Skip to main content

ဒုတိယ အကြိမ်မြောက် ရံသီ သာသနာပြုအသင်းများ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲ ဖိတ်ကြားလွှာ

ဆရာတော် ဦးဥတ္တရ ဦးဆောင်၍ လန်ဒန်မြို့ သာသနာရံသီ ဝိဟာရ သာသနာပြုအသင်းကြီးမှ ကြီးမှူးကျင်းပသော ဥရောပနိုင်ငံများရှိ ရံသီကျောင်း ဒါယကာဒါယိကာမများ ဒုတိယ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို အောက် ဖေါ်ပြပါနေရာ၌ ကျင်းပမည်ဖြစ်ပါသည်။

ထိုဆွေးနွေးပွဲတွင် ဥရောပနိုင်ငံများရှိ ရံသီကျောင်းများ၏ သာသနာပြုအသင်းများမှ ဘာသာ သာသနာရေး ဆောင်ရွက်ကြပုံများနှင့် လန်ဒန်မြို့တွင် အသစ်တည်ဆောက်မည့် ရံသီ ဗုဒ္ဓစင်တာကြီးဖြစ်မြောက်ရေး အတွက် ရှေ့လုပ်ငန်းစဉ်များကို နှီးနှောဖလှယ် ဆွေးနွေးကြမည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ သာသနရံသီ ဝိဟာရ၏ ကျောင်းဒါယကာဒါယိကာမများ ၊ ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများ၊ ပုညသဟာယ ( ကုသိုလ် ပြုဖက်မိတ်ဆွေများ) အသင်းသူအသင်းသားများ နှင့် သာသနရံသီ ဝိဟာရ သာသနာပြု အသင်း၏လုပ်ငန်းစဉ်များကို အားပေးထောက်ပံ့ ကူညီလှူဒါန်းခဲ့ကြသော အလှူရှင် ဒါယကာဒါယိကာမများအား ထိုဆွေးနွေးပွဲသို့ ကြွရောက်အားပေးကြပါရန် သာသနရံသီ ဂေါပကအဖွဲ့နှင့် ဖြစ်မြောက်ရေးကော်မတီမှ လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။

ကြွရောက်လာကြသော ဧည့်ပရိတ်သတ် တို့အား ရွာစားကျော် ရန်ကုန် သီရိမောင်မောင် မင်္ဂလာဆိုင်းအဖွဲ့တို့နှင့် ဧည့်ခံဖျော်ဖြေပြီး နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးပါမည်။

 နေရာ။ ။ COPTHALL SCHOOL, PURSLEY ROAD, MILL HILL, NW7 2EP
အချိန်။ ။ 12pm to 3:30pma
နေ့ရက်။ ။ 07/ 07/ 2012 (Saturday)

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။