လန်ဒန်မှာ ဓာတ်ပုံရိုက်ရတာ အနှစ်သက်ဆုံးကတော့ ညပိုင်းအချိန်တွေနဲ့ ရာသီပွဲတော်တွေရှိတဲ့ အချိန်တွေပါပဲ။ ဒါပေမဲ့ သွားရတာဝေးတာရယ် အလုပ်ရှိနေတာရယ်ကြောင့် ညပိုင်းတွေသွားမရိုက်ဖြစ်တာ ကြာပါပြီ။ ညပိုင်းထွက်လိုက်ရင်လည်း တော်ရုံတန်ရုံ အိမ်ပြန်မရောက်ဖြစ်တော့။ ဒီရက်ပိုင်း ညပိုင်းအလုပ်တွေရှိနေမှ ညပိုင်းရိုက်ချင်တဲ့ရောဂါ ထလာပြန်ပါတယ်။ တစ်ရက်လောက်တော့ အေးအေးဆေးဆေးသွားရိုက်ဦးမယ်။ ညပိုင်း ထွက်ရိုက်တိုင်း ဒီ London Eye ကြီးကို အမြဲရိုက်ဖြစ်တယ်။ ဒီတစ်ခါတော့ ကျန်တဲ့နေရာတွေ သွားရိုက်ဦးမယ်။ မြန်မာနိုင်ငံမှာလို သဘာဝအလှအပတွေ သိပ်မရှိတော့ ဓာတ်ပုံရိုက်မယ်ဆိုရင် စက်ရုပ်လို မနားတမ်းအလုပ်လုပ်နေတဲ့ လူတွေရယ်၊ အဆောက်အဦးတွေရယ်၊ ခေတ်အဆက်ဆက် ခိုးလာ တိုက်လာတဲ့ ပစ္စည်းတွေကို သိမ်းထားတဲ့ Museum တွေရယ် ဒါတွေကလွဲလို့ ကျန်တာမရှိ။ ညပိုင်းဓာတ်ပုံတွေ ဆက်ပါဦးမည်။
ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...
Comments
Post a Comment
Thanks for your comment.