Skip to main content

သမိုင်းကြောင်းကို ဇောက်ထိုးမြေလှန် လုပ်ကြံပြောင်းလဲလိုသူများအား UK ရောက် ကျောင်းသားလူငယ်များ၏ ဆန္ဒပြပွဲ

လန်ဒန်ရောက် မြန်မာကျောင်းသားလူငယ်များဦးဆောင်မှုဖြင့် စစ်အစိုးရ၏ ကျောထောက်နောက်ခံ ခိုင်းဖတ်ဖြစ်သည့် မြန်မာအသင်းကြီး(UK)မှကျင်းပပြုလုပ်မည့် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေး မဲဆွယ်စည်းရုံးပွဲ နှင့် အဆိုပါပွဲသို့ လာရောက်ဖျော်ဖြေသည့် ပြည်သူ့ကျေးဇူးကန်း၊ အမေကျော် ဒွေးတော်လွမ်းနေသည့် (အာရုဏ်ဦးတွင် ဖူးသည့်ကြာ ဇာတ်ကားတွင် သရုပ်ဆောင်ထားကြသည့်)သရုပ်ဆောင်များကို ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ ၂၀၁၀ တွင် ဆန္ဒပြ သပိတ်မှောက်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ယူကေရှိ မြန်မာကျောင်းသားများလူငယ် စုံလင်စွာတက်ရောက်ကြပြီး စစ်အစိုးရဖြုတ်ချရေး ကြွေးကြော်သံများ ဟစ်ကျွေးခြင်း၊ တက်ရောက်လာသည့် ကျောင်းသားများမှ မြန်မာအသင်းကြီး (UK) နှင့် ပက်သက်သည့် ရင်တွင်းစကားများပြောကြားခြင်း၊ အသင်းကြီးနှင့် ပက်သက်သည့် အိတ်ဖွင့်ပေးစာများ ဖတ်ကြားခြင်း၊ ကဗျာရွတ်ဖတ်ခြင်း၊ Signature Campaign ပြုလုပ်ခြင်း စသည့် လှုပ်ရှားမှုများဖြင့် တခဲနက် ဆန္ဒပြခဲ့ကြပါသည်။ ယနေ့ တက်ရောက်အားပေးကြသည့် ရောင်းရင်းများကို ယူကေရောက် မြန်မာကျောင်းသားများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါသည်။ ၈၈၈၈ (ရှစ်လေးလုံး) နှစ်ပတ်လည်နေ့ ဆန္ဒပြပွဲဖြစ်သည့် ၆.၀၈.၂၀၁၀ တွင် ပြန်လည်ဆုံတွေ့ကြပါဦးစို့။



ဆန္ဒပြပွဲ မှတ်တမ်းတင်ဓာတ်ပုံများ (Photo - CMS)

Comments

Popular posts from this blog

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်


Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe

Snapseed Photo Editing App by Google

Google ရဲ့ Snapseed ဆိုတဲ့ Mobile App အကြောင်းနည်းနည်းမျှဝေချင်ပါတယ်။ အဲဒီ App ကို App store မှာရော Play Store မှာပါ နှစ်နေရာလုံး Download လုပ်ယူနိုင်ပါတယ်။ ဓာတ်ပုံပြင်တတ်တဲ့သူတွေအတွက်တော့ အဲဒီ App ဟာ Lightroom အသေးစားလေးလိုပါပဲ။ ကျွန်တော်လည်း တစ်ခါတလေ လမ်းသွားလမ်းလာရင်း ကင်မရာမသယ်ချင်တဲ့အခါမျိုးမှာ ပါလာတဲ့ Mobile Phone (Galaxy Note II) နဲ့ပဲ ရိုက်ဖြစ်ပါတယ်။ Mobile ဖုန်းတွေဟာ DSLR တွေနီးပါး ဓာတ်ပုံတွေကို ဖန်တီးလာနိုင်ပါတယ်။ သို့ပေမယ့် အနည်းငယ် ပြုပြင်ပေးဖို့တော့ လိုပါသေးတယ်။ ဥပမာ အလင်းအမှောင်ချိန်ခြင်း၊ လိုချင်တဲ့ size အရွယ်အစားဖြတ်ယူခြင်း စသည်ဖြင့်ပေါ့။ Snapseed မှာ ဓာတ်ပုံပြင်ရတာလည်း အရမ်းလွယ်ကူပါတယ်။ Street Photo တွေရိုက်တဲ့ ကျွန်တော့်အတွက်တော့ များသောအားဖြင့် Black and White ပြောင်းတဲ့အခါ အဲဒီ App ကို သုံးဖြစ်ပါတယ်။
မိမိပြင်ချင်တဲ့ပုံကို App မှာထည့်လိုက်တဲ့အခါမြင်တွေ့ရမည့်ပုံစံပါ။ အောက်ခြေမှာရှိတဲ့ Box တွေကတော့ App ကနေ လုပ်ပေးနိုင်တဲ့ Function တွေပါ။
ဒီပုံမှာ ညာဘက်ဘေးက မလိုချင်တဲ့အပိုင်းကို ဖြတ်ထုတ်ဖို့အတွက် Crop Function ကိုသုံးပါတယ်။ Crop လုပ်တဲ့အခါ မိမိစိတ်တိုင်းကျ ပုံစံအပြင်…