Skip to main content

စစ်အစိုးရ ဒေါက်တိုင် ခိုင်းဖတ်များအားဆန္ဒပြပွဲ (London-UK)

လန်ဒန်ရောက် မြန်မာကျောင်းသားလူငယ်များဦးဆောင်မှုဖြင့် စစ်အစိုးရ၏ ကျောထောက်နောက်ခံ ခိုင်းဖတ်ဖြစ်သည့် မြန်မာအသင်းကြီး(UK)မှကျင်းပပြုလုပ်မည့် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေး မဲဆွယ်စည်းရုံးပွဲကို ဆန္ဒပြ သပိတ်မှောက်မည်ဖြစ်ပါသည်။

မြန်မာအသင်းကြီး (UK) သည် မြန်မာကျောင်းသားများ လိုအပ်သည့် အကူအညီနှင့် အထောက်အပံ့များကို မပေးသည့်အပြင် မြန်မာကျောင်းသားများကို အသင်းသို့ အဓမ္မဝင်ခိုင်းခြင်း၊ လှုံ့ဆော်စည်းရုံးရေးပွဲများအတွက် မတရားလက်မှတ်ရောင်ချခြင်း၊ သံရုံးထောက်ခံစာများ တောင်းချိန်တွင် ကျောင်းသူကျောင်းသားများထံမှ မတရားငွေညှစ်ခြင်း စသည့်ယုတ်မာရက်စက်သည့်အပြုအမူများကိုပြုလုပ်နေကြပါသည်။

ယခုလာရောက် ဖျော်ဖြေမည့် သရုပ်ဆောင်များသည်လည်း အဆိုပါအသင်းကြီးကို ထောက်ခံအားပေးကာ စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက် တစ်စိတ်တစ်ပိုင်းမှ ပံ့ပိုးပေးနေသည့် စစ်အစိုးရ၏အခွင့်ထူးခံ ပြည်သူ့ကျေးဇူးကန်းနေသည့် သရုပ်ဆောင်များ ဖြစ်ကြပါသည်။ ထို့အပြင် အဆိုပါ သရုပ်ဆောင်များသည် စစ်အစိုးရ၏ မဲဆွယ်စည်းရုံးရေး ဇာတ်ကားဖြစ်သည့် "အာရုဏ်ဦးတွင် ဖူးသည့်ကြာ" မဲဆွယ်စည်းရုံးရေးဇာတ်ကားတွင် မြန်မာ့ဖြစ်ရပ်မှန်သမိုင်းကြောင်းကို လျစ်လျူရှူကာသမိုင်းကိုလိမ်သည့် အဆိုပါဇာတ်လမ်းတွင်ပါဝင်သရုပ်ဆောင်ထားကြသည့်သရုပ်ဆောင်များဖြစ်ပါသည်။

ထို့ကြောင့်စစ်အစိုးရ၏ ကျောထောက်နောက်ခံခိုင်းဖတ်ဖြစ်သည့်မြန်မာအသင်းကြီး(UK)နှင့်ပြည့်သူ့ကျေးဇူးကန်းသရုပ်ဆောင်များကို လန်ဒန်ရောက် မျိုးချစ်မြန်မာကျောင်းသားလူငယ်များ ဦးဆောင်မှုဖြင့်ဆန္ဒပြဖော်ထုတ်ပွဲကို ဇူလိုင်၃၁ရက်နေ့၂၀၁၀တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ကြမည်ဖြစ်ပါသောကြောင့် လန်ဒန်ရှိ မျိုးချစ်မြန်မာကျောင်းသားလူငယ်မောင်မယ်များနှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအနေဖြင့် တတပ်တအား ပါဝင်တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

အချိန် - ညနေ ၅ နာရီခွဲမှ ၈ နာရီထိ

နေရာ - Copland Community College, Cecil Avenue Wembley, London HA9 7DU

ရက်စွဲ - ၃၁၊ ၀၇၊ ၂၀၁၀

Comments

Popular posts from this blog

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်


Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe

Snapseed Photo Editing App by Google

Google ရဲ့ Snapseed ဆိုတဲ့ Mobile App အကြောင်းနည်းနည်းမျှဝေချင်ပါတယ်။ အဲဒီ App ကို App store မှာရော Play Store မှာပါ နှစ်နေရာလုံး Download လုပ်ယူနိုင်ပါတယ်။ ဓာတ်ပုံပြင်တတ်တဲ့သူတွေအတွက်တော့ အဲဒီ App ဟာ Lightroom အသေးစားလေးလိုပါပဲ။ ကျွန်တော်လည်း တစ်ခါတလေ လမ်းသွားလမ်းလာရင်း ကင်မရာမသယ်ချင်တဲ့အခါမျိုးမှာ ပါလာတဲ့ Mobile Phone (Galaxy Note II) နဲ့ပဲ ရိုက်ဖြစ်ပါတယ်။ Mobile ဖုန်းတွေဟာ DSLR တွေနီးပါး ဓာတ်ပုံတွေကို ဖန်တီးလာနိုင်ပါတယ်။ သို့ပေမယ့် အနည်းငယ် ပြုပြင်ပေးဖို့တော့ လိုပါသေးတယ်။ ဥပမာ အလင်းအမှောင်ချိန်ခြင်း၊ လိုချင်တဲ့ size အရွယ်အစားဖြတ်ယူခြင်း စသည်ဖြင့်ပေါ့။ Snapseed မှာ ဓာတ်ပုံပြင်ရတာလည်း အရမ်းလွယ်ကူပါတယ်။ Street Photo တွေရိုက်တဲ့ ကျွန်တော့်အတွက်တော့ များသောအားဖြင့် Black and White ပြောင်းတဲ့အခါ အဲဒီ App ကို သုံးဖြစ်ပါတယ်။
မိမိပြင်ချင်တဲ့ပုံကို App မှာထည့်လိုက်တဲ့အခါမြင်တွေ့ရမည့်ပုံစံပါ။ အောက်ခြေမှာရှိတဲ့ Box တွေကတော့ App ကနေ လုပ်ပေးနိုင်တဲ့ Function တွေပါ။
ဒီပုံမှာ ညာဘက်ဘေးက မလိုချင်တဲ့အပိုင်းကို ဖြတ်ထုတ်ဖို့အတွက် Crop Function ကိုသုံးပါတယ်။ Crop လုပ်တဲ့အခါ မိမိစိတ်တိုင်းကျ ပုံစံအပြင်…