Skip to main content

The Sanatan Hindu Mandir Wembley




Hindu တွေရဲ့ ဂုဏ်ယူစရာကောင်းလှတဲ့ ဒီ Temple ကို London ရဲ့ Wembley Area မှာ တွေ့နိုင်ပါတယ်။ တည်ဆောက်မှု ကုန်ကျစရိတ်ဟာ £16m ဖြစ်ပြီး ၁၄ နှစ်ကျော်ကြာ တည်ဆောက်ခဲ့ရပါတယ်။ အလားတူ ပုံတူ temple ကို Leytonstone area မှာလည်း တွေ့ရှိနိုင်ပါတယ်။ Wembley area မှာ ယခုလို Asian လူမျိုးတွေရဲ့ ယဉ်ကျေးမှုအဆောက်အဦးတွေအပြင် ဘောလုံးလောကမှာ ကျော်ကြားလှတဲ့ Wembley ဘောလုံးကွင်းကြီးလည်း တည်ရှိပါတယ်။ Wembley area မှာ India လူမျိုးအများဆုံးနေထိုင်ပြီး ကျွန်တော်တို့ မြန်မာလူမျိုးများ နှစ်သက်လှသော ဟင်းသီးဟင်းရွက်မျိုးစုံ (ဘူးသီး၊ မြင်းခွာရွက်၊ ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ဒန့်ဒလွန်သီး စသည်ဖြင့်) ဝယ်ယူရရှိနိုင်ပါတယ်။ ကွမ်းယာကြိုက်နှစ်သက်သူများအတွက်လည်း အမျိုးစုံလင်လှသော ဆေးမျိုးစုံဖြင့် သုံးဆောင်နိုင်ပါတယ်။ လန်ဒန်မှာ ကွမ်းမရှိဘူးလို့ ပြောလာခဲ့ရင် အဲဒီနေရာတဝိုက်ကိုသာ ခေါ်သွားလိုက်။ အဲဒီ ဧရိယာမှာ ကွမ်းစားပြီး နံရံတွေ လမ်းတွေ ထွေးကြလွန်းလို့ Council ကတောင် ဒဏ်ရိုက်မယ်လို့ သတိပေးတားမြစ်ရတဲ့ အထိပါပဲ။

ယခုလို အခြားဘာသာဝင်တွေရဲ့ Temple အကြီးကြီးတွေကို မြင်တိုင်း ကျွန်တော်တို့ မြန်မာများအတွက် Community Center ကြီးတွေ၊ Buddha Center ကြီးတွေ ဘယ်တော့များမှ ဖြစ်လာပါ့မလဲလို့ စဉ်းစားနေမိတယ်။ ဒါပေမဲ့ ဒီလို Center ကြီးတွေ ဖြစ်လာဖို့ဆိုတာ နေ့ချင်းညချင်းတော့ ဘယ်လွယ်ပါ့မလဲ။ အချိန်တော့ ယူရမပေါ့။ အဓိကတော့ ကျွန်တော်တို့ မြန်မာတွေ ၂ ယောက်ရှိရင် ၃ ဖွဲ့မကွဲဘဲ ညီညွတ်ကြဖို့ပဲ လိုတယ်မဟုတ်ပါလားဗျာ။

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...