Skip to main content

မန္တလေးရေဘေးအတွက် လန်ဒန်ရောက် မြန်မာမိသားစုများမှ ပထမအကြိမ် လှူဒါန်ပြီးစီး

အောက်တာဘာလဆန်း ၈ ရက် 2010 နေ့က မြန်မာနိုင်ငံအလယ်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဆည်ရေများဖောက်ချမှုကြောင့် ရေဘေးဒုက္ခခံစားနေရတဲ့ ဒုက္ခသည်များကို ထိရောက်တဲ့အကူအညီများပေးနိုင်ဖို့အတွက် လန်ဒန်ရောက် မြန်မာမိသားစုများထံမှ အောက်တိုဘာ ၁၀ ရက်နေ့မှစတင်ပြီး ရေဘေးကယ်ဆယ်ရေး အလှူငွေများ လိုက်လံကောက်ခံခဲ့ပါတယ်။

ယနေ့ချိန်ထိ လက်ခံရရှိငွေစုစုပေါင်းမှာ £1503 ဖြစ်ပါတယ်။ ပထမအကြိမ် လှူဒါန်းငွေအဖြစ် £1000 (၁၅သိန်း) ကို မန္တလေးရှိ ဗြဟ္မစိုရ်လှူမှုကူညီရေးအသင်း (အလှူငွေ (၇) သိန်း) နှင့် စိတ္တသုခ ပရဟိတ လူငယ် အဖွဲ့သို့ (အလှူငွေ (၈)သိန်း) ယနေ့ (၁၉.၁၀.၂၀၁၀) လှူဒါန်းခဲ့ပါတယ်။ ထိုအလှူငွေများကို လန်ဒန်ရောက် မြန်မာမိသားစုများကိုယ်စား ကိုထင်လင်းအေး၊ ကိုဂျေ နှင့် ကိုညီမင်းစံ တို့မှ သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်။

ဗြဟ္မစိုရ်သို့ ရေဘေးအလှူငွေ (၇) သိန်း လှူဒါန်းစဉ် (19.10.2010)

ဗြဟ္မစိုရ်မှပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ

စိတ္တသုခပရဟိတလူငယ်အဖွဲ့သို့လှူဒါန်းငွေ (၈) သိန်း (19.10.2010)

စိတ္တသုခပရဟိတလူငယ်အဖွဲ့သည် အဖွဲ့အစည်း အကြီးကြီး မဟုတ်ပေမယ့် မန္တလေးနဲ့ မန္တလေး အနီးပတ်ဝန်းကျင် ရေဘေး ဖြစ်တဲ့ နေရာတွေမှာ ထိထိရောက်ရောက် အကူအညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းပါ။

ဒုတိယအကြိမ်အဖြစ်လည်း ကျန်ရှိနေသေးသည့် အလှူငွေ £500 ကျော်အပြင် စေတနာရှင် အလှူရှင်များထံမှလိုက်လံကောက်ခံပြီး လှူဒါန်းသွားမှာဖြစ်တဲ့အတွက် သဒ္ဒါတ၇ားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။

စေတနာသဒ္ဒါတ၇ားထက်သန်စွာ လှူဒါန်းခဲ့ကြတဲ့ ကုသိုလ်ရှင်အပေါင်းအား ရေဘေးဒုက္ခသည်များကိုယ်စား ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်အပ်ပါသည်ခင်ဗျာ။

၁၀.၁၀.၂၀၁၀ မှ ၁၉.၁၀.၂၀၁၀ အထိ အလှူရှင်များ၏ ကုသိုလ်ယူပါဝင်မှု စာရင်းကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်ခင်ဗျာ။


--
လေးစားစွာဖြင့်,

CHAN MYA SOE (a) CMS
www.cmsmdy.blogspot.com
www.facebook.com/chanmyasoe

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...