကို ကူညီနိုင်ရန် ဦးစီးလုပ်ဆောင်သူများထံမှ ယနေ့ အလှူငွေကောက်ခံရမှုနှင့် ပတ်သက်ကာ သတင်းသစ်အခုလေးတင်ရလိုက်ပါတယ်။ အလှူငွေများကို အလှူခံဌာနများမှ ယနေ့ မေလ ၅ရက်နေ့ အောက်ပါအတိုင်း အသီးသီးရရှိခဲ့ပါတယ်။

* လင်းလက်အလှူခံဌာနမှ S$1886
* Sin Myanmar အလှူခံဌာနမှ S$6467
* သပြေနု အလှူခံဌာနမှ S$792
* ဓါတ်တော်တိုက် အလှူခံဌာနမှ S$275

စုစုပေါင်း အလှူရရှိငွေ S$9420 တိတိရရှိခဲ့ပါတယ်။ မေလ ၄ရက်နေ့က ကောက်ခံရရှိငွေ S$1600 အပါအ၀င် ယခုဆိုလျှင် S$11020 တိတိရရှိပြီးဖြစ်ပါတယ်။ [mmhan]
UN အကူအညီတွေ အပြင် နိုင်ငံတကာ အကူအညီတွေလည်း စပြီး ပေးနေပါပြီ။ ဒါပေမဲ့ မြန်မာပြည်မှာ ဒုက္ခဖြစ်နေတာကို ကျွန်တော်တို့ မြန်မာလူမျိုးစစ်စစ်တွေက ကိုယ်တတ်နိုင်သလောက် ပိုပြီးတော့ ကူညီပေးသင့်ပါတယ်။ ဒါ့ကြောင့် လှူဒါန်းချင်သူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များထံသို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။
1.Sayardaw U San Naw Bar Tha
Bank Name: Barclays
Account Holder Name: Mr A Candobhasa

Sortcode: 20-80-71

AccountNo: 9000 2836

Contact Info: 0787 7297 205, email: ucandobhasa@googlemail.com
More Info: http://ko-htike.blogspot.com/


2.Burmese Student Organisation UK
Bank Name: HSBC
Account Holder Name: Burmese Student Organisation UK

Sortcode: 40-01-13
AccountNo: 4154 6694
Ref: CDA-[your mobile number]
Last Day: 10th May, 2008
Contact Info: Ko Win T - 0785 2175 467
Ko Chan Nyein - 0780 4725 077
More info: http://www.bsouk.org/


3.Miss Tharaphi Than
Bank Name: Barclays
Account Holder Name: Miss M T Than

Sortcode: 20-89-15
AccountNo: 6055 2232

OR
please send a check to
Miss Tharaphi Than
SEAsia Department
SOAS, University of London
London
WC1H 0XG
Last Day: She is going to Burma for providing First Aid Support in next three or four days
More info: please read attached document

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။