Skip to main content

Sharing: လူထုဒေါ်အမာ မကွယ်လွန်မီ ၈ လ အလိုက ပြောခဲ့တဲ့စကား

ဒို့ ဗမာပြည်မှာ လက်ရှိ ဒီ အုပ်ချုပ်ရေးမျိုးနဲ့ တသက်လုံး မသွားနိုင်ဘူး။ သွားလို့ရမှာ မဟုတ်ဘူး။ ဒီ ဗမာပြည်ကြီးက အင်္ဂလိပ် ဗြိတိသျှလက်အောက်၊ ဂျပန်လက်အောက်တွေမှာလည်း ကျွန်ခံခဲ့ဖူးတယ်။ ဖ.ဆ.ပ.လ တို့၊ မ.ဆ.ပ.လ တို့လို အုပ်ချုပ်ရေးတွေလည်း ရင်ဆိုင်ခဲ့ရဖူးတယ်။ အဲဒီခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာ သူတို့ ခိုင်မြဲတယ်ဆိုသလောက်၊ ဒီမိုကရေစီ ပေးခဲ့ကြတယ်။ ဥပမာ ... အင်္ဂလိပ်တွေဟာ သူတို့ခိုင်မြဲတယ် ထင်သလောက် ၆၀ ကျပ်သား၊ ၇၀ ကျပ်သား ပေးခဲ့တယ်။ အဲဒါကြောင့် ဒီမိုကရေစီရဲ့ အရသာ ဘယ်လောက်ပေးရင် ဘယ်လောက်ခံစားရတယ်ဆိုတာကို သိလာခဲ့တယ်။ သိလာတော့ တိုးရအောင်လည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်က တိုက်ယူတတ်ခဲ့တယ်။ အခုလို ဘယ်လောက်သားမှ မပေးခဲ့ဘဲ ဖိနှိပ်တာမျိုးကိုတော့လည်း အကြာကြီး ခံနိုင်ကြမှာ မဟုတ်ဘူး။

ဒို့မှာ ၁၉၈၈ ခု အရေးတော်ပုံအတွေ့အကြုံမျိုးကလည်း ရသင့်သလောက် ရခဲ့တယ်။ တန်ဖိုးရှိ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတွေလည်း ထွက်ပေါ်လာခဲ့တယ်။ အဲဒါကြောင့် ဒီအုပ်ချုပ်ရေးမျိုးက အတိုင်းအတာ တခုအထိသာ ခံလိမ့်မယ်။ အတိုင်းအတာမရှိ ခံနေလိမ့်မယ်လို့ မထင်နဲ့။

လက်ရှိ ဒီကမ္ဘာကြီးကလည်း လုံးလုံး ပိတ်ဆို့ထားလို့ ရတာတော့ မဟုတ်ဘူး။ ဆက်သွယ်ရေး သတင်းနည်းပညာခေတ်ကြီးထဲကို ရောက်လို့နေပြီ။ ကမ္ဘာကြီးထဲက နိုင်ငံအသီးသီးမှာ ဒီနိုင်ငံလို ဒီမိုကရေစီ မရှိတဲ့ နိုင်ငံဆိုတာက လက်ချိုးရေလို့ရတယ်။ ကမ္ဘာ့လူသားတွေကလည်း အဲဒီနိုင်ငံမျိုးကို မျက်လုံးဒေါက်ထောက် ကြည့်နေကြတယ်။
အထက်ဖော်ပြပါ စာသားဟာ ယနေ့မြန်မာသတင်းဌာန အဖွဲ့သားတစ်ဦးဖြစ်တဲ့ ကိုညို့ထံကို ၂၀၀၉ နိုဝင်ဘာလ ၂၈ ရက်နေ့က ရောက်ရှိခဲ့တဲ့ ၂၀၀၇ သြဂုတ်လ ၆ ရက်နေ့၊ လူထုဒေါ်အမာ မကွယ်လွန်မီ ၈ လ အလိုက ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ လူထုဒေါ်အမာဟာ ၂၀၀၈ ခု ဧပြီလ ၇ ရက်နေ့မနက်က မန္တလေးမြို့တွင် ကွယ်လွန်သွားခဲ့ပါတယ်။ လူထုဒေါ်အမာကို အဖဦးထင်၊ အမိ ဒေါ်စုတို့က ၁၉၁၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး ယခု သက်ရှိထင်ရှားရှိမယ်ဆိုရင် ၂၀၀၉ နိုဝင်ဘာ ၂၉ မှာ အသက် ၉၄ နှစ်ပြည့်ပြီးမှာဖြစ်ပါတယ်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

စမူ = ဇယ် = ရည်းစား = စော် = ချစ်သူ

မြန်မာစကားရဲ့ အရှုပ်တော်ပုံလေးတွေကို နည်းနည်းစဉ်းစားမိပြီး ရေးမိတာပါ။ ပြီးတော့ ၈တန်းတုန်းက အင်္ဂလိပ်စာသင်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ဟာလေးကိုလည်း သွားပြီးသတိရမိလို့ပါ။ အဲဒီဆရာကြီးက မန်းလေးရေစစ်ကန်နားလေးမှာနေတယ်။ သူပြောတာက ဘာလဲဆိုတော့ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေးတွေကို ခေါ်ဝေါ်သုံးစွဲပုံလေးပါ။ ဒီခေတ်မှာတော့ ကိုယ့်ရည်းစားကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းလေးကတော့ "စော်" တဲ့ ... အင်း ... ခေါ်ရတာတော့ တော်တော် ကသီးကအောက်နိုင်ပါတယ်။ [ ဟေ့ကောင် .. ငါ့စော်ကို တွေ့မိလား ... ကျွန်တော်တို့ ယောက်ျားလေးတွေ အချင်းချင်း မေးလေ့မေးထရှိကြတဲ့ စကားတွေပါ] အင်း ... သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကြားရတဲ့သူအတွက်လည်း ကသီးကအောက်နိုင်လွန်းလှပါတယ်။ ကျွန်တော့်ဆရာကြီးပြောတာကတော့ ဆန်းတယ်ဗျ ကျွန်တော်လည်းမကြားဘူးဖူး ... ဟီးဟီး။ သူတို့လူပျိုတုန်းက "စော်" အစား "စမူ" လို့ခေါ်တာတဲ့ အဲဒီကမှတဆင့် "ဇယ်" ဆိုတာဖြစ်လာတယ်တဲ့ ပြီးတော့ မင်းတို့ ခေတ်ရောက်မှ ရည်းစား ... အဲဒီကမှ "စော်" ဆိုတာကြီး ဖြစ်သွားတာတဲ့။ တော်တော်တော့ စဉ်းစားကြည့်သေးတယ်ဗျ ဘာလို့ "စမူ" လို့ခေါ်သလဲပေါ့ ဟီးဟ...

၁၀ တန်းအောင်စာရင်းများ ထွက်

မနေ့က ၁၀ တန်း အောင်စာရင်းများ ထွက်တယ်လို့သိရပါတယ်။ ရန်ကုန်မှာတော့ အောင်ချက် တော်တော် ကောင်းပြီး ဂုဏ်ထူးထွက်သူတွေလည်း များတယ်လို့သိရပါတယ်။ အဲဒီလို အောင်စာရင်းထွက်တဲ့နေ့ဆိုရင် မန္တလေးကို သတိရမိတယ်၊ ပြီးတော့ (၁၆) အ.ထ.က။ ကျွန်တော်တို့ ၁၀ တန်းအောင်စာရင်းထွက်တဲ့နှစ် (၂၀၀၀)တုန်းက ဆိုရင် မိုးတွေရွာလိုက်တာ အမုန်းပဲ။ မိုးရွာထဲမှာပေါ့ ပျော်တဲ့သူကပျော်၊ ၀မ်းနည်းသူက ၀မ်းနည်း။ ဂုဏ်ထူးမပါလို့ စိတ်ညစ်တဲ့သူက ညစ်နဲ့၊ စုံနေတာပဲ။ အောင်စာရင်းကြည့်ကြည့် ပြီးချင်း အဖေနဲ့ အမေကို သွားပြောတယ်။ တစ်မိသားစုလုံးပျော်လို့ပေါ့။ ပြီးတော့ ၁၆ ကျောင်းက ဆရာမတွေဆီကိုသွားတယ်။ ကျောင်းကိုရောက်တော့လည်း ပျော်စရာကြီး၊ ဆရာ/ဆရာမတွေက သူတို့တပည့်တွေအတွက် အရမ်းကို ပျော် နေကြတယ်လေ။ အဲဒီလိုနေ့မျိုးကတော့ ဘယ်အချိန်၊ ဘယ်နေရာကိုရောက်ရောက်၊ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်နဲ့ Online မှာမိတ်ဆွေဖြစ်နေသူ တစ်ယောက်ဟာ ၁၆ ကျောင်းက ကျောင်းသူဟောင်း ဆိုတာဒီနေ့သိလိုက်ရတယ်။ သူကကျွန်တော့်ကို စိတ်အဟာရဆေးတွေလည်းတိုက်သွားသေးတယ်။ အရမ်းကျေးဇူးတင်ပါတယ်ဗျာ။