Skip to main content

Top 10 Smart Phones of 2010 and 10 Best Mobile Phones in The World Today

ဒီနေ့ အင်တာနက်ပေါ်မှာ အချိန်တော်တော်များများ ဖုန်းနဲ့ပက်သက်တာတွေပဲ အတော်လေး ဖတ်ဖြစ်တယ်။ တစ်ခါတလေကျတော့လည်း အဲလို သရေလိုက်ကျရတာ အရသာတစ်ခု :D Video လေးတွေကြည့်လိုက် စာလေးတွေဖတ်လိုက်ပေါ့။ အခုခေတ်ဖုန်းတွေကလည်း တကယ့်ကို သရေကျချင်စရာတွေပါပဲ။ အထူးသဖြင့် smart phone တွေပေါ့။ လူတွေကို မပျင်းရအောင် မငြီးငွေ့ရအောင် တစ်မျိုးပြီး တစ်မျိုး Application တွေနဲ့ စွဲဆောင်ထားတယ်လေ။ အောက်က Video မှာတော့ Top 10 ပြေးနေတဲ့ smart phone တွေကို ပြထားပါတယ်။ ရှူ့စားကြည့်ပါဦး။ ကျွန်တော်သဘောအကျဆုံးကတော့ HTC Hero ပါပဲ။


Techradar.com မှာတော့ 10 Best Mobile Phones in The World Today ဆိုပြီး စာရင်းပြုစုပေးထားတာတွေ့ရပါတယ်။ Smart Phone တွေအပါအဝင် ဖုန်းတွေအားလုံးထဲမှာ လက်ရှိထိပ်ဆုံးရောက်နေတဲ့ ဖုန်းတွေကတော့
  1. HTC Hero
  2. Apple iPhone 3GS
  3. BlackBerry Bold 9700
  4. HTC HD2
  5. Nokia N900
  6. Palm Pre
  7. Samsung i8910 HD
  8. LG BL40 Chocolate
  9. Motorola DEXT
  10. Nokia 5530 XpressMusic
ဒီ list ထဲမှာလည်း HTC လေးက ပါနေတယ်။ ပါနေတဲ့အပြင် ထိပ်ဆုံးပါရောက်နေသေးတယ်။ အဲဒီဖုန်းကိုတော့ တော်တော်ကြိုက်တယ်။ ဒုတိယ ကြိုက်တာကတော့ HTC HD2 ပဲ။ မြင်သာမြင် မကြင်နိုင်သေးဘူး။ နောက်ပြီး ဒီမှာရှိတဲ့ Phone Company တွေကို အမြင်ကတ်ဆုံးကတော့ Long Contract တွေချည်းပဲ။ အနည်းဆုံး 18 လ contract တွေချည်းပဲ။ ၁၈ လ မဟုတ်ရင် ၂ နှစ် contract တွေပဲ။ တစ်နှစ်ဆိုတာ တွေ့ကို မတွေ့ဖူးတော့ဘူး။ တစ်နှစ်ရှိခဲ့ရင်လည်း တစ်လကို တော်တော်လေး ပေးရတဲ့အပြင် ဖုန်းကောင်းတာယူရင် ဖုန်းအတွက် သီးသန့်ထပ်ပြီး ပေးရသေးတယ်။ Offer, Discount, Off ဆိုတဲ့ စာလုံးတွေ တွေ့ရင်တောင် မယုံတော့ဘူး။ နားလည်ပါးရိုက်တွေ လုပ်လွန်းလို့။ အထူးသဖြင့် Phone Company တွေ အဆိုးဆုံးပဲ။ ထားပါလေ ... :)

ကဲ .. မိတ်ဆွေရော ... ဘယ်ဖုန်းကို သဘောကျဆုံးလဲဆိုတာ ကွန့်မန့်မှာ ပွားပေးခဲ့ပါဦး။ ပြီးရင် လေသေနတ် ပစ်ရအောင်လို့ ;)

Comments

Popular posts from this blog

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်


Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe

Snapseed Photo Editing App by Google

Google ရဲ့ Snapseed ဆိုတဲ့ Mobile App အကြောင်းနည်းနည်းမျှဝေချင်ပါတယ်။ အဲဒီ App ကို App store မှာရော Play Store မှာပါ နှစ်နေရာလုံး Download လုပ်ယူနိုင်ပါတယ်။ ဓာတ်ပုံပြင်တတ်တဲ့သူတွေအတွက်တော့ အဲဒီ App ဟာ Lightroom အသေးစားလေးလိုပါပဲ။ ကျွန်တော်လည်း တစ်ခါတလေ လမ်းသွားလမ်းလာရင်း ကင်မရာမသယ်ချင်တဲ့အခါမျိုးမှာ ပါလာတဲ့ Mobile Phone (Galaxy Note II) နဲ့ပဲ ရိုက်ဖြစ်ပါတယ်။ Mobile ဖုန်းတွေဟာ DSLR တွေနီးပါး ဓာတ်ပုံတွေကို ဖန်တီးလာနိုင်ပါတယ်။ သို့ပေမယ့် အနည်းငယ် ပြုပြင်ပေးဖို့တော့ လိုပါသေးတယ်။ ဥပမာ အလင်းအမှောင်ချိန်ခြင်း၊ လိုချင်တဲ့ size အရွယ်အစားဖြတ်ယူခြင်း စသည်ဖြင့်ပေါ့။ Snapseed မှာ ဓာတ်ပုံပြင်ရတာလည်း အရမ်းလွယ်ကူပါတယ်။ Street Photo တွေရိုက်တဲ့ ကျွန်တော့်အတွက်တော့ များသောအားဖြင့် Black and White ပြောင်းတဲ့အခါ အဲဒီ App ကို သုံးဖြစ်ပါတယ်။
မိမိပြင်ချင်တဲ့ပုံကို App မှာထည့်လိုက်တဲ့အခါမြင်တွေ့ရမည့်ပုံစံပါ။ အောက်ခြေမှာရှိတဲ့ Box တွေကတော့ App ကနေ လုပ်ပေးနိုင်တဲ့ Function တွေပါ။
ဒီပုံမှာ ညာဘက်ဘေးက မလိုချင်တဲ့အပိုင်းကို ဖြတ်ထုတ်ဖို့အတွက် Crop Function ကိုသုံးပါတယ်။ Crop လုပ်တဲ့အခါ မိမိစိတ်တိုင်းကျ ပုံစံအပြင်…